တာချီလိတ်မြို့နယ်အတွင်း သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ရပ်/ကျေးသံဃာနာယကအဖွဲ့နှင့် သာ/ထိန်းအဖွဲ့ ဖွဲ့စည်းမည်
တာချီလိတ်မြို့နယ်အတွင်း သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ရပ်/ကျေးသံဃာနာယကအဖွဲ့နှင့် သာ/ထိန်းအဖွဲ့ ဖွဲ့စည်းမည်
ဇှနျ 16, 2019
By Tachileik News Agency
၂၀၁၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ကလည်း ပါဆတ်ရပ်ကွက်အတွင်း ဘုန်းတော်ကြီးကျောင်း တည်ဆောက်ရန်အကြောင်းပြချက်ဖြင့် လိုက်လံအလှူခံနေသည့် အမျိုးသမီးတစ်ဦးကို ရပ်ကွက်နေပြည်သူတစ်ဦးက တိုင်ကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာတွင် ခွင့်ပြုချက်မဲ့ အလှူခံနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ဖြင့် လူမြင်ကွင်းများတွင် သာသနာနှင့် မအပ်စပ်သည့် လုပ်ငန်းများလုပ်ကိုင်နေခြင်းနှင့် အလှူခံမှုများတွေ့ရှိပါက မြို့နယ်သံဃာ့နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ဖုန်း-၀၉၂၆၂၃၂၃၂၅၀၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သာ/ပြုဗဟိုဆရာတော် ဖုန်း-၀၉၂၆၃၃၅၁၄၁၃၊ ခရိုင်သာသနာရေးမှူး ဖုန်း-၀၉၂၅၂၀၉၃၉၆၆ နှင့် မြို့နယ်သာသနာရေးမှူး ဖုန်း-၀၉၇၇၃၇၂၇၉၅၉ များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ရပ်/ကျေးသံဃာနာယကအဖွဲ့နှင့် သာသနာထိန်းသိမ်းရေးအဖွဲ့တို့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီမှာက နယ်စပ်လည်းဖြစ်နေတာပေါ့။ ရပ်/ကျေးသံဃာ့နာယကဖွဲ့စည်းဖို့ပေါ့။ ပြည်နယ်သံဃာနာယကကလည်း စာထွက်ထားတယ်။ သာ/ထိန်း(သာသနာထိန်းသိမ်းရေးအဖွဲ့)လည်း ပြန်လည်ဖွဲ့စည်းမယ်။ အရင်သာ/ထိန်း(သာသနာထိန်းသိမ်းရေးအဖွဲ့)ဥက္ကဌဆရာတော်က ပြည်နယ်သံဃာနာယက အဖွဲ့ထဲပါသွားပြီ။ လွယ်တော်ခမ်းတို့၊ ဝမ်လုံးတို့၊ လွယ်စတုံတို့ ဘာသာသာသနာကို အမြင်မတော်လို့ လုပ်ကိုင်ပေးချင်တဲ့ ဆရာတော်တွေနဲ့ပေါ့။ အစည်းအဝေးမှာတင်ပြထားတာက နေအိမ်တွေမှာ နပြေီးတော့ အလှူခံတာရှိတယ်။ တည်းခိုခန်းတွေမှာနပြေီးတော့ အလှူခံတာတွေရှိတယ်။ နေအိမ်တွေနေလို့ ကျွန်တော်တို့အရေးယူခဲ့တာတွေရှိတယ်။ နေအိမ်တွေမှာ တည်းခိုခန်းတွေမှာနပြေီး အလှူခံတာတွေရှိရင်၊ အဲလိုမျိုးတွကြေားရင် သံဃာနာယကအဖွဲ့၊ သာ/ထိန်းအဖွဲ့၊ သာသနာရေးအဖွဲ့တွေကို ဖုန်းနဲ့လှမ်းပြီးအကြောင်းကြားပေါ့"ဟု တာချီလိတ်ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၈) ရက်နေ့က သင်္ကန်းဝတ်ဖြင့် သာသနာနှင့်မအပ်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် ဇွန်လ (၉) ရက်နေ့က ရဲရေးမပိုင်သည့်ပြစ်မှုများ မှတ်ပုံတင်အမှတ် (၂၅) ဖြင့် တရားစွဲဆိုထားရကြောင်း သိရသည်။
၎င်းမှာ ၂၀၁၈ ခုနှစ်မေလအတွင်းကလည်း သင်္ကန်းဝတ်ဖြင့် အလှူခံပြီး လူဝတ်ဖြင့် အရက်သေစာ သောက်စားမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် မေလ (၁၈) ရက်နေ့က နယ်နှင်ခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် တရားစွဲဆိုခဲ့ရာ ထောင်ဒဏ် (၈) လချမှတ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ကလည်း ပါဆတ်ရပ်ကွက်အတွင်း ဘုန်းတော်ကြီးကျောင်း တည်ဆောက်ရန်အကြောင်းပြချက်ဖြင့် လိုက်လံအလှူခံနေသည့် အမျိုးသမီးတစ်ဦးကို ရပ်ကွက်နပြေည်သူတစ်ဦးက တိုင်ကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာတွင် ခွင့်ပြုချက်မဲ့ အလှူခံနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ဖြင့် လူမြင်ကွင်းများတွင် သာသနာနှင့် မအပ်စပ်သည့် လုပ်ငန်းများလုပ်ကိုင်နခြေင်းနှင့် အလှူခံမှုများတွေ့ရှိပါက မြို့နယ်သံဃာ့နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ဖုန်း-ဝ၉၂၆၂၃၂၃၂၅၀၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သာ/ပြုဗဟိုဆရာတော် ဖုန်း-ဝ၉၂၆၃၃၅၁၄၁၃၊ ခရိုင်သာသနာရေးမှူး ဖုန်း-ဝ၉၂၅၂၀၉၃၉၆၆ နှင့် မြို့နယ်သာသနာရေးမှူး ဖုန်း-ဝ၉၇၇၃၇၂၇၉၅၉ များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net