တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်သို့ မည်သူမဆို လာရောက်ကာ စတုဒိသာများ ကျွေးမွေးလှူဒါန်းနိုင်

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်သို့ မည်သူမဆို လာရောက်ကာ စတုဒိသာများ ကျွေးမွေးလှူဒါန်းနိုင်
ဇှနျ 20, 2019
By Tachileik News Agency

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ သောင်းနှင့်ချီ လာရောက် ဆင်နွှဲကြမည့် ကလေးစာပေပွဲတော်အား (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စေတနာရှင်အလှူရှင်များအနေဖြင့် စတုဒီသာများ လာရောက်ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်အား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင်းရှိ အထက(တာချီလိတ်)တွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ စတုဒိသာ ကျွေးမွေးလှူဒါန်းလိုသူများအနေဖြင့် ဦးမောင်ကြည် - 09440171244 ၊ ဒေါ်နှင်းရည် - 09420708467 ၊ ဒေါ်ခိုင်ခိုင်လင်း - 09428222412 ၊ ခရိုင် ပြန်/ဆက်ရုံး - 08451028 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးစာပေပွဲတော်အတွက် စတုဒိသာ အလှူုရှင်များအနေဖြင့်  မန်းရတနာပုံလေကြောင်းလိုင်း အပါအ၀င် တာချီလိတ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၈) ခုမှ စာရင်းပေးထားပြီး မားမားခေါက်ဆွဲ၊ ကယ်လစီယမ်ကွေကာနှင့် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများ အပြင် ရှမ်း/ရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ စာရင်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ အပါအ၀င် ကျောင်းသားမိဘများနှင့် ဧည့်သည်များ တစ်နေ့လျှင် သောင်းဂဏန်းအထိ ရောက်ရှိလာနိုင်သည်ဖြစ်၍ စတုဒိသာအလှူရှင်များ လိုအပ်နေခြင်းဖြစ်ပြီး ဇွန်လ(၂၅)ရက်နေ့အတွက်ဖြစ်စေ ဇွန်လ(၂၆)ရက်နေ့အတွက် ဖြစ်စေ လှူဒါန်းနိုင်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ သောင်းနှင့်ချီ လာရောက် ဆင်နွှဲကြမည့် ကလေးစာပေပွဲတော်အား (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စေတနာရှင်အလှူရှင်များအနဖြေင့် စတုဒီသာများ လာရောက်ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်အား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင်းရှိ အထက(တာချီလိတ်)တွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ စတုဒိသာ ကျွေးမွေးလှူဒါန်းလိုသူများအနဖြေင့် ဦးမောင်ကြည် - 09440171244၊ ဒေါ်နှင်းရည် - 09420708467၊ ဒေါ်ခိုင်ခိုင်လင်း - 09428222412၊ ခရိုင် ပြန်/ဆက်ရုံး - 08451028 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးစာပေပွဲတော်အတွက် စတုဒိသာ အလှုူရှင်များအနဖြေင့် မန်းရတနာပုံလေကြောင်းလိုင်း အပါအဝင် တာချီလိတ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၈) ခုမှ စာရင်းပေးထားပြီး မားမားခေါက်ဆွဲ၊ ကယ်လစီယမ်ကွေကာနှင့် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများ အပြင် ရှမ်း/ရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ စာရင်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ အပါအဝင် ကျောင်းသားမိဘများနှင့် ဧည့်သည်များ တစ်နေ့လျှင် သောင်းဂဏန်းအထိ ရောက်ရှိလာနိုင်သည်ဖြစ်၍ စတုဒိသာအလှူရှင်များ လိုအပ်နခြေင်းဖြစ်ပြီး ဇွန်လ(၂၅)ရက်နေ့အတွက်ဖြစ်စေ ဇွန်လ(၂၆)ရက်နေ့အတွက် ဖြစ်စေ လှူဒါန်းနိုင်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ကလေးစာဖတ်ခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများမှ ခင်းကျင်းပြသမည့်ပြခန်းများ၊ စာပေဆွေးနွေးပွဲ ကျင်းပမည့်နေရာများ၊ စာအုပ်ဆိုင်များနှင့် ကျောက်ဆည်ဆင်အကများ ပါဝင်မည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အားကစားပြိုင်ပွဲများလည်းထည့်သွင်းထားကြောင်း သိရသည်။

တာချီလိတ်မြို့ ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net