ဘီပိုး ႏွင့္ စီပိုး အခမဲ့ စမ္းသပ္စစ္ေဆးေပးမႈအျဖစ္ လားရႈိးၿမိဳ႕တြင္ ျပဳလုပ္ရာ လူေပါင္း (၄၀)၀န္းက်င္ လာေရာက္ကာ စစ္ေဆးမႈ ခံယူ

ဘီပိုး ႏွင့္ စီပိုး အခမဲ့ စမ္းသပ္စစ္ေဆးေပးမႈအျဖစ္ လားရႈိးၿမိဳ႕တြင္ ျပဳလုပ္ရာ လူေပါင္း (၄၀)၀န္းက်င္ လာေရာက္ကာ စစ္ေဆးမႈ ခံယူ
ဇွန် 18, 2019
By Tachileik News Agency

အသည္းေရာင္အသားဝါ(ဘီ)ပိုးႏွင့္ ( စီ ) ပိုး အခမဲ့စစ္ေဆးျခင္းကို ျမန္မာအသည္းေဖာင္ေဒးရွင္း(ဗဟို) ႏွင့္ လားရိႈးရံုးခြဲတို႔ ပူးေပါင္း၍ လားရိႈးၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈခန္းမတြင္ ျပဳလုပ္ရာ လူဦးေရ (၄၀)၀န္းက်င္ လာေရာက္ကာ စစ္ေဆးမႈ ခံယူေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ရပ္ကြက္ ( ၁၂ )အတြင္းရွိ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ ဇြန္လ (၁၈)ရက္ နံနက္ (၉)နာရီမွ ေန႔လည္ (၁၂)နာရီအထိ အသည္းေရာင္အသားဝါ(ဘီ)ႏွင့္(စီ)ပိုး အခမဲ့စစ္ေဆးမႈျပဳလုပ္ေပးရာ လားရိႈးၿမိဳ႕အတြင္းရွိ လူဦးေရ (၄၀)၀န္းက်င္မွ လာေရာက္၍ စစ္ေဆးမႈခံယူၾကျခင္း ျဖစ္သည္။

"အသည္းေရာင္အသားဝါ (ဘီ)ပိုးနဲ႔(စီ)ပိုး ဆိုရင္ အေတာ္မ်ားမ်ားက မိမိမွာ ရွိ မရွိစစ္ေဆးဖို႔ သတိမရၾကဘူး၊ အခုလို အခမဲ့ စစ္ေဆးေပးလိုက္ျခင္းအားျဖင့္ အဓိကအားျဖင့္ ေဆးရံု ေဆးခန္းေတြ သြားလာဖို႔ အခ်ိန္ နဲ႔ ေငြေၾကး အခက္အခဲ ျဖစ္ေနသူေတြအတြက္ တစ္ေထာင့္တစ္ေနရာကေန အေထာက္အပံ့ျဖစ္ေစဖို႔ ရည္ရြယ္ ပါတယ္"ဟု ျမန္မာအသည္းေဖာင္ေဒးရွင္း(လားရိႈးရံုးခြဲ)မွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အသည္းေရာင္အသားဝါ ( ဘီ )ပိုးအား HBV ဟု ေခၚဆိုၿပီး ကူးစက္မႈအလြယ္ဆံုးႏွင့္ ကူးစက္ႏိုင္မႈ အမ်ားဆံုး ျဖစ္ကာ ေရာဂါျဖစ္ပြားသူ (၃)ဦးလွ်င္ လူ(၁)ဦးအား ထပ္မံကူးစက္ေစႏိုင္ၿပီး နာတာရွည္အသည္းေရာင္ ေရာဂါကို ျဖစ္ပြားေစႏိုင္ကာ ေရာဂါျဖစ္ပြားၿပီး (၃)လ အၾကာတြင္ ေမာျခင္း၊ ႏံုးျခင္း၊ ပ်ိဳ႕အန္ျခင္း၊ မစားခ်င္ မေသာက္ခ်င္စိတ္ ျဖစ္ျခင္း၊ မ်က္လံုး/အသား ဝါျခင္း၊ ဆီးအေရာင္ရင့္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ညာဘက္ရင္ဘက္ေအာက္ပိုင္းေအာင့္ျခင္း စသည့္ လကၡဏာမ်ား ျဖစ္ေပၚေစႏိုင္ေၾကာင္း သိရသည္။

