က်ေပ်ာက္သြားသည့္ပိုက္ဆံအိတ္ကို ျပန္ေပးသည့္ရိုးသားသူဟု လူမႈကြန္ယက္တြင္ ဇာတ္လမ္းထြင္ေရးသားမႈျဖင့္ ထုိင္းအမ်ိဳးသမီး ကြန္ပ်ဴတာအက္ဥပေဒျဖင့္ ရင္ဆုိင္ေနရ

က်ေပ်ာက္သြားသည့္ပိုက္ဆံအိတ္ကို ျပန္ေပးသည့္ရိုးသားသူဟု လူမႈကြန္ယက္တြင္ ဇာတ္လမ္းထြင္ေရးသားမႈျဖင့္ ထုိင္းအမ်ိဳးသမီး ကြန္ပ်ဴတာအက္ဥပေဒျဖင့္ ရင္ဆုိင္ေနရ
ဇွန် 24, 2019
By 🌸
က်ေပ်ာက္ခဲ့သည့္ပိုက္ဆံအိတ္ကို ေကာက္ရသူက ရိုးသားစြာျပန္ေပးလာသည္ဟု  ထိုင္းအမ်ိဳးသမီးတစ္ဦးက လူမႈကြန္ယက္တြင္ ဇာတ္လမ္းထြင္ေရးခဲ့ရာ လူေပါင္းမ်ားစြာက ဝိုင္းဝန္းခ်ီးက်ဴး ျပန္လည္မွ်ေဝခဲ့ၾကၿပီးေနာက္ ပို႔စ္ေရးတင္သည့္အမ်ိဳးသမီးမွာ ကြန္ပ်ဴတာအက္ဥပေဒျဖင့္ ရင္ဆုိင္ေနရေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ ဥပေဒအရ ေထာင္ဒဏ္ (၅)ႏွစ္ သို႔မဟုတ္ ဒဏ္ေငြ ဘတ္(၁)သိန္း သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လံုး ခ်မွတ္ႏုိင္သည့္ ဥပေဒျဖင့္ ရင္ဆုိင္ေနရျခင္းျဖစ္သည္။

ပိုက္ဆံအိတ္ေကာက္ရသည့္အမ်ိဳးသားက ၎မွာဆင္းရဲေသာ္လည္း ပိုက္ဆံအိတ္ျပန္ေပးရန္ဆံုးျဖတ္ခဲ့ေၾကာင္း ေရးသားထားသည့္စာႏွင့္အတူ ပိုက္ဆံအိတ္ပံုကိုတြဲ၍ Punnarom Supablapaskorn ဆိုသည့္အမ်ိဳးသမီးတစ္ဦး၏ လူမႈကြန္ယက္စာမ်က္ႏွာ facebook တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လအေစာပိုင္းက ေရးသားေဖၚျပလာရာ အခ်ိဳ႕က သံသယျဖစ္ၾကေသာ္လည္း လူေပါင္းတစ္သိန္းေက်ာ္က ျပန္လည္မွ်ေဝခဲ့ၾကေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အဆိုပါအျဖစ္အပ်က္ႏွင့္ပတ္သက္၍ အမ်ိဳးသမီးေနထုိင္ရာေနရာဝန္းက်င္ သက္ေသအေထာက္အထား၊ စာပို႔လုပ္ငန္းတုိ႔တြင္ စစ္ေဆးၿပီးေနာက္ မဟုတ္မမွန္ေရးသားထားသည္ကို ေတြ႔ရိွရသျဖင့္ အခ်က္အလက္မွားမ်ားကို ရည္ရြယ္ခ်က္ရိွရိွေရးသားေဖၚျပသည္ဟုဆိုကာ ကြန္ပ်ဴတာအက္ဥပေဒျဖင့္ အေရးယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Facebook ပို႔စ္အား ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈႏွင့္ပတ္သက္၍ လူအမ်ားက နားမလည္ႏုိင္ဘဲျဖစ္ေနၾကၿပီး အဆိုပါအမ်ိဳးသမီးမွာလည္း လူမႈကြန္ယက္စာမ်က္ႏွာအေကာင့္ကို ဖ်က္သြားခဲ့ေၾကာင္း သိရသည္။
လူမႈကြန္ယက္တြင္ ေရးသားထားသည္မ်ားကို ျပန္လည္မွ်ေဝရာ၌ အခ်က္အလက္မွားမ်ားမျဖစ္ေစရန္ စိစစ္ၿပီး မွ်ေဝၾကရန္ ရဲတပ္ဖြဲ႕က တုိက္တြန္းထားသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျပျောက်သွားသည့်ပိုက်ဆံအိတ်ကို ပြန်ပေးသည့်ရိုးသားသူဟု လူမှုကွန်ယက်တွင် ဇာတ်လမ်းထွင်ရေးသားမှုဖြင့် ထိုင်းအမျိုးသမီး ကွန်ပျူတာအက်ဥပဒေဖြင့် ရင်ဆိုင်နေရ
**************
ကျပျောက်ခဲ့သည့်ပိုက်ဆံအိတ်ကို ကောက်ရသူက ရိုးသားစွာပြန်ပေးလာသည်ဟု  ထိုင်းအမျိုးသမီးတစ်ဦးက လူမှုကွန်ယက်တွင် ဇာတ်လမ်းထွင်ရေးခဲ့ရာ လူပေါင်းများစွာက ဝိုင်းဝန်းချီးကျူး ပြန်လည်မျှဝေခဲ့ကြပြီးနောက် ပို့စ်ရေးတင်သည့်အမျိုးသမီးမှာ ကွန်ပျူတာအက်ဥပဒေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ဥပဒေအရ ထောင်ဒဏ် (၅)နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်(၁)သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် ဥပဒေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပိုက်ဆံအိတ်ကောက်ရသည့်အမျိုးသားက ၎င်းမှာဆင်းရဲသော်လည်း ပိုက်ဆံအိတ်ပြန်ပေးရန်ဆုံးဖြတ်ခဲ့ကြောင်း ရေးသားထားသည့်စာနှင့်အတူ ပိုက်ဆံအိတ်ပုံကိုတွဲ၍ Punnarom Supablapaskorn ဆိုသည့်အမျိုးသမီးတစ်ဦး၏ လူမှုကွန်ယက်စာမျက်နှာ facebook တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လအစောပိုင်းက ရေးသားဖေါ်ပြလာရာ အချို့က သံသယဖြစ်ကြသော်လည်း လူပေါင်းတစ်သိန်းကျော်က ပြန်လည်မျှဝေခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အမျိုးသမီးနေထိုင်ရာနေရာဝန်းကျင် သက်သေအထောက်အထား၊ စာပို့လုပ်ငန်းတို့တွင် စစ်ဆေးပြီးနောက် မဟုတ်မမှန်ရေးသားထားသည်ကို တွေ့ရှိရသဖြင့် အချက်အလက်မှားများကို ရည်ရွယ်ချက်ရှိရှိရေးသားဖေါ်ပြသည်ဟုဆိုကာ ကွန်ပျူတာအက်ဥပဒေဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Facebook ပို့စ်အား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ လူအများက နားမလည်နိုင်ဘဲဖြစ်နေကြပြီး အဆိုပါအမျိုးသမီးမှာလည်း လူမှုကွန်ယက်စာမျက်နှာအကောင့်ကို ဖျက်သွားခဲ့ကြောင်း သိရသည်။

လူမှုကွန်ယက်တွင် ရေးသားထားသည်များကို ပြန်လည်မျှဝေရာ၌ အချက်အလက်မှားများမဖြစ်စေရန် စိစစ်ပြီး မျှဝေကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net