လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ျပည္သူမ်ားအၾကား တိုက္ရိုက္ဆက္သြယ္ ေတြ႔ဆံုပြဲ ေက်ာက္မဲတြင္ က်င္းပ

လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ျပည္သူမ်ားအၾကား တိုက္ရိုက္ဆက္သြယ္ ေတြ႔ဆံုပြဲ ေက်ာက္မဲတြင္ က်င္းပ
ဇွန် 30, 2019
By Tachileik News Agency

ေရႊေရာင္အနာဂါတ္အဖြဲ႔ႏွင့္ ျမန္မာ့ပဥၥမမ႑ိဳင္အဖြဲ႔တို႔ ပူးေပါင္း၍ ပြင့္လင္းလႊတ္ေတာ္အစီအစဥ္ အရ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ျပည္သူမ်ားအၾကားတိုက္ရိုက္ဆက္သြယ္ ေတြ႔ဆံုပြဲကို   ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္၂၀၁၉ ခုႏွစ္ ဇြန္လ (၃၀) ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့ရာ ေျမ/ယာျပသနာ ႏွင့္ စည္ပင္သာယာေရးႏွင့္သက္ဆိုင္ေသာ ျပသနာမ်ားကို ျပည္သူမ်ားက အမ်ားဆံုးတင္ျပေဆြးေႏြးၾကသည္။

Golden Future Myanmar ( ေရႊေရာင္အနာဂါတ္အဖြဲ႔) ႏွင့္ ျမန္မာ့ပဥၥမမ႑ိဳင္အဖြဲ႔တို႔က ရွမ္းျပည္နယ္အတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ျပည္သူလူထုတိုက္ရိုက္ေတြ႔ဆံုပြဲကို ၿမိဳ႕နယ္ (၃) ခုတြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕တြင္ ပထမဆံုး လာေရာက္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီမိုကေရစီစနစ္ကိုစတင္ျခင္းရဲ့တစ္စိတ္တစ္ပိုင္းလို႔ ယူဆရတဲ့အလုပ္ပါ။ အားလံုးကိုေတာ့ အဲဒီအဖြဲ႔ ႏွစ္ဖြဲ႔ကစီစဥ္တာ။ ဒီေန႔ေကာင္းတာက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအပါအဝင္ အာဏာပိုင္အဖြဲ႔ေတြရယ္ လူထုထဲက ရပ္မိရပ္ဖေတြလဲ စံုစံုလင္လင္တက္ေရာက္ၾကတယ္။ အဓိကက ေဒသဖြံ႔ၿဖိဳးေရးနဲ႔ပတ္သက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ေဆာင္ရြက္ခ်က္ေတြကို ကိုယ္စားလွယ္ေတြက ရွင္းျပတာပါ။ သိမ္းဆည္းေျမမ်ားျပန္လည္စိစစ္ေရးေကာ္မတီက ကြင္းဆင္းစစ္ေဆးတုန္းကေတြ႔ရတဲ့ ေျမယာအမႈ (၁၀) မႈေလာက္ရဲ့အေျခအေနကိုရွင္းျပခဲ့ပါတယ္။ လူထုကျပန္ၿပီး တင္ျပေမးျမန္းတာက စည္ပင္နဲ႔ပတ္သက္တဲ့ လမ္း၊ အမႈိက္ အဲဒီလိုျပသနာေတြရယ္ ေျမယာကိစၥေတြရယ္ ရွိတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္သက္တမ္းမွာေတာ့ ေက်ာက္မဲၿမိဳ႕မွာ အခုလို အဖြဲ႔အစည္းတစ္ခုကေန ဦးေဆာင္ၿပီး ကိုယ္စားလွယ္ေတြနဲ႔ လူထုကို တိုက္ရိုက္ေတြ႔ဆံုေပးတာ ပထမဆံုးပါပဲ။ ေကာင္းမြန္တဲ့ကိစၥ ျဖစ္ပါတယ္" ဟု ေက်ာက္မဲၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပုဂၢလိကႏွင့္သက္ဆိုင္သည့္ ေျမယာျပသနာ (၃) ခု၊ စစ္တပ္ႏွင့္ပတ္သက္သည့္ ေျမယာျပသနာ (၄) ခု အပါအဝင္ ေျမယာျပသနာ (၁၀) ခုကို တင္ျပၾကၿပီး လမ္းျပဳျပင္ျခင္း၊ ေဖါက္လုပ္ျခင္း၊ အမႈိက္သိမ္းဆည္းျခင္း၊ ရွင္းလင္းျခင္းစသည့္ စည္ပင္သာယာေရးႏွင့္ သက္ဆိုင္သည့္ ကိစၥမ်ားကို ျပည္သူလူထုကတင္ျပေမးျမန္းခဲ့ၿပီး သက္ဆိုင္ရာ ဌာနမ်ားမွ တက္ေရာက္လာသည့္ တာဝန္ရွိသူ မ်ားက ျပန္လည္ရွင္းလင္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕  အမွတ္ (၁)ရပ္ကြက္၊ သီရိမဂၤလာလမ္းရွိ ေငြပုဂံခန္းမ၌ ဇြန္လ (၃၀) ရက္ေန႔ နံနက္ (၉) နာရီမွ မြန္းလြဲ (၂)နာရီခြဲအထိ ျပဳလုပ္သည့္ အဆိုပါ ေတြ႔ဆံုပြဲသို႔ ေက်ာက္မဲၿမိဳ႕ရွိ ၿမိဳ႕နယ္္အဆင့္ဌာနဆိုင္ရာမ်ား၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေဒသခံ ရပ္မိရပ္ဖ မ်ားအပါအဝင္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - Golden Future Organization


