ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပား(၄၂)သိန္းေက်ာ္ ႏွင့္ မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပား(၄၂)သိန္းေက်ာ္ ႏွင့္ မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
ဇွန် 15, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေရပူစမ္းေက်းရြာအနီး ႏွင့္ ပါခါးေက်းရြာအနီးတို႔တြင္ စိတ္ၾကြေဆးျပား (၄၂)သိန္းခြဲေက်ာ္ အပါအ၀င္ မူးယစ္ေဆး၀ါးမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ား အျပင္ လက္နက္ခဲယမ္းမ်ားကို တပ္မေတာ္ ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ နယ္ေျမရွင္းလင္းစဥ္ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔ ညေနပိုင္းက ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

တပ္မေတာ္ႏွင့္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔ ညေန (၃)နာရီခြဲ ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ပါခါးေက်းရြာတစ္၀ိုက္တြင္ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ ပါခါးေက်းရြာ၏ ေျမာက္ဘက္ ရြာအစြန္ဆံုး အိမ္၀ိုင္းအေနာက္ဘက္ရွိ ေျမသားေရဆင္းေျမာင္းအတြင္း  သစ္ကိုင္းမ်ားျဖင့္ ပံုဖ်က္ဖံုးအုပ္ထားကာ တာလပတ္စျဖင့္ ဖံုးအုပ္ထားၿပီး စိတ္ၾကြေဆးျပား စုစုေပါင္း (၄၁)သိန္း ထည့္ထားသည့္ ဆာလာအိတ္ (၂၁)လံုး ႏွင့္ ၾကြပ္ၾကြပ္အိတ္ (၂)အိတ္ျဖည့္ ထည့္ထားသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း(၁၅၄,၀၀၀)ျပားအားေတြ႔ရွိရာ စိတ္ၾကြေဆးျပား စုစုေပါင္းမွာ (၄,၂၅၄,၀၀၀)ျပားရွိေၾကာင္း သိရသည္။

ယင္းအျပင္ ေၿမြေရခြံအိတ္ျဖင့္ထည့္ထားၿပီး စုစုေပါင္း အေလးခ်ိန္ (၅)ကီလို၀န္းက်င္ရွိသည့္ ဘိန္းညိဳမႈန္႔မ်ားအား လည္းေကာင္း၊ ကတ္တမင္းဟိုက္ၿဒဳိလ္ကလိုရိုက္ (၉၀၀)ဂရမ္အား လည္းေကာင္း၊ စိတ္ၾကြေဆးမႈန္႔ (၁.၉)ကီလိုအား လည္းေကာင္း ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး ဆက္စပ္ပစၥည္းမ်ားအေနျဖင့္ စိတ္ၾကြရူးသြပ္ေဆးျပားထည့္သည့္ ကပ္ခြာအိတ္ (၁၉,၈၀၀)အိတ္၊ 777 စာတမ္းပါ တံဆိပ္၀ိုင္း (၂)ခု ႏွင့္ 777 စာတမ္းပါ ေလးေထာင့္ တံဆိပ္(၃)ခု အျပင္ 999 စာတမ္းပါ ေလးေထာင့္ တံဆိပ္တံုး (၁)ခု တို႔အား လည္းေကာင္း၊ အင္းပတ္(၁)ခု၊ ဒစ္ဂ်စ္တယ္ ခ်ိန္ခြင္အႀကီး(၂)ခု ႏွင့္ အေသး(၆)ခု၊  လက္ကိုင္စကားေျပာစက္ စုစုေပါင္း (၄)လံုး၊ ေဆးျပားေရတြက္ရန္ အသံုးျပဳသည့္ ပလပ္စတစ္ဗန္း(၁)ခု၊ (၁)လီတာပါသည့္ ေမ်ာက္တံဆိပ္ အနံ႔ေဆးရည္ (၈)ပုလင္းတို႔ကလည္း ရွာေဖြေတြ႔ရွိရာတြင္ ပါ၀င္ေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိမႈအေနျဖင့္ ပြိဳင့္ ၂၂ အမ်ဳိးအစား ေသနတ္(၃)လက္ ႏွင့္ က်ည္(၂)ကဒ္၊ (၁)လံုးထိုး ေသနတ္(၁)လက္၊ တူရကီ ေသနတ္(၁)လက္ ႏွင့္ က်ည္(၂)ကဒ္၊ M22 ေသနတ္(၁)လက္ ႏွင့္ က်ည္ကဒ္(၁)ခု၊ မမပစၥတို (၁)လက္ ႏွင့္ က်ည္(၁)ကဒ္၊ အီတလီႏိုင္ငံလုပ္ ပစၥတိုေသနတ္(၁)လက္ ႏွင့္ က်ည္(၁)ကဒ္၊ ဂ်ာမနီႏိုင္ငံထုတ္ ပစၥတို ေသနတ္(၁)လက္ ႏွင့္ က်ည္(၁)ကဒ္၊ M16 က်ည္(၁)ကဒ္၊ 12 ဗို႔ က်ည္(၃၂၀)ေတာင့္၊ ပြင့္ ၂၂ ေငြေရာင္က်ည္ (၂၃၀၀)ေတာင့္၊ ပြိဳင့္ ၂၂ ေရႊေရာင္က်ည္ (၂၅၀၀)ေတာင့္၊ ပြိဳင့္ ၂၂ 8Port (၁၄၀၀၀)ေတာင့္၊ ၅.