တာခ်ီလိတ္ၿမိဳ႕တြင္းရိွေနအိမ္တစ္လံုးမွ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ိဳးစံု ဖမ္းဆီးရမိၿပီး ေနအိမ္ပိုင္ရွင္ လြတ္ေျမာက္ေန

တာခ်ီလိတ္ၿမိဳ႕တြင္းရိွေနအိမ္တစ္လံုးမွ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ိဳးစံု ဖမ္းဆီးရမိၿပီး ေနအိမ္ပိုင္ရွင္ လြတ္ေျမာက္ေန
ဇွန် 23, 2019
By 🌸
ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ေနအိမ္တစ္လံုးတြင္၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔ နံနက္အေစာပိုင္းက ဝင္ေရာက္စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို အိမ္ေစာင့္အမ်ိဳးသားႏွစ္ဦးႏွင့္ ဖမ္းမိၿပီး အိမ္ရွင္မွာ လြတ္ေျမာက္ေနေၾကာင္း သိရသည္။

ေဆခမ္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရိွ ညီညီႏုိင္၏ေနအိမ္အား မူးယစ္တပ္ဖြဲ႕စု(၃၀)ဦးစီးၿပီး သက္ဆုိင္ရာရဲတပ္ဖြဲ႕မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္အားမေတြ႔ရဘဲ အိမ္ေစာင့္အမ်ိဳးသားနွစ္ဦးျဖစ္သည့္ စိုင္းဆုိင္မုိင္းႏွင့္ အုိက္ဝမ္းတုိ႔အား ေတြ႔ရေၾကာင္း သိရသည္။

ေနအိမ္အတြင္းရွာေဖြရာ စိတ္ၾကြေဆးျပား (၁၄၀၀)ျပား၊ ဘိန္းျဖဴ (၆၆၀)ဂရမ္၊ အိုက္စ္(၂၇၅)ဂရမ္ခန္႔၊ ကဖင္း (၄၇၃)ဂရမ္ခန္႔၊ 9 မမ Cal အမ်ိဳးအစားေသနတ္(၁)လက္၊ M 22 အမ်ိဳးအစား မွန္ဘီလူးပါေသနတ္(၁)လက္၊ HK 33 အမ်ိဳးအစား ေသနတ္(၁)လက္၊ ပိြဳင့္ 22 အမ်ိဳးအစားမွန္ဘီလူးပါ ေသနတ္(၂)လက္၊ စႏုိက္ပါအမ်ိဳးအစား မွန္ဘီလူးႏွင့္ေဒါက္ပါေသနတ္(၁)လက္၊ Glock 19 အမ်ိဳးအစား ပစၥတိုေသနတ္ (၂)လက္၊ KIMBER ULTRA 2 အမ်ိဳးအစား ပစၥတိုေသနတ္ (၁)လက္၊SMITH & WESSON MP 9 အမိ်ဳးအစားပစၥတိုေသနတ္(၁)လက္၊ BERETTA 9 MM အမ်ိဳးအစားပစၥတိုေသနတ္ (၁)လက္၊ AIFA COMBAT 9 MM အမ်ိဳးအစား ပစၥတိုေသနတ္(၁)လက္၊ ပိြဳင့္ 38 MM အမ်ိဳးအစားပစၥတိုေသနတ္(၁)လက္၊ 12 ဗို႔က်ည္ တစ္လံုးထိုးေသနတ္အတို (၁)လက္၊ပိြဳင့္ 45 က်ည္ (၅၃)ေတာင့္၊ ပြိဳင့္ 22 က်ည္ (၄၇၂)ေတာင့္၊ပိြဳင့္ (၃၈)က်ည္ (၅၅)ေတာင့္၊စႏုိက္ပါက်ည္(၄၆)ေတာင့္၊ ၁၂ ဗို႔က်ည္ (၂၅)ေတာင့္၊ 9 M က်ည္(၂၂၁)ေတာင့္၊M 22 က်ည္ (၉၅)ေတာင့္၊ 5.56 က်ည္ (၃၁)ေတာင့္၊ 7.62 က်ည္ (၄၀၀)ေတာင့္၊ ပိြဳင့္ ၂၂ က်ည္ေဘာက္ (၈)ခု၊ M 22 က်ည္ေဘာက္ (၄)ခု၊ အူဇီက်ည္ေဘာက္ (၃)ခု၊ 9 M က်ည္ေဘာက္ (၁၆)ခု၊ 5.56 က်ည္ေဘာက္ (၁)ခု၊ Armacor ပိြဳင့္ ၄၅ ေသနတ္တစ္လက္၊ က်ည္အိမ္(၂)ခုႏွင့္ က်ည္ (၈)ေတာင့္ကို သိမ္းဆည္းရမိၿပီး လက္နက္အမ်ားစုတြင္ နံပါတ္မ်ားပါဝင္ေၾကာင္း သိရသည္။

မီးခံေသတၱာအတြင္းမွ ေရႊရည္စိမ္ႏွင့္ ေငြထည္လက္ဝတ္ရတနာမ်ား၊ ေက်ာက္အရိုင္းေရာရာမ်ိဳးစံု၊ ေရႊႏွင့္ေက်ာက္ေရာရာ ေရႊထည္အေလးခ်ိန္စုစုေပါင္း (၈၅၈.၆)ဂရမ္ခန္႔၊ စိုင္းညီညီႏုိင္အမည္ျဖင့္ ဟိုမိန္းျပည္သူ႔စစ္ဌာနအဖြဲ႕၏ ကဒ္တစ္ခု၊ ေဒၚနန္းရွီးေဖာင္းအမည္ႏွင့္ ဘဏ္ေငြစုစာအုပ္ႏွင့္ ေနအိမ္ၿခံဝန္းအတြင္းမွ Crown အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္ (၁)စီး၊ Canda အမ်ိဳးအစား အနက္ေရာင္ဆုိင္ကယ္ (၁)စီး၊ Honda Wave 110 အမ်ိဳးအစား ျဖဴျပာေရာင္ဆုိင္ကယ္(၁)စီးႏွင့္ Hummer H2 အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ (၁)စီးတုိ႔ကိုလည္း သိမ္းဆည္းထားေၾကာင္း သိရသည္။

