ဥပေဒအရခြင့္ျပဳမထားသည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႕မ်ား ရွိေန

ဥပေဒအရခြင့္ျပဳမထားသည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႕မ်ား ရွိေန
ဇွန် 21, 2019
By 🌸
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႕အမည္ျဖင့္ၿမိဳ႕နယ္အခ်ိဳ႕တြင္ ရံုးခန္းမ်ားဖြင့္လွစ္ေဆာင္ရြက္ေနျခင္းမွာ ဥပေဒအရခြင့္ျပဳထားျခင္းမရွိေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္လိုက္သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ လုပ္ငန္းေဆာင္ရြက္ခြင့္ရွိသည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို ေနျပည္ေတာ္တြင္ ရံုးခန္းဖြင့္လွစ္ထားၿပီး ရံုးခြဲမ်ားကို ရန္ကုန္ႏွင့္ မႏၲေလးတြင္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပါ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို အဆိုပါဥပေဒအရဖြဲ႕စည္းထားသည့္ ေကာ္မရွင္ကသာ က်င့္သံုးခြင့္ရွိျခင္းျဖစ္ရာ ေကာ္မရွင္မွလြဲ၍ အျခားအဖြဲ႕အစည္းမ်ားအေနျဖင့္ က်င့္သံုးေဆာင္ရြက္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

ေကာ္မရွင္က သတင္းထုတ္ျပန္ခ်က္ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

Tachileik News Agency 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဥပဒေအရခွင့်ပြုမထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ ရှိနေ
**********
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အမည်ဖြင့်မြို့နယ်အချို့တွင် ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ ဥပဒေအရခွင့်ပြုထားခြင်းမရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ လုပ်ငန်းဆောင်ရွက်ခွင့်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး ရုံးခွဲများကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အဆိုပါဥပဒေအရဖွဲ့စည်းထားသည့် ကော်မရှင်ကသာ ကျင့်သုံးခွင့်ရှိခြင်းဖြစ်ရာ ကော်မရှင်မှလွဲ၍ အခြားအဖွဲ့အစည်းများအနေဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ကော်မရှင်က သတင်းထုတ်ပြန်ချက်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net