တာချီလိတ်မြို့ ရေပေးဝေရေးလုပ်ငန်းကြောင့် ပျက်စီးသွားသည့်လမ်းများကို ပြုပြင်ရန်တာဝန်ရှိသည့် ကုမ္ပဏီတွင် နည်းပညာအခက်အခဲရှိ၍ စည်ပင်အကူအညီဖြင့် ပြုပြင်နေ
တာချီလိတ်မြို့ ရေပေးဝေရေးလုပ်ငန်းကြောင့် ပျက်စီးသွားသည့်လမ်းများကို ပြုပြင်ရန်တာဝန်ရှိသည့် ကုမ္ပဏီတွင် နည်းပညာအခက်အခဲရှိ၍ စည်ပင်အကူအညီဖြင့် ပြုပြင်နေ
ဇှနျ 18, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ရှမ်းအရှေ့ရေပေးဝေရေးကုမ္ပဏီ တို့စာချုပ်ချုပ်ဆိုရာတွင် ရေပိုက်လိုင်းများမြှပ်နှံရာ၌ မူလရှိနေသည့်လမ်းများပျက်စီးသွားပါက မူလအတိုင်းပြန်လည်ပြင်ဆင်ပေးရန်၊ မြို့တွင်းဖြတ်သန်းစီးဆင်းနေသည့် ချောင်း၊ မြောင်းများနှင့် ရေထုတ်မြောင်းများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရန်စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း ရေပေးဝေရေးအတွက် စည်ပင်သာယာရေးဌာနနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ရေပိုက်လိုင်းများတူးဖေါ်မြုပ်နှံထားခဲ့သည့် မြို့တွင်းလမ်းများတွင် လမ်းသားပျက်စီးမှုများ ဖြစ်နေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရေပေးဝေရေးလုပ်ငန်းများအတွက် မြို့တွင်းလမ်းများတွင် ရေပိုက်လိုင်းများမြှုပ်နှံရာ၌ ပျက်စီးသွားသည့်လမ်းများကို မူလအတိုင်းပြန်လည်ပြင်ဆင်ရန် ကုမ္ပဏီတွင်တာဝန်ရှိနေသော်လည်း ကတ္တရာလမ်းခင်းရန် နည်းပညာအခက်အခဲကြောင့် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း သိရသည်။
"လုပ်ငန်းသဘောသဘာဝအရ ပိုက်တွေကို မြို့တွင်းလမ်းတွေကို ဖြတ်သန်းရပါတယ်။ ပိုက်တွေကို လမ်းပေါ်မှာထားလို့ မရတဲ့အတွက် ပိုက်တွေကို မြကြေီးထဲမှာ တူးဖော်ပြီးမြှုပ်ရပါတယ်။ လမ်းတွေမှာ မြကြေီးကျန်တဲ့လမ်းတွေကို တူးဖော်ပေမယ်လို့ တစ်ချို့လမ်းတွေမှာ လမ်းဧရိယာဆုံးသွားတဲ့အတွက် လမ်းတွေကိုမဖြစ်မနေတူးဖော်ရပါတယ်။ အခုတူး၊ အခုပြန်ဖို့၊ အခုကတ္တရာခင်း အဆင်မပြေပါဘူး။ မြေသားသေသွားပြီဆိုရင် မြေသားနေရာမှာဆို ကွန်ကရိ၊ ကတ္တရာနေရာမှာဆို ကတ္တရာပြန်ခင်းပေးရပါမယ်။ ရေပေးေဝရေးကို ကုမ္ပဏီကလုပ်တယ်ဆိုပေမယ်လို့ မြို့တွင်းလမ်းတွေပေါ်မှာ ဆောင်ရွက်နေတာဖြစ်လို့ ဌာနအနေနဲ့ ကုမ္ပဏီနဲ့ ပေါင်းစပ်ပြီးဆောင်ရွက်ရတာတွေရှိပါတယ်။ ကတ္တရာလမ်းပါသွားလို့ ကတ္တရာ ပြန်ခင်းရမယ်ဆိုရင် ကုမ္ပဏီကနေကတ္တရာခင်းတဲ့ကျွမ်းကျင်လုပ်သားမရှိတာကြောင့် ဌာနကနေခင်းပေးပါတယ်။ ကုန်ကျစရိတ်ကိုတော့ ကုမ္ပဏီကနေကျခံပေးရမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
