ကုလလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္အတြင္း လမ္းအႏၱရာယ္အသိေပးလံႈေဆာ္မႈ က်ိဳင္းတံုတစ္ၿမိဳ႕လံုးတြင္ ေဆာင္ရြက္

ကုလလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္အတြင္း လမ္းအႏၱရာယ္အသိေပးလံႈေဆာ္မႈ က်ိဳင္းတံုတစ္ၿမိဳ႕လံုးတြင္ ေဆာင္ရြက္
မေ 12, 2019
By 🌸
ကမၻာတလႊားတြင္ လမ္းအႏၱရာယ္ေၾကာင့္ အသက္ေသဆံုးရမႈမ်ား ေလွ်ာ့ခ်ေရးအတြက္ လႈပ္ရွားမႈျဖစ္သည့္ ကုလသမဂၢ လမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္ေနာက္ဆံုးေန႔အျဖစ္ ၂၀၁၉ ခုႏွစ္ ေမလ (၁၂)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ လုပ္ေဆာင္သည္။

ယာဥ္လမ္းအႏၱရာယ္ကင္းရွင္းေရးလုိက္နာေဆာင္ရြက္ရမည့္စည္းကမ္းခ်က္မ်ားကို လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝေပးျခင္း၊ ဆုိင္ကယ္ေမာင္းႏွင္ စီးနင္းသူမ်ား ဆုိင္ကယ္စီးဦးထုပ္ေဆာင္းရန္ အသိပညာေပးျခင္း၊ လမ္းအႏၱရာယ္ကင္းရွင္းေရးစေတကာမ်ားကပ္ေပးျခင္းတုိ႔ကို ဌာနဆုိင္ရာမ်ား စုေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေနရာေတြကေတာ့ က်ိဳင္းတံုၿမိဳ႕မေစ်းပတ္လည္၊ အေဝးေျပးကားဝန္း၊ ေက်ာက္တုိင္ အဝိုင္းပတ္အနီးနဲ႔ ၿမိဳ႕ေတာ္ခန္းမတုိ႔မွာ လုပ္ပါတယ္။ ၿမိဳ႕မေစ်းပတ္လည္ လူစည္ကားရာေနရာမွာ (၄)ႀကိမ္နဲ႔ က်န္ေနရာေတြမွာ တစ္ႀကိမ္စီလုပ္ျဖစ္ပါတယ္”ဟု   အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ အသိပညာေပးလံႈ႕ေဆာ္မႈကို ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္၊ လမ္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ မီးသတ္ဦးစီးဌာန၊ ေမာ္ေတာ္ယာဥ္လုိင္းေပါင္းစံုထိန္းသိမ္းေရးေကာ္မတီ၊ ႏွလံုးလွလူမႈကူညီေရးအသင္းႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကုလလမ်းအန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်အတွင်း လမ်းအန္တရာယ်အသိပေးလှုံဆော်မှု ကျိုင်းတုံတစ်မြို့လုံးတွင် ဆောင်ရွက်
*************
ကမ္ဘာတလွှားတွင် လမ်းအန္တရာယ်ကြောင့် အသက်သေဆုံးရမှုများ လျှော့ချရေးအတွက် လှုပ်ရှားမှုဖြစ်သည့် ကုလသမဂ္ဂ လမ်းအန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ် နောက်ဆုံးနေ့အဖြစ် ၂၀၁၉ ခုနှစ် မေလ (၁၂)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လုပ်ဆောင်သည်။

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးလိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆိုင်ကယ်မောင်းနှင် စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အသိပညာပေးခြင်း၊ လမ်းအန္တရာယ်ကင်းရှင်းရေးစတေကာများကပ်ပေးခြင်းတို့ကို ဌာနဆိုင်ရာများ စုပေါင်းပါဝင်သည့်အဖွဲ့ဖြင့် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

“နေရာတွေကတော့ ကျိုင်းတုံမြို့မစျေးပတ်လည်၊ အဝေးပြေးကားဝန်း၊ ကျောက်တိုင် အဝိုင်းပတ်အနီးနဲ့ မြို့တော်ခန်းမတို့မှာ လုပ်ပါတယ်။ မြို့မစျေးပတ်လည် လူစည်ကားရာနေရာမှာ (၄)ကြိမ်နဲ့ ကျန်နေရာတွေမှာ တစ်ကြိမ်စီလုပ်ဖြစ်ပါတယ်”ဟု ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် အသိပညာပေးလှုံ့ဆော်မှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ၊ နှလုံးလှလူမှုကူညီရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net