နေပြည်တော်ရှိ မူကြိုကျောင်းမှ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဆို

နေပြည်တော်ရှိ မူကြိုကျောင်းမှ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဆို
ဇှနျ 30, 2019
By Tachileik News Agency

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မဖွယ်မရာပြုကျင့်ခံရသည့် မိန်းကလေးငယ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား နှုတ်ဖြင့်မှာကြားထားကြောင်း နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ၎င်း လူမှုကွန်ရက် စာမျက်နှာ၌၂၀၁၉ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် အသိပေးရေးသားထားသည်။


နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ မဖွယ်မရာပြုကျင့်ခံရသည့် မိန်းကလေးငယ်အမှုနှင့်ပတ်သက်ပြီး Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် ပေးပို့လာသည့် တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိကြောင်း၊ ဒီအမှုကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ၏ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်များကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊ ပြည်သူများနှင် ထပ်တူစွာပင် အမြန်ဆုံးဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ရန် အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေခြင်း ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးပါကြောင်း ရေးသားထားသည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နပြေည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မဖွယ်မရာပြုကျင့်ခံရသည့် မိန်းကလေးငယ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား နှုတ်ဖြင့်မှာကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက၎င်း လူမှုကွန်ရက် စာမျက်နှာ၌၂၀၁၉ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် အသိပေးရေးသားထားသည်။

"စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်။ အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း သိရှိပါတယ်။လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ ဖြစ်တဲ့အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော် ပြောကြားနိုင်ခြင်း မပြုနိုင်သေးတာကို နားလည်သဘောပေါက်ပေးကြစေချင်ပါတယ်"ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏၎င်း လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။

နပြေည်တော် Wisdom Hill မူကြိုကျောင်းမှ မဖွယ်မရာပြုကျင့်ခံရသည့် မိန်းကလေးငယ်အမှုနှင့်ပတ်သက်ပြီး Myanmar President Office နှင့် Myanmar State Counsellor Office တို့၏ Message Box နှင့် Comment များတွင် ပေးပို့လာသည့် တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိကြောင်း၊ ဒီအမှုကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ၏ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်များကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊ ပြည်သူများနှင် ထပ်တူစွာပင် အမြန်ဆုံးဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ရန် အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနခြေင်း ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးပါကြောင်း ရေးသားထားသည်။

အဆိုပါအမှုသည် ၂၀၁၉ ခုနှစ် မေလ (၁၆) ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ (၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့မရဲစခန်း၌ ကလေးမိဘများက အမှုဖွင့်ခဲ့ပြီးနောက် CID မှ လွှဲပြောင်းရယူစစ်ဆေးခဲ့ကြောင်း နှင့် ယင်းအမှုနှင့်ပတ်သက်၍ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တစ်လခန့်အကြာ ဇွန်လ (၂၄) ရက်နေ့တွင် ပြန်လွတ်ပေးသည့်အတွက် အဆိုပါ အမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်လာရေးနှင့် တရားမျှတမှုရှိစေရေးအပြင် သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် အမှုများနှင့် ပတ်သက်၍လည်း ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးမှ လူမှုကွန်ရက်အသုံးပြုသူများက Justice For Victoria စာသားများနှင့်ပုံများဖြင့် လှုံ့ဆော်မှုများ ပြုလုပ်နေလျက်ရှိသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net