မြို့တွင်းလမ်းများတွင် အချို့လမ်းများကိုပြန်လည်ခင်းကျင်းခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်သော်လည်း ကတ္တရာလမ်းများတွင် မြေသားသေရန်စောင့်ဆိုင်းရပြီး ကျောက်ကြမ်းခင်းကျင်းမှုများဆောင်ရွက်ပြီးမှသာ ကတ္တရာ ခင်းကျင်းမှုကို ထပ်မံလုပ်ဆောင်ရသဖြင့် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ရှမ်းအရှေ့ရေပေးေဝရေးကုမ္ပဏီ တို့စာချုပ်ချုပ်ဆိုရာတွင် ရေပိုက်လိုင်းများမြှပ်နှံရာ၌ မူလရှိနေသည့်လမ်းများပျက်စီးသွားပါက မူလအတိုင်းပြန်လည်ပြင်ဆင်ပေးရန်၊ မြို့တွင်းဖြတ်သန်းစီးဆင်းနေသည့် ချောင်း၊ မြောင်းများနှင့် ရေထုတ်မြောင်းများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရန်စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ ပိုက်ဖြတ်ပြီးသားလမ်းတွေဆို ပြည်သူတွေသွားလာရလွယ်ကူအောင် အမြန်ဆုံးမြေသားတွေဖို့ပြီးတော့ သံပြားတွေဖုံးအုပ်ပြီးတော့ အမြန်ဆုံးသွားလို့ရအောင်စီစဉ်ပေးတာတွေရှိပါတယ်။ တာချီလိတ်မြို့တွင်းကရပ်ကွက်တွေကို ကြည့်ရင် လမ်းသားအမျိုးအစားအများကြီးတွေ့ရပါတယ်။ ကတ္တရာလမ်းတွေရှိတယ်၊ ကွန်ကရိလမ်းတွေရှိတယ်၊ ကျောက်ခင်းလမ်းတွေရှိတယ်၊ မြေသားလမ်းတွေရှိတာပေါ့။ ကျွန်တော်တို့တူးတယ်၊ ပိုက်ချတယ်၊ မြေသားကိုအမြန်ဆုံးပြန်ဖုံးတယ်။ ကွန်ကရိလမ်းတွေခင်းတဲ့အချိန်မှာ မြေသားသိပ်အောင် (၂)ရက်၊ (၃) ရက်အချိန်ယူရတာပေါ့။ မြေသားမသိပ်ဘဲနဲ့ ကွန်ကရိတွေခင်းလိုက်မယ်ဆိုရင် ကားကြီးတွဖြေတ်တာပဲဖြစ်ဖြစ်၊ ယာဉ်ယန္တယားတွဖြေတ်တာပဲဖြစ်ဖြစ် ကျွံကျမှုတွေ ဖြစ်တတ်ပါတယ်။ ကွန်ကရိလမ်းတွေဆိုရင် သူ့မူလအတိုင်းပြန်ဖြစ်အောင် မြန်မြန်ဆန်ဆန်ခင်းပေးပါတယ်။ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်တာက ကတ္တရာပေါ့။ မြို့တွင်းလမ်းတော်တော်များများက ကတ္တရာလမ်းတွဖြေစ်နေတယ်။ ကျွမ်းကျင်လုပ်သားမရှိတဲ့အတွက် စည်ပင်နဲ့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။ စည်ပင်မှာလည်း ဘဏ္ဍာနှစ်အလိုက်ခင်းရတဲ့လမ်းတွေရှိနေတယ်။ အခြားလမ်းတွေလည်းရှိနေတော့ ပိုက်လိုင်းဖြတ်သန်းတဲ့လမ်းတွေမှာ ပြန်ခင်းဖို့ ကြန့်ကြာမှုလေးတွေရှိနေတာပေါ့။ ပြည်သူတွေကို ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ လုပ်ထားတဲ့လမ်းတွေက ဒီတိုင်းကျန်ခဲ့မှာ မဟုတ်ပါဘူး။ နဂိုရှိတဲ့အတိုင်းပြန်လုပ်ပေးဖို့ရှိပါတယ်"ဟု တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီ(Tess Water )မှ အထွေထွေမန်နေဂျာ ဦးနေအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့တွင်း ရေပေးဝေရေးအတွက် စည်ပင်သာယာရေးဌာနနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နကြခြေင်းဖြစ်ပြီး လက်ရှိတွင် ရေပိုက်လိုင်းများတူးဖော်မြုပ်နှံထားခဲ့သည့် မြို့တွင်းလမ်းများတွင် လမ်းသားပျက်စီးမှုများ ဖြစ်နခြေင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net