ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမွာ ယခုႏွစ္၏ (၆)လအတြင္း (၁၀၉၆)ဦးရွိေန

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမွာ ယခုႏွစ္၏ (၆)လအတြင္း (၁၀၉၆)ဦးရွိေန
ဇွန် 30, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၁) ရက္ေန႔မွ ဇြန္လ(၃၀)ရက္ေန႔အထိ တာခ်ီလိတ္ၿမို႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတားမွ တဆင့္ ျပန္လည္လႊဲေျပာင္းေပးရာတြင္ စုစုေပါင္း (၁၀၀၀) ေက်ာ္ရိွေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရြ႕ေျပာင္းလုပ္သား အမ်ိဳးသား (၆၉၉) ဦး ႏွင့္  အမ်ိဳးသမီး (၃၆၁) ဦး အျပင္ကေလး (၃၆) ဦး စုစုေပါင္း (၁၀၉၆) ဦးရိွေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ အခ်ိန္မ်ားတြင္ တစ္ခါတစ္ရံု၌ ျမန္မာႏိုင္ငံသားမဟုတ္သူမ်ားလည္း ပါ၀င္သည္မ်ားရွိသည့္အတြက္ ေသခ်ာစြာ စိစစ္ၿပီးမွ လႊဲေျပာင္းလက္ခံေလ့ရွိေၾကာင္း သိရသည္။

"အၿမဲတမ္းေတာ့မဟုတ္ဘူးဗ်၊ တစ္ခါတစ္ေလေပါ့ လူမ်ားမ်ား လႊဲလာတဲ့အခ်ိန္ဆို ပါလာတတ္တယ္ အဲ့ဒီအခ်ိန္ဆို သတိထားၿပီး စိစစ္ရတယ္၊ တစ္ခါတုန္းကဆိုရင္ ဘာအေထာက္အထားမွ မျပႏိုင္တဲ့ ဘဂၤလီေတြ ပါလာတာလဲ ရွိသလို၊ လာအိုႏုိင္ငံသားေတြ ပါလာတာလည္းရွိတယ္၊ အဲ့လို စိစစ္ေတြ႔ရွိတဲ့အခါဆိုရင္ ကြ်န္ေတာ္တုိ႔ က ခ်က္ျခင္းပဲ လာလႊဲတဲ့ထိုင္းအဖြဲ႔ကို ျပန္အပ္ေပးလိုက္တာေတြရွိခဲ့ဖူးပါတယ္"ဟု လႊဲေျပာင္းလက္ခံေရးအဖြဲ႔မွ အဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ တဆင့် ပြန်လည်လွှဲပြောင်းပေးရာတွင် စုစုပေါင်း (၁၀၀၀) ကျော်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိူးမျိူးကြောင့် ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သား အမျိုးသား (၆၉၉) သီး နှင့် အမျိုးသမီး (၃၆၁) ဦး အပြင်ကလေး (၃၆) ဦး စုစုပေါင်း (၁၀၉၆) ဦးရှိကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် အချိန်များတွင် တစ်ခါတစ်ရုံ၌ မြန်မာနိုင်ငံသားမဟုတ်သူများလည်း ပါဝင်သည်များရှိသည့်အတွက် သေချာစွာ စိစစ်ပြီးမှ လွှဲပြောင်းလက်ခံလေ့ရှိကြောင်း သိရသည်။

"အမြဲတမ်းတော့မဟုတ်ဘူးဗျ၊ တစ်ခါတစ်လေပေါ့ လူများများ လွှဲလာတဲ့အချိန်ဆို ပါလာတတ်တယ် အဲ့ဒီအချိန်ဆို သတိထားပြီး စိစစ်ရတယ်၊ တစ်ခါတုန်းကဆိုရင် ဘာအထောက်အထားမှ မပြနိုင်တဲ့ ဘင်္ဂလီတွေ ပါလာတာလဲ ရှိသလို၊ လာအိုနိုင်ငံသားတွေ ပါလာတာလည်းရှိတယ်၊ အဲ့လို စိစစ်တွေ့ရှိတဲ့အခါဆိုရင် ကျွန်တော်တို့ က ချက်ခြင်းပဲ လာလွှဲတဲ့ထိုင်းအဖွဲ့ကို ပြန်အပ်ပေးလိုက်တာတွေရှိခဲ့ဖူးပါတယ်"ဟု လွှဲပြောင်းလက်ခံရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net