အဆိုပါေနအိမ္မွ မူးယစ္ေဆးဝါး၊ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိထားသူႏွစ္ဦးကို စစ္ေဆးေနဆဲျဖစ္ၿပီး လြတ္ေျမာက္ေနသူမ်ားကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင်းရှိနေအိမ်တစ်လုံးမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းမျိုးစုံ ဖမ်းဆီးရမိပြီး နေအိမ်ပိုင်ရှင် လွတ်မြောက်နေ
**************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နေအိမ်တစ်လုံးတွင်၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို အိမ်စောင့်အမျိုးသားနှစ်ဦးနှင့် ဖမ်းမိပြီး အိမ်ရှင်မှာ လွတ်မြောက်နေကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ညီညီနိုင်၏နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)ဦးစီးပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်အားမတွေ့ရဘဲ အိမ်စောင့်အမျိုးသားနှစ်ဦးဖြစ်သည့် စိုင်းဆိုင်မိုင်းနှင့် အိုက်ဝမ်းတို့အား တွေ့ရကြောင်း သိရသည်။

နေအိမ်အတွင်းရှာဖွေရာ စိတ်ကြွဆေးပြား (၁၄၀၀)ပြား၊ ဘိန်းဖြူ (၆၆၀)ဂရမ်၊ အိုက်စ်(၂၇၅)ဂရမ်ခန့်၊ ကဖင်း (၄၇၃)ဂရမ်ခန့်၊ 9 မမ Cal အမျိုးအစားသေနတ်(၁)လက်၊ M 22 အမျိုးအစား မှန်ဘီလူးပါသေနတ်(၁)လက်၊ HK 33 အမျိုးအစား သေနတ်(၁)လက်၊ ပွိုင့် 22 အမျိုးအစားမှန်ဘီလူးပါ သေနတ်(၂)လက်၊ စနိုက်ပါအမျိုးအစား မှန်ဘီလူးနှင့်ဒေါက်ပါသေနတ်(၁)လက်၊ Glock 19 အမျိုးအစား ပစ္စတိုသေနတ် (၂)လက်၊ KIMBER ULTRA 2 အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊SMITH & WESSON MP 9 အမျိုးအစားပစ္စတိုသေနတ်(၁)လက်၊ BERETTA 9 MM အမျိုးအစားပစ္စတိုသေနတ် (၁)လက်၊ AIFA COMBAT 9 MM အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ပွိုင့် 38 MM အမျိုးအစားပစ္စတိုသေနတ်(၁)လက်၊ 12 ဗို့ကျည် တစ်လုံးထိုးသေနတ်အတို (၁)လက်၊ပွိုင့် 45 ကျည် (၅၃)တောင့်၊ ပွိုင့် 22 ကျည် (၄၇၂)တောင့်၊ပွိုင့် (၃၈)ကျည် (၅၅)တောင့်၊စနိုက်ပါကျည်(၄၆)တောင့်၊ ၁၂ ဗို့ကျည် (၂၅)တောင့်၊ 9 M ကျည်(၂၂၁)တောင့်၊M 22 ကျည် (၉၅)တောင့်၊ 5.56 ကျည် (၃၁)တောင့်၊ 7.62 ကျည် (၄၀၀)တောင့်၊ ပွိုင့် ၂၂ ကျည်ဘောက် (၈)ခု၊ M 22 ကျည်ဘောက် (၄)ခု၊ အူဇီကျည်ဘောက် (၃)ခု၊ 9 M ကျည်ဘောက် (၁၆)ခု၊ 5.56 ကျည်ဘောက် (၁)ခု၊ Armacor ပွိုင့် ၄၅ သေနတ်တစ်လက်၊ ကျည်အိမ်(၂)ခုနှင့် ကျည် (၈)တောင့်ကို သိမ်းဆည်းရမိပြီး လက်နက်အများစုတွင် နံပါတ်များပါဝင်ကြောင်း သိရသည်။

မီးခံသေတ္တာအတွင်းမှ ရွှေရည်စိမ်နှင့် ငွေထည်လက်ဝတ်ရတနာများ၊ ကျောက်အရိုင်းရောရာမျိုးစုံ၊ ရွှေနှင့်ကျောက်ရောရာ ရွှေထည်အလေးချိန်စုစုပေါင်း (၈၅၈.၆)ဂရမ်ခန့်၊ စိုင်းညီညီနိုင်အမည်ဖြင့် ဟိုမိန်းပြည်သူ့စစ်ဌာနအဖွဲ့၏ ကဒ်တစ်ခု၊ ဒေါ်နန်းရှီးဖောင်းအမည်နှင့် ဘဏ်ငွေစုစာအုပ်နှင့် နေအိမ်ခြံဝန်းအတွင်းမှ Crown အမျိုးအစား ခဲရောင်မော်တော်ယာဉ် (၁)စီး၊ Canda အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ Honda Wave 110 အမျိုးအစား ဖြူပြာရောင်ဆိုင်ကယ်(၁)စီးနှင့် Hummer H2 အမျိုးအစား အဖြူရောင်မော်တော်ယာဉ် (၁)စီးတို့ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါနေအိမ်မှ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားသူနှစ်ဦးကို စစ်ဆေးနေဆဲဖြစ်ပြီး လွတ်မြောက်နေသူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net