က်ဳိင္းတံုၿမိဳ႕တြင္ ဖခင္ထံက ေငြေတာင္းမရ၍ ဆိုင္ကယ္ကို မီးရႈိ႕ဖ်က္ဆီးသည့္အျပင္ အိမ္အတြင္း ပစၥည္းမ်ား ဖ်က္ဆီးမႈေၾကာင့္ အမႈဖြင့္တိုင္ၾကား

က်ဳိင္းတံုၿမိဳ႕တြင္ ဖခင္ထံက ေငြေတာင္းမရ၍ ဆိုင္ကယ္ကို မီးရႈိ႕ဖ်က္ဆီးသည့္အျပင္ အိမ္အတြင္း ပစၥည္းမ်ား ဖ်က္ဆီးမႈေၾကာင့္ အမႈဖြင့္တိုင္ၾကား
ဇွန် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕ မိုင္းလပ္ေက်းရြာအုပ္စုရွိ ျပည္ၿငိမ္းေအးအိမ္ယာတြင္ ဖခင္ထံက ေငြေတာင္းသည္ကို မရ၍ ဆိုင္ကယ္အား မီးရႈိ႕ဖ်က္ဆီးကာ ေနအိမ္အတြင္းပစၥည္းမ်ားအား ရိုက္ခ်ဳိးဖ်က္ဆီးမႈ ၂၀၁၉ခုႏွစ္ ဇြန္လ(၈)ရက္ေန႔ ေန႔လည္ပိုင္းက ျဖစ္ပြား၍ ဖမ္းဆီးအေရးယူထားရေၾကာင္း သိရသည္။

အသက္(၂၅)ႏွစ္ရွိ ေအာင္လင္းဦး ဆိုသူသည္ အိမ္မွတဆင့္ ၿမိဳ႕တြင္းသို႔ သြားေရာက္လည္ပတ္ရန္အတြက္ ဖခင္ျဖစ္သူ ဦးေအာင္ျမင့္ထံ ေငြေတာင္းရာ ဦးေအာင္ျမင့္က နံနက္ကေပးထားၿပီးျဖစ္၍ ထပ္ေပးလိုျခင္းမရွိေၾကာင္းေျပာရာမွ စကားမ်ားကာ ေအာင္လင္းဦးသည္ ၎စီးနင္လာသည့္ ဆိုင္ကယ္အား ထုေခ်ဖ်က္ဆီးၿပီး အိမ္ေရွ႕သို႔ တြန္းထုတ္ကာ မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ ေနအိမ္အတြင္းမွ ပရိေဘာဂပစၥည္းမ်ား၊ TV ႏွင့္ အျခားပစၥည္းမ်ားကိုပါ ရိုက္ခ်ဳိးဖ်က္ဆီးသည့္အတြက္ ဖခင္ျဖစ္သူမွ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားလိုက္ရေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသက္(၂၅)ႏွစ္ရွိ ေအာင္လင္းဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၆၀၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၄၆/၄၂၇ျဖင့္ အမႈဖြင့္ကာ ဖမ္ဆီးထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ မိုင်းလပ်ကျေးရွာအုပ်စုရှိ ပြည်ငြိမ်းအေးအိမ်ယာတွင် ဖခင်ထံက ငွေတောင်းသည်ကို မရ၍ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးကာ နေအိမ်အတွင်းပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးမှု ၂၀၁၉ခုနှစ် ဇွန်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွား၍ ဖမ်းဆီးအရေးယူထားရကြောင်း သိရသည်။

အသက်(၂၅)နှစ်ရှိ အောင်လင်းဦး ဆိုသူသည် အိမ်မှတဆင့် မြို့တွင်းသို့ သွားရောက်လည်ပတ်ရန်အတွက် ဖခင်ဖြစ်သူ ဦးအောင်မြင့်ထံ ငွေတောင်းရာ ဦးအောင်မြင့်က နံနက်ကပေးထားပြီးဖြစ်၍ ထပ်ပေးလိုခြင်းမရှိကြောင်းပြောရာမှ စကားများကာ အောင်လင်းဦးသည်၎င်းစီးနင်လာသည့် ဆိုင်ကယ်အား ထုချေဖျက်ဆီးပြီး အိမ်ရှေ့သို့ တွန်းထုတ်ကာ မီးရှို့ဖျက်ဆီးပြီးနောက် နေအိမ်အတွင်းမှ ပရိဘောဂပစ္စည်းများ၊ TV နှင့် အခြားပစ္စည်းများကိုပါ ရိုက်ချိုးဖျက်ဆီးသည့်အတွက် ဖခင်ဖြစ်သူမှ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၂၅)နှစ်ရှိ အောင်လင်းဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၆၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၄၆/၄၂၇ဖြင့် အမှုဖွင့်ကာ ဖမ်ဆီးထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net