နေပြည်တော်တွင် ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆက်လက်ကူညီဆောင်ရွက်သွားမည်

နေပြည်တော်တွင် ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆက်လက်ကူညီဆောင်ရွက်သွားမည်
ဇှနျ 30, 2019
By Tachileik News Agency

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း ဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနက မိဘများနှင့်ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက  ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို လုပ်ဆောင်ထားပြီး ဝန်ကြီးဌာနအနေဖြင့် မူလတန်းကြိုကျောင်းများတွင် အသက်(၃)နှစ်မှ (၅)နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီ ကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများက ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား နှုတ်ဖြင့်မှာကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ၎င်း လူမှုကွန်ရက် စာမျက်နှာ၌ ၂၀၁၉ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် အသိပေးရေးသားထားသည်။

အဆိုပါ မိန်းကလေးငယ်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် တောင်းဆိုချက်များပေးပို့လာကြသည့်အပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားထားခြင်းဖြစ်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ထောင်စုနယ်မြေ၊ နပြေည်တော်ကောင်စီအတွင်း ဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနက မိဘများနှင့်ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နပြေည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို လုပ်ဆောင်ထားပြီး ဝန်ကြီးဌာနအနဖြေင့် မူလတန်းကြိုကျောင်းများတွင် အသက်(၃)နှစ်မှ (၅)နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီ ကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နပြေည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများက ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား နှုတ်ဖြင့်မှာကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက၎င်း လူမှုကွန်ရက် စာမျက်နှာ၌ ၂၀၁၉ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် အသိပေးရေးသားထားသည်။

အဆိုပါ မိန်းကလေးငယ်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် တောင်းဆိုချက်များပေးပို့လာကြသည့်အပေါ် ယင်းကဲ့သို့ ပြန်လည်ဖြကြေားထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုသည် ၂၀၁၉ ခုနှစ် မေလ (၁၆) ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ (၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့မရဲစခန်း၌ ကလေးမိဘများက အမှုဖွင့်ခဲ့ပြီးနောက် CID မှ လွှဲပြောင်းရယူစစ်ဆေးခဲ့ကြောင်းသိရပြီး ယင်းအမှုနှင့်ပတ်သက်၍ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တစ်လခန့်အကြာ ဇွန်လ (၂၄) ရက်နေ့တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

၎င်းအမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်လာရေးနှင့် တရားမျှတမှုရှိစေရေးအပြင် သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် အမှုများနှင့် ပတ်သက်၍လည်း ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးမှ လူမှုကွန်ရက်အသုံးပြုသူများက Justice For Victoria စာသားများနှင့်ပုံများဖြင့် လှုံ့ဆော်မှုများ ပြုလုပ်နေလျက်ရှိသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net