ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္း အေစးလွီးျခင္း သင္တန္းႏွင့္ ကြင္းဆင္းလက္ေတြ႔သရုပ္ျပပြဲကို တာခ်ီလိတ္ၿမိဳ႕တြင္ ျပဳလုပ္မည္

ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္း အေစးလွီးျခင္း သင္တန္းႏွင့္ ကြင္းဆင္းလက္ေတြ႔သရုပ္ျပပြဲကို တာခ်ီလိတ္ၿမိဳ႕တြင္ ျပဳလုပ္မည္
ဇွန် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္အတြင္းရိွ ေရာ္ဘာစိုက္ေတာင္သူမ်ားအတြက္ ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္း၊ Rainguard ျဖင့္အေစးလွီးျခင္း သင္တန္းႏွင့္ ကြင္းဆင္းလက္ေတြ႕ တစ္ရက္တာ သရုပ္ျပပြဲကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔တြင္  ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ျဖန္ (၁) ရက္ထဲေပါ့။ မနက္ (၉) နာရီမွာစမယ္။ သင္တန္းသား (၇၅) ေယာက္လာတက္မွာေပါ့။ တာခ်ီလိတ္တစ္ခရိုင္လံုးေပါ့။ မိုင္းျဖတ္၊ မိုင္းေယာင္းကလည္း ပါမယ္။ ဖန္မင္ေက်းရြာမွာလက္ေတြ႕သရုပ္ျပမွာေပါ့။ ဒီဘက္မွာေရာ္ဘာစိုက္တာမ်ားတယ္။ အေစးျခစ္တာတို႔ ဘာတို ႔သိပ္နည္းစနစ္မက်ဘူးေပါ့။ မ်ိဳးေရြးခ်ယ္တာတို႔ ဘာတို႔ေပါ့။ မ်ိဳးမမွန္ေတာ့ တစ္ခ်ို႕က အေစးမထြက္ဘူး။ ဒါေၾကာင့္ နည္းစနစ္မွန္ကန္စြာနဲ႔ စိုက္ပ်ိဳးၿပီးေတာ့ အရည္အေသြးေကာင္းတဲ့ေရာ္ဘာေတြ ထြက္ဖို႔အတြက္ အဓိကရည္ရြယ္ၿပီးလုပ္တာပါ"ဟု စိုက္ပ်ဳိးေရးဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းကို ႏွစ္ရွည္သီးႏွံဌာနခြဲ(ရံုးခ်ဳပ္) ေနျပည္ေတာ္ႏွင့္ တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနတို႔ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ၿပီး မယ္ေခါင္ရပ္ကြက္ရိွ ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနရံုး၏ ေတာင္သူပညာေပးသင္တန္းခန္းမတြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္မွ စိုက္ပ်ိဳးေရးပညာရွင္မ်ားက စာေတြ႕၊ လက္ေတြ႕သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်း၊ Rainguard ဖြင့်အစေးလှီးခြင်း သင်တန်းနှင့် ကွင်းဆင်းလက်တွေ့ တစ်ရက်တာ သရုပ်ပြပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် (၁) ရက်ထဲပေါ့။ မနက် (၉) နာရီမှာစမယ်။ သင်တန်းသား (၇၅) ယောက်လာတက်မှာပေါ့။ တာချီလိတ်တစ်ခရိုင်လုံးပေါ့။ မိုင်းဖြတ်၊ မိုင်းယောင်းကလည်း ပါမယ်။ ဖန်မင်ကျေးရွာမှာလက်တွေ့သရုပ်ပြမှာပေါ့။ ဒီဘက်မှာရော်ဘာစိုက်တာများတယ်။ အစေးခြစ်တာတို့ ဘာတို့သိပ်နည်းစနစ်မကျဘူးပေါ့။ မျိုးရွေးချယ်တာတို့ ဘာတို့ပေါ့။ မျိုးမမှန်တော့ တစ်ချို့က အစေးမထွက်ဘူး။ ဒါကြောင့် နည်းစနစ်မှန်ကန်စွာနဲ့ စိုက်ပျိုးပြီးတော့ အရည်အသွေးကောင်းတဲ့ရော်ဘာတွေ ထွက်ဖို့အတွက် အဓိကရည်ရွယ်ပြီးလုပ်တာပါ"ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းကို နှစ်ရှည်သီးနှံဌာနခွဲ(ရုံးချုပ်) နပြေည်တော်နှင့် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ တောင်သူပညာပေးသင်တန်းခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နပြေည်တော်မှ စိုက်ပျိုးရေးပညာရှင်များက စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net