နယ္စပ္ေဒသမ်ားမွ ထုိင္းႏုိင္ငံတြင္း တင္သြင္းလာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား သန္း (၂၀၀)နီးပါးကို (၇)လအတြင္းဖမ္းမိ

နယ္စပ္ေဒသမ်ားမွ ထုိင္းႏုိင္ငံတြင္း တင္သြင္းလာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား သန္း (၂၀၀)နီးပါးကို (၇)လအတြင္းဖမ္းမိ
ဇွန် 10, 2019
By 🌸
ထိုင္းႏုိင္ငံအတြင္း ျမန္မာနယ္စပ္ဘက္မွ မူးယစ္ေဆးသယ္ပို႔ေနသည့္လမ္းေၾကာင္းတြင္ ဖမ္းဆီးမႈမ်ားလာသျဖင့္ လာအိုဘက္မွတစ္ဆင့္ သယ္ပို႔သည့္လမ္းေၾကာင္းကိုေျပာင္းလာၿပီး ထိုင္းႏုိင္ငံ နယ္ေျမ (၅)တြင္ (၇)လတာကာလအတြင္း စိတ္ၾကြေဆးျပား သန္း(၂၀၀)နီးပါး ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ နယ္ေျမ(၅)ဧရိယာအတြင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၁၉ ခုႏွစ္ ေမလအထိ စိတ္ၾကြေဆးျပား(၁၉၆)သန္းေက်ာ္ကို ဖမ္းဆီးရမိထားၿပီး ဇြန္လ (၈)ရက္ေန႔ ညေန (၃)နာရီခြဲဝန္းက်င္က ထိုင္းႏုိင္ငံသားႏွစ္ဦး ေမာ္ေတာ္ယာဥ္ စပီကာအတြင္း သိုဝွက္၍သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၉၆၂၀၀၀)ကို ထပ္မံဖမ္းဆီးရမိထားျခင္းျဖစ္သည္။

အဆိုပါစိတ္ၾကြရူးသြပ္ေဆးျပားမ်ားကို မယ့္ဖားလံုတြင္ေနထုိင္သည့္ အသက္(၂၆)ႏွစ္အရြယ္ အမ်ိဳးသားႏွင့္ ခ်င္းဆဲန္တြင္ေနထုိင္သည့္ အသက္ (၂၁)ႏွစ္အရြယ္ အမ်ိဳးသားတို႔က လာအိုႏိုင္ငံဘက္မွ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

မူးယစ္ေမွာင္ခိုမ်ားသည္ ယခင္က နယ္စပ္ေဒသမွတစ္ဆင့္ ထုိင္းႏုိင္ငံ အေနာက္ေျမာက္ပိုင္းေဒသမ်ားသို႔ သယ္ပို႔သည့္လမ္းေၾကာင္းကို အသံုးျပဳေသာ္လည္း အဆိုပါလမ္းေၾကာင္းရိွ နယ္ေျမ(၅)ေဒသတြင္ စစ္ေဆးေရးဂိတ္မ်ားကို (၇၉)ခုအထိ တိုးျမႇင့္ဖမ္းဆီးေနရာ လာအိုႏုိင္ငံဘက္မွတစ္ဆင့္ ထုိင္းႏုိင္ငံ အေရွ႕ေျမာက္ပိုင္းသို႔ သယ္သည့္လမ္းေၾကာင္းကို ေျပာင္းလဲလာေၾကာင္း ဇြန္လ (၉)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ထုိင္းရဲတပ္ဖြဲ႕က ေျပာၾကားထားသည္။

 Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နယ်စပ်ဒေသများမှ ထိုင်းနိုင်ငံတွင်း တင်သွင်းလာသည့် စိတ်ကြွရူးသွပ်ဆေးပြား သန်း (၂၀၀)နီးပါးကို (၇)လအတွင်းဖမ်းမိ
*************
ထိုင်းနိုင်ငံအတွင်း မြန်မာနယ်စပ်ဘက်မှ မူးယစ်ဆေးသယ်ပို့နေသည့်လမ်းကြောင်းတွင် ဖမ်းဆီးမှုများလာသဖြင့် လာအိုဘက်မှတစ်ဆင့် သယ်ပို့သည့်လမ်းကြောင်းကိုပြောင်းလာပြီး ထိုင်းနိုင်ငံ နယ်မြေ (၅)တွင် (၇)လတာကာလအတွင်း စိတ်ကြွဆေးပြား သန်း(၂၀၀)နီးပါး ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်မြေ(၅)ဧရိယာအတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ စိတ်ကြွဆေးပြား(၁၉၆)သန်းကျော်ကို ဖမ်းဆီးရမိထားပြီး ဇွန်လ (၈)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က ထိုင်းနိုင်ငံသားနှစ်ဦး မော်တော်ယာဉ် စပီကာအတွင်း သိုဝှက်၍သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၉၆၂၀၀၀)ကို ထပ်မံဖမ်းဆီးရမိထားခြင်းဖြစ်သည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို မယ့်ဖားလုံတွင်နေထိုင်သည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားနှင့် ချင်းဆဲန်တွင်နေထိုင်သည့် အသက် (၂၁)နှစ်အရွယ် အမျိုးသားတို့က လာအိုနိုင်ငံဘက်မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မူးယစ်မှောင်ခိုများသည် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းဒေသများသို့ သယ်ပို့သည့်လမ်းကြောင်းကို အသုံးပြုသော်လည်း အဆိုပါလမ်းကြောင်းရှိ နယ်မြေ(၅)ဒေသတွင် စစ်ဆေးရေးဂိတ်များကို (၇၉)ခုအထိ တိုးမြှင့်ဖမ်းဆီးနေရာ လာအိုနိုင်ငံဘက်မှတစ်ဆင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းသို့ သယ်သည့်လမ်းကြောင်းကို ပြောင်းလဲလာကြောင်း ဇွန်လ (၉)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

 Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net