တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုအတြင္း သတၱဳသယ္ယာဥ္မ်ား အရွိန္ျပင္းစြာေမာင္းႏွင္ျခင္းႏွင့္ လမ္းေပၚသို႔ သတၱဳဖိတ္စင္က်ျခင္းမ်ားေၾကာင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွ သတိေပးထားရ

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုအတြင္း သတၱဳသယ္ယာဥ္မ်ား အရွိန္ျပင္းစြာေမာင္းႏွင္ျခင္းႏွင့္ လမ္းေပၚသို႔ သတၱဳဖိတ္စင္က်ျခင္းမ်ားေၾကာင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွ သတိေပးထားရ
ဇွန် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္း သြားလာေနသည့္ သတၱဳသယ္ယာဥ္မ်ားအေနျဖင့္ ေက်းရြာမ်ားတြင္ ျဖတ္သန္းခ်ိန္၌ အရိွန္ျပင္းစြာေမာင္းႏွင္ျခင္း မျပဳလုပ္ရန္ႏွင့္ တင္ေဆာင္လာသည့္ သတၱဳမ်ား ဖိတ္စင္က်မႈမ်ားကို သတိထားေရွာင္ရွားၾကရန္အတြက္ ဖံုးအုပ္ကာရံၿပီး ေမာင္းရန္  ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕က ၂၀၁၉ ခုႏွစ္ ဇြန္လပထမပတ္က ညႊန္ၾကားထားေၾကာင္း သိရသည္။

"ဖန္မင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးကလည္း သတၱဳသယ္ယာဥ္မ်ား ေျဖးေျဖးသာေမာင္းပါ။ ဤေနရာတြင္ ေက်ာင္းရိွသည္ ဆိုင္းဘုတ္ေလးေတြ ကပ္ထားတာေပါ့။ တစ္ခ်ို႕ကားေတြက မလိုက္နာတဲ့အတြက္ ၿမိဳ႕နယ္အေနနဲ႔ သက္ဆိုင္ရာ ကားတာ၀န္ခံေတြကို ေဘးပတ္၀န္းက်င္ကျပည္သူေတြ စိတ္အႏွာက္အယွက္မျဖစ္ေအာင္ ဘယ္လိုထိန္းေက်ာင္းမလဲ။ သယ္တဲ့ေနရာမွာလည္း သတၱဳေတြမထြက္ေအာင္ အုပ္ၿပီးသယ္ရမယ္။ အရိွန္ျပင္းျပင္းမေမာင္းဖို႔ မွာၾကားထားၿပီးျဖစ္ပါတယ္။ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း အရိွန္ျပင္းျပင္းေမာင္းတာေတြ႕ရင္ အခ်ိန္နဲ႔ တစ္ေျပးညီ တင္ျပဖို႔ညႊန္ၾကားထားၿပီးျဖစ္ပါတယ္။ သက္ဆိုင္ရာသတၱဳအသင္းနဲ႔လည္း ေပါင္းစပ္ၿပီး ေဆာင္ရြက္သြားမွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၈)ရက္ေန႔တြင္ ေျပာသည္။

သတၱဳသယ္ယာဥ္ေမာင္းႏွင္သူမ်ားသည္ သတၱဳတူးေဖၚေရးလုပ္ငန္းကုမၸဏီမ်ားတြင္ ေခါက္ေၾကးစားအျဖစ္ ေမာင္းႏွင္ရာတြင္ ေန႔စဥ္ (၃) ေခါက္အနည္းဆံုးသယ္ေဆာင္ရန္ ကုမၸဏီမ်ား၏သတ္မွတ္ခ်က္အရ ေခါက္ေရျပည့္မီေက်ာ္လြန္ေရးအတြက္ အရိွန္ျပင္းေမာင္းနွင္ေနသည့္အျပင္ အဖံုးအကာလံုၿခံဳမႈမရိွသျဖင့္ သတၱဳမ်ား ဖိတ္စင္က်မႈေၾကာင့္ ၎တို႔ျဖတ္သန္းသြားလာရာေက်းရြာမ်ားတြင္ လမ္းပ်က္စီးမႈမ်ား၊ လမ္းေဘးအိမ္မ်ားတြင္ ေနစဥ္ ဖုန္မႈန္႔ထူထပ္သည့္ဒဏ္တုိ႔ကို ခံစားေနရၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