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွှေရောင်အနာဂါတ်အဖွဲ့နှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်း၍ ပွင့်လင်းလွှတ်တော်အစီအစဉ် အရ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများအကြားတိုက်ရိုက်ဆက်သွယ် တွေ့ဆုံပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်၂၀၁၉ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြေ/ယာပြသနာ နှင့် စည်ပင်သာယာရေးနှင့်သက်ဆိုင်သော ပြသနာများကို ပြည်သူများက အများဆုံးတင်ပြဆွေးနွေးကြသည်။

Golden Future Myanmar ( ရွှေရောင်အနာဂါတ်အဖွဲ့) နှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့က ရှမ်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူလူထုတိုက်ရိုက်တွေ့ဆုံပွဲကို မြို့နယ် (၃) ခုတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်မဲမြို့တွင် ပထမဆုံး လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီမိုကရေစီစနစ်ကိုစတင်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို့ ယူဆရတဲ့အလုပ်ပါ။ အားလုံးကိုတော့ အဲဒီအဖွဲ့ နှစ်ဖွဲ့ကစီစဉ်တာ။ ဒီနေ့ကောင်းတာက မြို့နယ်အုပ်ချုပ်ရေးအပါအဝင် အာဏာပိုင်အဖွဲ့တွေရယ် လူထုထဲက ရပ်မိရပ်ဖတွေလဲ စုံစုံလင်လင်တက်ရောက်ကြတယ်။ အဓိကက ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ကိုယ်စားလှယ်တွေက ရှင်းပြတာပါ။ သိမ်းဆည်းမြေများပြန်လည်စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးတုန်းကတွေ့ရတဲ့ မြေယာအမှု (၁၀) မှုလောက်ရဲ့အခြေအနေကိုရှင်းပြခဲ့ပါတယ်။ လူထုကပြန်ပြီး တင်ပြမေးမြန်းတာက စည်ပင်နဲ့ပတ်သက်တဲ့ လမ်း၊ အမှိုက် အဲဒီလိုပြသနာတွေရယ် မြေယာကိစ္စတွေရယ် ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းမှာတော့ ကျောက်မဲမြို့မှာ အခုလို အဖွဲ့အစည်းတစ်ခုကနေ ဦးဆောင်ပြီး ကိုယ်စားလှယ်တွေနဲ့ လူထုကို တိုက်ရိုက်တွေ့ဆုံပေးတာ ပထမဆုံးပါပဲ။ ကောင်းမွန်တဲ့ကိစ္စ ဖြစ်ပါတယ်" ဟု ကျောက်မဲမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ပုဂ္ဂလိကနှင့်သက်ဆိုင်သည့် မြေယာပြသနာ (၃) ခု၊ စစ်တပ်နှင့်ပတ်သက်သည့် မြေယာပြသနာ (၄) ခု အပါအဝင် မြေယာပြသနာ (၁၀) ခုကို တင်ပြကြပြီး လမ်းပြုပြင်ခြင်း၊ ဖောက်လုပ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်း၊ ရှင်းလင်းခြင်းစသည့် စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် ကိစ္စများကို ပြည်သူလူထုကတင်ပြမေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဌာနများမှ တက်ရောက်လာသည့် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ငွေပုဂံခန်းမ၌ ဇွန်လ (၃၀) ရက်နေ့ နံနက် (၉) နာရီမှ မွန်းလွဲ (၂)နာရီခွဲအထိ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲသို့ ကျောက်မဲမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ ရပ်မိရပ်ဖ များအပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Golden Future Organization

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net