၅၆က်ည္ (၁၅၉)ေတာင့္ ႏွင့္ အသံတိတ္ေျပာင္းတို (၁)ခုတို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ၁၉(က)/၂၂(ခ)ျဖင့္ ဇြန္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက အမႈဖြင့္ထားရွိၿပီး မူးယစ္ေဆး၀ါးႏွင့္ လက္နက္မ်ား၏ ပိုင္ရွင္မ်ားအား ဖမ္းဆီးရမိေရးအတြက္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ စံုစမ္းေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္  တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေရပူစမ္းေက်းရြာအနီးတြင္ ဇြန္လ(၁၄)ရက္ေန႔ ေန႔လည္(၁)နာရီ၀န္းက်င္အခ်ိန္က တပ္မေတာ္ႏွင့္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔တို႔မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ လူမေနသည့္ ကြန္ကရစ္တစ္ထပ္တိုက္တစ္လံုးအား ေတြ႔ရွိ မသကၤာ၍ ၀င္ေရာက္ၾကည့္ရႈ စစ္ေဆးရာက  မူးယစ္ေဆး၀ါးမ်ားႏွင့္ ဆက္စက္ပစၥည္းမ်ားအား သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ တိုက္အတြင္းမွ စုစုေပါင္း အေလးခ်ိန္ (၅.၃)ကီလို၀န္းက်င္ရွိသည့္ ဘိန္းျဖဴမ်ားအား လည္းေကာင္း၊ မူးယစ္ေဆး၀ါး ထုတ္လုပ္မႈတြင္ အသံုးျပဳသည့္ အေျခာက္ခံစက္(၁)လံုး ႏွင့္ အိတ္ပိတ္စက္ (၁)လံုး၊ လက္ဆြဲမီးစက္အေသး (၂)လံုး အပါအ၀င္ ဆက္စပ္ပစၥည္း (၁၉)မ်ဳိးတုိ႔အား ေတြ႔ရွိကာ ပိုင္ရွင္မ့ဲ့အျဖစ္ သိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းကျေးရွာအနီး နှင့် ပါခါးကျေးရွာအနီးတို့တွင် စိတ်ကြွဆေးပြား (၄၂)သိန်းခွဲကျော် အပါအဝင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ အပြင် လက်နက်ခဲယမ်းများကို တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းစဉ် ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ ညနေပိုင်းက ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ ညနေ (၃)နာရီခွဲ ဝန်းကျင်အချိန်က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခါးကျေးရွာတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ပါခါးကျေးရွာ၏ မြောက်ဘက် ရွာအစွန်ဆုံး အိမ်ဝိုင်းအနောက်ဘက်ရှိ မြေသားရေဆင်းမြောင်းအတွင်း သစ်ကိုင်းများဖြင့် ပုံဖျက်ဖုံးအုပ်ထားကာ တာလပတ်စဖြင့် ဖုံးအုပ်ထားပြီး စိတ်ကြွဆေးပြား စုစုပေါင်း (၄၁)သိန်း ထည့်ထားသည့် ဆာလာအိတ် (၂၁)လုံး နှင့် ကြွပ်ကြွပ်အိတ် (၂)အိတ်ဖြည့် ထည့်ထားသည့် စိတ်ကြွဆေးပြား စုစုပေါင်း(၁၅၄,ဝဝဝ)ပြားအားတွေ့ရှိရာ စိတ်ကြွဆေးပြား စုစုပေါင်းမှာ (၄,၂၅၄,ဝဝဝ)ပြားရှိကြောင်း သိရသည်။