"သတၱဳကားေတြက အျမန္ႏႈန္းနဲ႔ေမာင္းတာ။ ေဘး (၂) ဘက္မွာရပ္ရြာေတြရိွတာေပါ့။ ဖန္မင္မွာဆိုရင္ မူလြန္ေပါ့။ အလယ္တန္းေက်ာင္းရိွတယ္။ ကၽြန္ေတာ္တို ႔ပါ၀ုန္းရြာထဲမွာဆို ေစ်းေတြရိွတယ္။ သူတို႔ေမာင္းေနတဲ့ႏႈန္းနဲ႔ဆို အမ်ားႀကီးစိုးရိမ္ရတာေပါ့။ သယ္တဲ့အခါမွာလည္း တစ္ခ်ိဳ႕ကားေတြက အကာအရံရိွတယ္။ တစ္ခ်ိဳ႕ကားေတြက မရိွဘူးေပါ့။ တစ္ခ်ိဳ႕ကားေတြက ဖုန္မႈန္႔ေတြ၊ သတၱဳေတြ လွ်ံက်တာေတြရိွတယ္။ သတၱဳေတြလုပ္ေနတာက ႏိုင္ငံေတာ္ကိုတရား၀င္ အခြန္ေဆာင္ၿပီးလုပ္ရတယ္ဆိုတာ ကၽြန္ေတာ္တို႔နားလည္ပါတယ္။ တစ္ခုေမတၱာရပ္ခံခ်င္တာက ကၽြန္ေတာ္တို႔ ရပ္ရြာထဲ၀င္လာတဲ့အခ်ိန္မွာဆိုရင္ အရိွန္ေတြေလွ်ာ့ေပးဖို႔၊ သတၱဳသယ္လာတဲ့အခ်ိန္မွာ လံုလံုၿခံဳၿခံဳနဲ႔ အကာအရံနဲ႔ သယ္ေဆာင္ေပးေစခ်င္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕၊ ဖယ္မင္ေက်းရြာအုပ္စု၊ ပါ၀ုန္းေက်းရြာေန ကိုဦးက ေျပာသည္။

သတၱဳသယ္ယာဥ္မ်ား ေက်းရြာမ်ားအတြင္း ျဖတ္သန္းေမာင္းႏွင္ခ်ိန္တြင္ အၿပိဳင္အဆိုင္ေမာင္းႏွင္ေနမႈေၾကာင့္ ယာဥ္အႏၱရယ္ျဖစ္ပြားမည္ကိုလည္း ေဒသခံမ်ားက စိုးရိမ္ေနၾကျခင္းျဖစ္ေၾကာင္းႏွင့္ ကေလးမ်ား တိုက္မိမည္ကိုလည္း စိုးရိမ္ေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်း သွားလာနေသည့် သတ္တုသယ်ယာဉ်များအနဖြေင့် ကျေးရွာများတွင် ဖြတ်သန်းချိန်၌ အရှိန်ပြင်းစွာမောင်းနှင်ခြင်း မပြုလုပ်ရန်နှင့် တင်ဆောင်လာသည့် သတ္တုများ ဖိတ်စင်ကျမှုများကို သတိထားရှောင်ရှားကြရန်အတွက် ဖုံးအုပ်ကာရံပြီး မောင်းရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဇွန်လပထမပတ်က ညွှန်ကြားထားကြောင်း သိရသည်။

"ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကလည်း သတ္တုသယ်ယာဉ်များ ဖြေးဖြေးသာမောင်းပါ။ ဤနေရာတွင် ကျောင်းရှိသည် ဆိုင်းဘုတ်လေးတွေ ကပ်ထားတာပေါ့။ တစ်ချို့ကားတွေက မလိုက်နာတဲ့အတွက် မြို့နယ်အနေနဲ့ သက်ဆိုင်ရာ ကားတာဝန်ခံတွေကို ဘေးပတ်ဝန်းကျင်ကပြည်သူတွေ စိတ်အနှာက်အယှက်မဖြစ်အောင် ဘယ်လိုထိန်းကျောင်းမလဲ။ သယ်တဲ့နေရာမှာလည်း သတ္တုတွေမထွက်အောင် အုပ်ပြီးသယ်ရမယ်။ အရှိန်ပြင်းပြင်းမမောင်းဖို့ မှာကြားထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း အရှိန်ပြင်းပြင်းမောင်းတာတွေ့ရင် အချိန်နဲ့ တစ်ပြေးညီ တင်ပြဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာသတ္တုအသင်းနဲ့လည်း ပေါင်းစပ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၈)ရက်နေ့တွင် ပြောသည်။

သတ္တုသယ်ယာဉ်မောင်းနှင်သူများသည် သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီများတွင် ခေါက်ကြေးစားအဖြစ် မောင်းနှင်ရာတွင် နေ့စဉ် (၃) ခေါက်အနည်းဆုံးသယ်ဆောင်ရန် ကုမ္ပဏီများ၏သတ်မှတ်ချက်အရ ခေါက်ရပြေည့်မီကျော်လွန်ရေးအတွက် အရှိန်ပြင်းမောင်းနှင်နေသည့်အပြင် အဖုံးအကာလုံခြုံမှုမရှိသဖြင့် သတ္တုများ ဖိတ်စင်ကျမှုကြောင့်၎င်းတို့ဖြတ်သန်းသွားလာရာကျေးရွာများတွင် လမ်းပျက်စီးမှုများ၊ လမ်းဘေးအိမ်များတွင် နေစဉ် ဖုန်မှုန့်ထူထပ်သည့်ဒဏ်တို့ကို ခံစားနေရကြရခြင်းဖြစ်ကြောင်း သိရသည်။

"သတ္တုကားတွေက အမြန်နှုန်းနဲ့မောင်းတာ။ ဘေး (၂) ဘက်မှာရပ်ရွာတွေရှိတာပေါ့။ ဖန်မင်မှာဆိုရင် မူလွန်ပေါ့။ အလယ်တန်းကျောင်းရှိတယ်။ ကျွန်တော်တို့ပါဝုန်းရွာထဲမှာဆို ဈေးတွေရှိတယ်။ သူတို့မောင်းနေတဲ့နှုန်းနဲ့ဆို အများကြီးစိုးရိမ်ရတာပေါ့။ သယ်တဲ့အခါမှာလည်း တစ်ချို့ကားတွေက အကာအရံရှိတယ်။ တစ်ချို့ကားတွေက မရှိဘူးပေါ့။ တစ်ချို့ကားတွေက ဖုန်မှုန့်တွေ၊ သတ္တုတွေ လျှံကျတာတွေရှိတယ်။ သတ္တုတွေလုပ်နေတာက နိုင်ငံတော်ကိုတရားဝင် အခွန်ဆောင်ပြီးလုပ်ရတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ တစ်ခုမေတ္တာရပ်ခံချင်တာက ကျွန်တော်တို့ ရပ်ရွာထဲဝင်လာတဲ့အချိန်မှာဆိုရင် အရှိန်တွေလျှော့ပေးဖို့၊ သတ္တုသယ်လာတဲ့အချိန်မှာ လုံလုံခြုံခြုံနဲ့ အကာအရံနဲ့ သယ်ဆောင်ပေးစေချင်ပါတယ်"ဟု တာချီလိတ်မြို့၊ ဖယ်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာနေ ကိုဦးက ပြောသည်။

သတ္တုသယ်ယာဉ်များ ကျေးရွာများအတွင်း ဖြတ်သန်းမောင်းနှင်ချိန်တွင် အပြိုင်အဆိုင်မောင်းနှင်နေမှုကြောင့် ယာဉ်အန္တရယ်ဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နကြခြေင်းဖြစ်ကြောင်းနှင့် ကလေးများ တိုက်မိမည်ကိုလည်း စိုးရိမ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net