မေလးရွားသို႔ တရားမဝင္ပို႔ေဆာင္ခံရမည့္ ျမန္မာ (၁၄)ဦးႏွင့္ လူကုန္ကူးသည့္ ျမန္မာတို႔ကို ထုိင္းနုိင္ငံတြင္ ဖမ္းမိ

မေလးရွားသို႔ တရားမဝင္ပို႔ေဆာင္ခံရမည့္ ျမန္မာ (၁၄)ဦးႏွင့္ လူကုန္ကူးသည့္ ျမန္မာတို႔ကို ထုိင္းနုိင္ငံတြင္ ဖမ္းမိ
မေ 23, 2019
By 🌸
ထိုင္းနုိင္ငံတြင္ ျမန္မာလူကုန္ကူးသူတစ္ဦးကို ဆန္ခလရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၂၂)ရက္ေန႔က ဖမ္းဆီးရမိလုိက္ၿပီးေနာက္ လူကုန္ကူးခံရသည့္ ျမန္မာ (၁၄)ဦးကို ကယ္တင္ထားႏုိင္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အသက္(၂၉)ႏွစ္အရြယ္ျမန္မာအမ်ိဳးသားကို အာရွအေဝးေျပးလမ္းမေဘး  ခလမ္ရြာတြင္ငွားရမ္းထားသည့္ ေနအိမ္တြင္ ဖမ္းမိၿပီးေနာက္ အဆိုပါေနအိမ္တြင္ အခန္းတြင္းပိတ္ေလွာင္ထားခံရသည့္ ျမန္မာ (၁၄)ဦးကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးခံရသူမ်ားတြင္ အမ်ိဳးသား (၉)ဦးႏွင့္ အမ်ိဳးသမီး (၅)ဦးပါဝင္ေၾကာင္းသိရၿပီး ၎တုိ႔အား မေလးရွားႏုိင္ငံသို႔ တရားမဝင္ပို႔ေဆာင္ရန္ ထုိင္းႏုိင္ငံတြင္း တရားမဝင္ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ (၁၄)ဦးကို အိမ္ခန္းအတြင္း ေသာ့ပိတ္ထားၿပီး အစားအေသာက္ဗူးမ်ားကိုသာ ေကၽြးထားသျဖင့္ ရဲတပ္ဖြဲ႕က ေတြ႔ရိွခ်ိန္တြင္ အားအင္ခ်ည့္နဲ႔ေနၾကသည္ကိုေတြ႔ရေၾကာင္း သိရသည္။

Tachileik News Agency

Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့ တရားမဝင်ပို့ဆောင်ခံရမည့် မြန်မာ (၁၄)ဦးနှင့် လူကုန်ကူးသည့် မြန်မာတို့ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
****************
ထိုင်းနိုင်ငံတွင် မြန်မာလူကုန်ကူးသူတစ်ဦးကို ဆန်ခလရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၂၂)ရက်နေ့က ဖမ်းဆီးရမိလိုက်ပြီးနောက် လူကုန်ကူးခံရသည့် မြန်မာ (၁၄)ဦးကို ကယ်တင်ထားနိုင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အသက်(၂၉)နှစ်အရွယ်မြန်မာအမျိုးသားကို အာရှအဝေးပြေးလမ်းမဘေး  ခလမ်ရွာတွင်ငှားရမ်းထားသည့် နေအိမ်တွင် ဖမ်းမိပြီးနောက် အဆိုပါနေအိမ်တွင် အခန်းတွင်းပိတ်လှောင်ထားခံရသည့် မြန်မာ (၁၄)ဦးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံရသူများတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၅)ဦးပါဝင်ကြောင်းသိရပြီး ၎င်းတို့အား မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် ထိုင်းနိုင်ငံတွင်း တရားမဝင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ (၁၄)ဦးကို အိမ်ခန်းအတွင်း သော့ပိတ်ထားပြီး အစားအသောက်ဗူးများကိုသာ ကျွေးထားသဖြင့် ရဲတပ်ဖွဲ့က တွေ့ရှိချိန်တွင် အားအင်ချည့်နဲ့နေကြသည်ကိုတွေ့ရကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net