တာခ်ီလိတ္ၿမိဳ႕အထြက္ စစ္ဗ်ဴဟာကုန္းေရွ႕ လမ္းေဘးတြင္ ရပ္ထားသည့္ ကုန္တင္ယာဥ္အား ၀င္တိုက္မိ၍ ဆိုင္ကယ္ေမာင္းလာသူ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕အထြက္ စစ္ဗ်ဴဟာကုန္းေရွ႕ လမ္းေဘးတြင္ ရပ္ထားသည့္ ကုန္တင္ယာဥ္အား ၀င္တိုက္မိ၍ ဆိုင္ကယ္ေမာင္းလာသူ ေသဆံုး
ဇွန် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အထြက္တြင္ လမ္းေဘးရပ္ထားသည့္ ကုန္တင္ယာဥ္အား ဆိုင္ကယ္ျဖင့္ ေနာက္မွဝင္တုိက္မိ၍ အမ်ိဳးသားတစ္ဦး ေနရာတြင္ ေသဆံုးသြားမႈ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃၀)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း  သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မွ မယ္ယန္းဘက္သို႔ သြားရာလမ္း စစ္ဗ်ဴဟာကုန္းေရွ႕တြင္ ယာဥ္တုိက္မႈျဖစ္ပြားရာသို႔ လူနာသယ္ေဆာင္ေပးရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းထံ ည(၈)နာရီခြဲက ဖုန္းဆက္အကူအညီေတာင္းလာသျဖင့္ သြားေရာက္ကူညီရာ အခင္းျဖစ္ေနရာတြင္ ေသဆံုးေနသည့္ ဆိုင္ကယ္ေမာင္းသူ ေတြ႔ရ၍ ေသဆံုးေနသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ သယ္ေဆာင္ကာ ပို႔ေဆာင္ေပးခဲ့ေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းထံက သိရသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆး မွတ္တမ္းယူၿပီးေနာက္ ေသဆံုးသြားသည့္ ဆုိင္ကယ္ေမာင္းသူမွာ မည္သူမည္ဝါျဖစ္သည္ကို အတည္ျပဳႏုိင္ရန္ ရဲတပ္ဖဲြ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အထွက်တွင် လမ်းဘေးရပ်ထားသည့် ကုန်တင်ယာဉ်အား ဆိုင်ကယ်ဖြင့် နောက်မှဝင်တိုက်မိ၍ အမျိုးသားတစ်ဦး နေရာတွင် သေဆုံးသွားမှု ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မှ မယ်ယန်းဘက်သို့ သွားရာလမ်း စစ်ဗျူဟာကုန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာသို့ လူနာသယ်ဆောင်ပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းထံ ည(၈)နာရီခွဲက ဖုန်းဆက်အကူအညီတောင်းလာသဖြင့် သွားရောက်ကူညီရာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည့် ဆိုင်ကယ်မောင်းသူ တွေ့ရ၍ သေဆုံးနေသူ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ သယ်ဆောင်ကာ ပို့ဆောင်ပေးခဲ့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေး မှတ်တမ်းယူပြီးနောက် သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net