တာချီလိတ်မြို့နယ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများ၏ တင်ဒါအောင် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များအမြဲရှိနေ၍ ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားနေရ
တာချီလိတ်မြို့နယ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများ၏ တင်ဒါအောင် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များအမြဲရှိနေ၍ ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားနေရ
ဇှနျ 9, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်တည်ဆောက်ရေးကော်မတီအနေဖြင့် တာချီလိတ်မြို့နှင့် ကျိုင်းလပ်မြို့ အတွင်းရှိ အဆောက်အဦး (၄) လုံးကို စစ်ဆေးရာ၌ တင်ပြထားသည့် အဆောက်အဦးပုံစံများနှင့် မြေပြင်တွင် ဆောက်လုပ်ထားသည့် အနေအထားကွဲလွဲနေမှုနှင့် အသေးစားလိုအပ်ချက်များတွေ့ရှိသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ကျိုင်းလပ်မြို့၊ နမ့်ငေါကျေးလက်ကျန်းမာရေးဌာနခွဲကို ခွင့်ပြုငွေကျပ် (၆၂.၅) သန်း၊ ကျိုင်းလပ်မြို့၊ ဝမ်နတ် အခြေခံပညာအထက်တန်းကျောင်းကို ခွင့်ပြုငွေကျပ် (၇၁.၅၅၂) သန်း၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ယာ၊ ဆေးရုံအုပ်နေအိမ်တို့ကို ခွင့်ပြုငွေကျပ် (၃၇၄.၂၆) သန်းနှင့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ စီမံကိန်း ဦးစီးမှူးရုံးကို ခွင့်ပြုရန်ပုံငွေကျပ် (၉၃.၁၈) သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီများကို ခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချိန်တွင် ကွဲလွဲမှု အချို့ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများမှ တည်ဆောက်နေသည့် တင်ဒါအောင် အဆောက်အဦးများကို မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့က ၂၀၁၉ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် လိုက်လံစစ်ဆေးရာ လိုအပ်ချက်များရှိနေသဖြင့် ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့အနေနဲ့ တာချီလိတ်၊ ကျိုင်းလပ်မြို့မှာရှိတဲ့ ဝမ်နက်အခြေခံပညာ မူလတန်းကျောင်း ရေမြောင်းတွေ၊ တံခါးလေးတွပြေန်လုပ်ဖို့ ပြောခဲ့တယ်ပေါ့။ ကုမ္ပဏီဘက်ကလည်း ပြန်လုပ်ပေးမယ်။ နန့်ငေါ့ကျန်းမာရေးဌာန စစ်ဆေးတော့ လိုအပ်ချက်လေးတွေရှိနေတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ ပြောခဲ့ပါတယ်။ အရည်အသွေးမီ၊ သတ်မှတ်စံချိန်စံညွှန်းအမီ ဆောင်ရွက်သွားနိုင်အောင် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို တွန်းအားပေးသွားမှာပါ။ နိုင်ငံတော်ကချထားတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့် ဆုံးရှုံးမှုမရှိအောင် တည်ကော်အဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်နေတာပဲဖြစ်ပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်တည်ဆောက်ရေးကော်မတီအနဖြေင့် တာချီလိတ်မြို့နှင့် ကျိုင်းလပ်မြို့ အတွင်းရှိ အဆောက်အဦး (၄) လုံးကို စစ်ဆေးရာ၌ တင်ပြထားသည့် အဆောက်အဦးပုံစံများနှင့် မြပြေင်တွင် ဆောက်လုပ်ထားသည့် အနေအထားကွဲလွဲနေမှုနှင့် အသေးစားလိုအပ်ချက်များတွေ့ရှိသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ကျိုင်းလပ်မြို့၊ နမ့်ငေါကျေးလက်ကျန်းမာရေးဌာနခွဲကို ခွင့်ပြုငွေကျပ် (၆၂.၅) သန်း၊ ကျိုင်းလပ်မြို့၊ ဝမ်နတ် အခြေခံပညာအထက်တန်းကျောင်းကို ခွင့်ပြုငွေကျပ် (၇၁.၅၅၂) သန်း၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ယာ၊ ဆေးရုံအုပ်နေအိမ်တို့ကို ခွင့်ပြုငွေကျပ် (၃၇၄.၂၆) သန်းနှင့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ စီမံကိန်း ဦးစီးမှူးရုံးကို ခွင့်ပြုရန်ပုံငွေကျပ် (၉၃.၁၈) သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီများကို ခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချိန်တွင် ကွဲလွဲမှု အချို့ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net