 အခမဲ့စစ္ေဆးမႈတြင္ ေရာဂါပိုးရွာေဖြေတြ႔ရွိသူမ်ားကို သက္သာေသာေစ်းႏႈန္းျဖင့္ ကာကြယ္ေဆးထိုးေပးျခင္း၊ ( ကာကြယ္ေဆး အခမဲ့ရရွိခ်ိန္တြင္ ၎တို႔ကိုအေၾကာင္းၾကားေပးျခင္း)တို႔အျပင္ ေရာဂါပိုးေတြ႔ရွိသူ လူနာမ်ားအား က်န္းမာေရးတိုင္ပင္ေဆြးေႏြးမႈမ်ားကိုလည္း ျပဳလုပ္ေပးေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


အသည်းရောင်အသားဝါ(ဘီ)ပိုးနှင့် ( စီ ) ပိုး အခမဲ့စစ်ဆေးခြင်းကို မြန်မာအသည်းဖောင်ဒေးရှင်း(ဗဟို) နှင့် လားရှိုးရုံးခွဲတို့ ပူးပေါင်း၍ လားရှိုးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ရာ လူဦးရေ (၄၀)ဝန်းကျင် လာရောက်ကာ စစ်ဆေးမှု ခံယူကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက် ( ၁၂ )အတွင်းရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ၂၀၁၉ခုနှစ် ဇွန်လ (၁၈)ရက် နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)ပိုး အခမဲ့စစ်ဆေးမှုပြုလုပ်ပေးရာ လားရှိုးမြို့အတွင်းရှိ လူဦးရေ (၄၀)ဝန်းကျင်မှ လာရောက်၍ စစ်ဆေးမှုခံယူကြခြင်း ဖြစ်သည်။

"အသည်းရောင်အသားဝါ (ဘီ)ပိုးနဲ့(စီ)ပိုး ဆိုရင် အတော်များများက မိမိမှာ ရှိ မရှိစစ်ဆေးဖို့ သတိမရကြဘူး၊ အခုလို အခမဲ့ စစ်ဆေးပေးလိုက်ခြင်းအားဖြင့် အဓိကအားဖြင့် ဆေးရုံ ဆေးခန်းတွေ သွားလာဖို့ အချိန် နဲ့ ငွေကြေး အခက်အခဲ ဖြစ်နေသူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ် ပါတယ်"ဟု မြန်မာအသည်းဖောင်ဒေးရှင်း(လားရှိုးရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသည်းရောင်အသားဝါ ( ဘီ )ပိုးအား HBV ဟု ခေါ်ဆိုပြီး ကူးစက်မှုအလွယ်ဆုံးနှင့် ကူးစက်နိုင်မှု အများဆုံး ဖြစ်ကာ ရောဂါဖြစ်ပွားသူ (၃)ဦးလျှင် လူ(၁)ဦးအား ထပ်မံကူးစက်စေနိုင်ပြီး နာတာရှည်အသည်းရောင် ရောဂါကို ဖြစ်ပွားစေနိုင်ကာ ရောဂါဖြစ်ပွားပြီး (၃)လ အကြာတွင် မောခြင်း၊ နုံးခြင်း၊ ပျို့အန်ခြင်း၊ မစားချင် မသောက်ချင်စိတ် ဖြစ်ခြင်း၊ မျက်လုံး/အသား ဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ညာဘက်ရင်ဘက်အောက်ပိုင်းအောင့်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

 အခမဲ့စစ်ဆေးမှုတွင် ရောဂါပိုးရှာဖွေတွေ့ရှိသူများကို သက်သာသောဈေးနှုန်းဖြင့် ကာကွယ်ဆေးထိုးပေးခြင်း၊ ( ကာကွယ်ဆေး အခမဲ့ရရှိချိန်တွင်၎င်းတို့ကိုအကြောင်းကြားပေးခြင်း)တို့အပြင် ရောဂါပိုးတွေ့ရှိသူ လူနာများအား ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှုများကိုလည်း ပြုလုပ်ပေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net