တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္း မတိမ္ေကာရန္အတြက္ စက္ယႏၱယားျဖင့္ ဆက္လက္ လုပ္ေဆာင္

တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္း မတိမ္ေကာရန္အတြက္ စက္ယႏၱယားျဖင့္ ဆက္လက္ လုပ္ေဆာင္
ဇွန် 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း ေရခန္းေျခာက္မႈႏွင့္အတူ အမႈိက္မ်ားစြန္႔ပစ္မႈေၾကာင့္ တိမ္ေကာမႈမ်ား မရွိေစရန္အတြက္ တာခ်ီလိတ္ဘက္ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲတြင္ စက္ယႏၱယားအသံုးျပဳ၍ ရွင္းလင္းမႈမ်ားကို ၂၀၁၉ခုႏွစ္ ဇြန္လ(၁၀)ရက္ေန႔တြင္ ထပ္မံလုပ္ေဆာင္ေနရေၾကာင္း သိရသည္။

မယ္ဆိုင္ေခ်ာင္းအတြင္းမွ ေရမ်ားကို စိုက္ပ်ဳိးေရးအတြက္ေရရယူရန္ ေျမာင္းမ်ားေဖာ္၍ မယ္ဆိုင္ဘက္က ရယူျခင္းေၾကာင့္ ေရမ်ားမွာ တာခ်ီလိတ္ဘက္အျခမ္းသို႔ စီဆင္းမႈမရွိေတာ့ဘဲ ငါးမ်ားေသဆံုးသည္အထိ ျဖစ္ေပၚျခင္းႏွင့္အတူ အမႈိက္မ်ားတင္က်န္ေနသည္အထိ ျဖစ္ေနသည့္အတြက္ ျမန္မာဘက္က အႀကိမ္ႀကိမ္ေခ်ာင္းအတြင္း စုေပါင္းသန္႔ရွင္းေရးမ်ား ျပဳလုပ္ရခဲ့ရေၾကာင္းႏွင့္ ယခုအခါတြင္ ဇြန္လ၏ ပထမပတ္အတြင္းက မိုးရြာသြန္းမႈေၾကာင့္ ေခ်ာင္းအတြင္း ေတာင္က်ေရ က်လာျခင္း ျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ေခ်ာင္း၏ ျမန္မာဘက္ျခမ္းတြင္ တိမ္ေကာေနမႈမ်ားရိွေနသျဖင့္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရိွသူမ်ားက မယ္ဆိုင္ၿမိဳ႕ပိုင္ႏွင့္ တာ၀န္ရိွသူမ်ားျဖင့္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလ (၂၆) ရက္ေန႔က ေရႊနန္းေတာ္ကုန္တိုက္တြင္ အလြတ္သေဘာေတြ႔ဆံုကာ ႏွစ္ႏိုင္ငံေရမွ်ေ၀သံုးစြဲေရးေဆြးေႏြးခဲ့ၿပီး မယ္ဆိုင္ေခ်ာင္းတစ္ေလွ်ာက္လိုက္လံစစ္ေဆးခဲ့ၿပီးေနာက္ မယ္ဆိုင္ေခ်ာင္းေရလမ္းေၾကာင္း ျပန္လည္တူးေဖာ္ရန္ သေဘာတူညီမႈရရိွခဲ့ျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဦးထြန္း(မယ္ဆိုင္)၊ ေနကိုေအာင္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေခန်းခြောက်မှုနှင့်အတူ အမှိုက်များစွန့်ပစ်မှုကြောင့် တိမ်ကောမှုများ မရှိစေရန်အတွက် တာချီလိတ်ဘက် ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲတွင် စက်ယန္တယားအသုံးပြု၍ ရှင်းလင်းမှုများကို ၂၀၁၉ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ထပ်မံလုပ်ဆောင်နေရကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအတွင်းမှ ရေများကို စိုက်ပျိုးရေးအတွက်ရေရယူရန် မြောင်းများဖော်၍ မယ်ဆိုင်ဘက်က ရယူခြင်းကြောင့် ရေများမှာ တာချီလိတ်ဘက်အခြမ်းသို့ စီဆင်းမှုမရှိတော့ဘဲ ငါးများသေဆုံးသည်အထိ ဖြစ်ပေါ်ခြင်းနှင့်အတူ အမှိုက်များတင်ကျန်နေသည်အထိ ဖြစ်နေသည့်အတွက် မြန်မာဘက်က အကြိမ်ကြိမ်ချောင်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ရခဲ့ရကြောင်းနှင့် ယခုအခါတွင် ဇွန်လ၏ ပထမပတ်အတွင်းက မိုးရွာသွန်းမှုကြောင့် ချောင်းအတွင်း တောင်ကျရေ ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်း၏ မြန်မာဘက်ခြမ်းတွင် တိမ်ကောနေမှုများရှိနေသဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့က ရွှေနန်းတော်ကုန်တိုက်တွင် အလွတ်သဘောတွေ့ဆုံကာ နှစ်နိုင်ငံရေမျှေဝသုံးစွဲရေးဆွေးနွေးခဲ့ပြီး မယ်ဆိုင်ချောင်းတစ်လျှောက်လိုက်လံစစ်ဆေးခဲ့ပြီးနောက် မယ်ဆိုင်ချောင်းရေလမ်းကြောင်း ပြန်လည်တူးဖော်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)၊ နေကိုအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net