လားရိႈးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တမံအတြင္း ခဲဆြဲ၍ပစ္ထားသည့္ အမ်ဳိးသားအေလာင္းေတြ႔ရိွ

လားရိႈးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တမံအတြင္း ခဲဆြဲ၍ပစ္ထားသည့္ အမ်ဳိးသားအေလာင္းေတြ႔ရိွ
ဇွန် 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္၊ နမ့္က်န္ေက်းရြာအနီးရွိ နမ့္က်န္ေရေလွာင္တမံတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၈) ရက္ေန႔ ညေနပိုင္းက ေက်ာက္ခဲမ်ားတြဲခ်ည္ထားၿပီး ေစာင္ျဖင့္ပတ္ထားသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္းအား ေတြ႔ရိွရသျဖင့္ လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စံုစမ္းေနေၾကာင္း သိရသည္။

ေသဆံုးသူမွာ အသက္(၂၀)မွ (၃၀)ၾကားဝန္းက်င္ဟုခန္႔မွန္းရၿပီး အသားျဖဴ၊ တက္တူး/ေဆးမွင္ေၾကာင္မ်ားထိုးထားသည္ကိုေတြ႔ရကာ  နဖူးတြင္ ခၽြန္ထက္ေသာအရာျဖင့္ ထုိးထားသည့္အေပါက္တစ္ခုကို ေတြ႕ရေၾကာင္း သိရသည္။

နမ့္က်န္ေရေလွာင္တမံေရလႊတ္ခ်ိန္တြင္ အနီးနား၌ငါးမ်ွားေနေသာ လူအခ်ိဳ႕က အေလာင္းေတြ႔သျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ၿပီး လားရိႈးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႔က သြားေရာက္ဆယ္ယူကာ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား ေစာင္အပါးျဖင့္ပတ္ကာ ေက်ာက္ခဲလံုးမ်ားတြဲခ်ည္၍ ဂြမ္းေစာင္အထူျဖင့္ ထပ္ပတ္ထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

"လူသတ္ၿပီးေတာ့ အေလာင္းကိုေရထဲျမဳပ္ၿပီး ျပန္မေပၚေအာင္စီစဥ္ၿပီးမွ ပစ္ထားတယ္လို႔ ယူဆရတယ္။ ဦးေခါင္း ေနာက္ေစ့ဘက္မွာလဲ ခ်ိဳင့္ဝင္ေနတယ္။ နဖူးမွာလည္း အေပါက္ဝိုင္းဝိုင္းတစ္ခုေတြ႔တယ္။ ခႏၶာကိုယ္မွာ တက္တူးေတြထိုးထားတာလည္းေတြ႔ရတယ္" ဟု အေလာင္းအား ဆယ္ယူသယ္ေဆာင္ေပးခဲ့သည့္ လားရိႈးလူငယ္မ်ား လူမႈကူညီေရးအဖြဲ႔မွ ဦးထြန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ ) ၁၈၉/၂၀၁၉ လူသတ္မႈျဖင့္ အမႈဖြင့္စံုစမ္းေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း- ေနၿဖိဳးျမင့္
ဓါတ္ပံု - လားရိွဳးလူငယ္​မ်ားလူမႈကူညီ​ေရး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ကျန်ကျေးရွာအနီးရှိ နမ့်ကျန်ရေလှောင်တမံတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ ညနေပိုင်းက ကျောက်ခဲများတွဲချည်ထားပြီး စောင်ဖြင့်ပတ်ထားသည့် အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိရသဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၂၀)မှ (၃၀)ကြားဝန်းကျင်ဟုခန့်မှန်းရပြီး အသားဖြူ၊ တက်တူး/ဆေးမှင်ကြောင်များထိုးထားသည်ကိုတွေ့ရကာ နဖူးတွင် ချွန်ထက်သောအရာဖြင့် ထိုးထားသည့်အပေါက်တစ်ခုကို တွေ့ရကြောင်း သိရသည်။

နမ့်ကျန်ရေလှောင်တမံရေလွှတ်ချိန်တွင် အနီးနား၌ငါးမျှားနေသော လူအချို့က အလောင်းတွေ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က သွားရောက်ဆယ်ယူကာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား စောင်အပါးဖြင့်ပတ်ကာ ကျောက်ခဲလုံးများတွဲချည်၍ ဂွမ်းစောင်အထူဖြင့် ထပ်ပတ်ထားသည်ကို တွေ့ရကြောင်း သိရသည်။

"လူသတ်ပြီးတော့ အလောင်းကိုရေထဲမြုပ်ပြီး ပြန်မပေါ်အောင်စီစဉ်ပြီးမှ ပစ်ထားတယ်လို့ ယူဆရတယ်။ ဦးခေါင်း နောက်စေ့ဘက်မှာလဲ ချိုင့်ဝင်နေတယ်။ နဖူးမှာလည်း အပေါက်ဝိုင်းဝိုင်းတစ်ခုတွေ့တယ်။ ခန္ဓာကိုယ်မှာ တက်တူးတွေထိုးထားတာလည်းတွေ့ရတယ်" ဟု အလောင်းအား ဆယ်ယူသယ်ဆောင်ပေးခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ ဦးထွန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းတွင် (ပ ) ၁၈၉/၂၀၁၉ လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency
သတင်း- နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးလူငယ်​များလူမှုကူညီ​ရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net