ကုလသမဂၢလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္အျဖစ္ မုိင္းေယာင္းတြင္ ယာဥ္လမ္းအႏၱရာယ္ကင္းေရး အသိပညာေပး

ကုလသမဂၢလမ္းအႏၱရာယ္ကင္းရွင္းေရးရက္သတၱပတ္အျဖစ္ မုိင္းေယာင္းတြင္ ယာဥ္လမ္းအႏၱရာယ္ကင္းေရး အသိပညာေပး
မေ 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းေယာင္းၿမိဳ႕တြင္  ကုလသမဂၢလမ္းအႏၱရာယ္ကင္းရွင္းေရး ရက္သတၱပတ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၂)ရက္ေန႔က ခရိုင္၊ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ ယာဥ္၊လမ္းအႏၱရာယ္အသိပညာေပးေဆာင္ရြက္သည္။

“လူ႕အသက္ေတြကယ္ဆယ္ဖို႔ Road Safety အေၾကာင္းမ်ားမ်ားေျပာၾကစို႔” ေခါင္းစဥ္ျဖင့္  ယာဥ္၊လမ္း ေဘးအႏၱရာယ္ကင္းေစေရးအတြက္ အသိပညာေပးျခင္းလုပ္ငန္းကို အမွတ္(၈)ရပ္ကြက္ ဗလမင္းထင္လမ္းဆံု၌ ေဆာင္ရြက္ၾကရာတြင္  ေမာ္ေတာ္ယာဥ္မ်ား ေမာင္းႏွင္အသံုးျပဳရာတြင္ သတ္မွတ္စည္းကမ္းမ်ားႏွင့္အညီ လိုက္နာေမာင္းႏွင္ၾကရန္၊ ဆိုင္ကယ္မ်ား ေမာင္းႏွင္စီးနင္းရာတြင္ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းၾကရန္၊ ေမးသိုင္းႀကိဳးမ်ားတပ္ဆင္ၾကရန္၊ ႏွစ္ဦးထက္ပိုမစီးၾကရန္ အသိပညာေပး လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝေပးျခင္းႏွင့္ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေစေရး ယာဥ္ေမာင္းသူမ်ား လိုက္နာရမည့္ အသိပညာေပးစေတကာမ်ား ကပ္ျခင္းတုိ႔ကို ေဆာင္ရြက္ၾကျခင္းျဖစ္သည္။

အဆိုပါလႈပ္ရွားမႈကို ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန တာခ်ီလိတ္ခ႐ိုင္ဦးစီးမွဴး ဦးစိုင္းလံုးေက်ာက္ ဦးေဆာင္ေသာ ဝန္ထမ္းမ်ား၊ ေခတၱၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသုေနာင္မိုးလိႈင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႏိုင္ဝင္းႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးထြန္းညိဳႏွင့္ အမႈေဆာင္အရာရွိ ဦးေက်ာ္ေက်ာ္၊ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႔တို႔ ပူးေပါင္းပါဝင္ၾကျခင္းျဖစ္သည္။

ကမၻာ့ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရး “5th UN Global Road Safety Week” ရက္သတၱပတ္လႈပ္ရွားမႈကို ၂၀၁၉ ခုႏွစ္၊ ေမလ (၆) ရက္ေန႔မွ (၁၂) ရက္ေန႔အထိ ကမၻာတလႊားတြင္ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #အားခ်ာ(မိုင္းေယာင္း)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကုလသမဂ္ဂလမ်းအန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်အဖြစ် မိုင်းယောင်းတွင် ယာဉ်လမ်းအန္တရာယ်ကင်းရေး အသိပညာပေး
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင်  ကုလသမဂ္ဂလမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ (၁၂)ရက်နေ့က ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ယာဉ်၊လမ်းအန္တရာယ်အသိပညာပေးဆောင်ရွက်သည်။

“လူ့အသက်တွေကယ်ဆယ်ဖို့ Road Safety အကြောင်းများများပြောကြစို့” ခေါင်းစဉ်ဖြင့်  ယာဉ်၊လမ်း ဘေးအန္တရာယ်ကင်းစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အမှတ်(၈)ရပ်ကွက် ဗလမင်းထင်လမ်းဆုံ၌ ဆောင်ရွက်ကြရာတွင်  မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမောင်းနှင်ကြရန်၊ ဆိုင်ကယ်များ မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်၊ မေးသိုင်းကြိုးများတပ်ဆင်ကြရန်၊ နှစ်ဦးထက်ပိုမစီးကြရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ယာဉ်မောင်းသူများ လိုက်နာရမည့် အသိပညာပေးစတေကာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံးကျောက် ဦးဆောင်သော ဝန်ထမ်းများ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးထွန်းညိုနှင့် အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ ပူးပေါင်းပါဝင်ကြခြင်းဖြစ်သည်။

ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး “5th UN Global Road Safety Week” ရက်သတ္တပတ်လှုပ်ရှားမှုကို ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကမ္ဘာတလွှားတွင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net