ယင်းအပြင် မြွေရေခွံအိတ်ဖြင့်ထည့်ထားပြီး စုစုပေါင်း အလေးချိန် (၅)ကီလိုဝန်းကျင်ရှိသည့် ဘိန်းညိုမှုန့်များအား လည်းကောင်း၊ ကတ်တမင်းဟိုက်ဒြိုလ်ကလိုရိုက် (၉၀၀)ဂရမ်အား လည်းကောင်း၊ စိတ်ကြွဆေးမှုန့် (၁.၉)ကီလိုအား လည်းကောင်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအနဖြေင့် စိတ်ကြွရူးသွပ်ဆေးပြားထည့်သည့် ကပ်ခွာအိတ် (၁၉,၈၀၀)အိတ်၊ 777 စာတမ်းပါ တံဆိပ်ဝိုင်း (၂)ခု နှင့် 777 စာတမ်းပါ လေးထောင့် တံဆိပ်(၃)ခု အပြင် 999 စာတမ်းပါ လေးထောင့် တံဆိပ်တုံး (၁)ခု တို့အား လည်းကောင်း၊ အင်းပတ်(၁)ခု၊ ဒစ်ဂျစ်တယ် ချိန်ခွင်အကြီး(၂)ခု နှင့် အသေး(၆)ခု၊ လက်ကိုင်စကားပြောစက် စုစုပေါင်း (၄)လုံး၊ ဆေးပြားရေတွက်ရန် အသုံးပြုသည့် ပလပ်စတစ်ဗန်း(၁)ခု၊ (၁)လီတာပါသည့် မျောက်တံဆိပ် အနံ့ဆေးရည် (၈)ပုလင်းတို့ကလည်း ရှာဖွေတွေ့ရှိရာတွင် ပါဝင်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုအနဖြေင့် ပွိုင့် ၂၂ အမျိုးအစား သေနတ်(၃)လက် နှင့် ကျည်(၂)ကဒ်၊ (၁)လုံးထိုး သေနတ်(၁)လက်၊ တူရကီ သေနတ်(၁)လက် နှင့် ကျည်(၂)ကဒ်၊ M22 သေနတ်(၁)လက် နှင့် ကျည်ကဒ်(၁)ခု၊ မမပစ္စတို (၁)လက် နှင့် ကျည်(၁)ကဒ်၊ အီတလီနိုင်ငံလုပ် ပစ္စတိုသေနတ်(၁)လက် နှင့် ကျည်(၁)ကဒ်၊ ဂျာမနီနိုင်ငံထုတ် ပစ္စတို သေနတ်(၁)လက် နှင့် ကျည်(၁)ကဒ်၊ M16 ကျည်(၁)ကဒ်၊ 12 ဗို့ ကျည်(၃၂၀)တောင့်၊ ပွင့် ၂၂ ငွေရောင်ကျည် (၂၃၀၀)တောင့်၊ ပွိုင့် ၂၂ ရွှေရောင်ကျည် (၂၅၀၀)တောင့်၊ ပွိုင့် ၂၂ 8Port (၁၄၀၀၀)တောင့်၊ ၅.၅၆ကျည် (၁၅၉)တောင့် နှင့် အသံတိတ်ပြောင်းတို (၁)ခုတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၂(ခ)ဖြင့် ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက အမှုဖွင့်ထားရှိပြီး မူးယစ်ဆေးဝါးနှင့် လက်နက်များ၏ ပိုင်ရှင်များအား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းကျေးရွာအနီးတွင် ဇွန်လ(၁၄)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူမနေသည့် ကွန်ကရစ်တစ်ထပ်တိုက်တစ်လုံးအား တွေ့ရှိ မသင်္ကာ၍ ဝင်ရောက်ကြည့်ရှု စစ်ဆေးရာက မူးယစ်ဆေးဝါးများနှင့် ဆက်စက်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ တိုက်အတွင်းမှ စုစုပေါင်း အလေးချိန် (၅.၃)ကီလိုဝန်းကျင်ရှိသည့် ဘိန်းဖြူများအား လည်းကောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် အသုံးပြုသည့် အခြောက်ခံစက်(၁)လုံး နှင့် အိတ်ပိတ်စက် (၁)လုံး၊ လက်ဆွဲမီးစက်အသေး (၂)လုံး အပါအဝင် ဆက်စပ်ပစ္စည်း (၁၉)မျိုးတို့အား တွေ့ရှိကာ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net