ထုိင္းႏုိင္ငံ သစ္ေတာအတြင္း အေရးေပၚအေျခအေနႀကံဳေနရသည့္ ကရင္အမ်ိဳးသားတစ္ဦးကို ရဟတ္ယာဥ္ျဖင့္ ေဆးရံုပို႔ေဆာင္ေပးထား

ထုိင္းႏုိင္ငံ သစ္ေတာအတြင္း အေရးေပၚအေျခအေနႀကံဳေနရသည့္ ကရင္အမ်ိဳးသားတစ္ဦးကို ရဟတ္ယာဥ္ျဖင့္ ေဆးရံုပို႔ေဆာင္ေပးထား
မေ 20, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ သစ္ေတာအတြင္းေနထုိင္သည့္ ကရင္အမ်ိဳးသားတစ္ဦး အေရးေပၚအေျခအေနျဖင့္ ရင္ဆုိင္ေနရသျဖင့္ အေရးေပၚကုသမႈအခ်ိန္မီရႏုိင္ရန္ ရဟတ္ယာဥ္အကူအညီျဖင့္ အနီးဆံုးေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

ကန္ခ်နဘူရီခရိုင္ရိွ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးေဒသ ေတာနက္အတြင္း ေရႊ႕ေျပာင္းေနထုိင္သူမ်ားမွ ကရင္အမ်ိဳးသားတစ္ဦး အေရးေပၚအေျခအေနရင္ဆုိင္ေနရသျဖင့္
ဆန္ခလဘူရီေဆးရံု၏ဒါရိုက္တာ ေဒါက္တာ ခရစၥဒါ ဝပ္တီရာခြန္ဦးေဆာင္သည့္အဖြဲ႕သည္ လူနာရိွရာ ထမ့္ရိုင္နရီဆြန္သဘာဝေဘးမဲ့ေဒသသစ္ေတာအတြင္းသို႔ ေတာလမ္းမွ ကားျဖင့္ အျမန္သြားေရာက္စစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားေဆးကုသမႈခံယူႏုိင္ရန္ ေက်းရြာအႀကီးအကဲက ထမ္ဘြန္လြိဳင္သို႔ ေတာ္ဝင္မင္းသမီးခရီးစဥ္အတြက္ ျပင္ဆင္ရန္ေရာက္ရိွေနသည့္ ေဆးအဖြဲ႕သို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူနာ၏အေျခအေနမွာ ေဝးလံလွသည့္ေတာလမ္းခရီးၾကမ္းမွ ကားျဖင့္ေခၚေဆာင္ရန္မျဖစ္ႏိုင္သျဖင့္ နယ္စပ္လံုၿခံဳေရးရဲတပ္ဖြဲ႕ထံ အကူအညီေတာင္းခံရာ ရဟတ္ယာဥ္ျဖင့္ ေခၚေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးတပ္ဖြဲ႕ဝင္မ်ားလုိက္ပါလာသည့္ ရဟတ္ယာဥ္ျဖင့္ လူနာအားေခၚေဆာင္ၿပီး ဆန္ခလဘူရီေဆးရံုသို႔ အခ်ိန္မီပို႔ေဆာင္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ သစ်တောအတွင်း အရေးပေါ်အခြေအနေကြုံနေရသည့် ကရင်အမျိုးသားတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ပေးထား
**********
ထိုင်းနိုင်ငံတွင် သစ်တောအတွင်းနေထိုင်သည့် ကရင်အမျိုးသားတစ်ဦး အရေးပေါ်အခြေအနေဖြင့် ရင်ဆိုင်နေရသဖြင့် အရေးပေါ်ကုသမှုအချိန်မီရနိုင်ရန် ရဟတ်ယာဉ်အကူအညီဖြင့် အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ကန်ချနဘူရီခရိုင်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒေသ တောနက်အတွင်း ရွှေ့ပြောင်းနေထိုင်သူများမှ ကရင်အမျိုးသားတစ်ဦး အရေးပေါ်အခြေအနေရင်ဆိုင်နေရသဖြင့်
ဆန်ခလဘူရီဆေးရုံ၏ဒါရိုက်တာ ဒေါက်တာ ခရစ္စဒါ ဝပ်တီရာခွန်ဦးဆောင်သည့်အဖွဲ့သည် လူနာရှိရာ ထမ့်ရိုင်နရီဆွန်သဘာဝဘေးမဲ့ဒေသသစ်တောအတွင်းသို့ တောလမ်းမှ ကားဖြင့် အမြန်သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားဆေးကုသမှုခံယူနိုင်ရန် ကျေးရွာအကြီးအကဲက ထမ်ဘွန်လွိုင်သို့ တော်ဝင်မင်းသမီးခရီးစဉ်အတွက် ပြင်ဆင်ရန်ရောက်ရှိနေသည့် ဆေးအဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူနာ၏အခြေအနေမှာ ဝေးလံလှသည့်တောလမ်းခရီးကြမ်းမှ ကားဖြင့်ခေါ်ဆောင်ရန်မဖြစ်နိုင်သဖြင့် နယ်စပ်လုံခြံုရေးရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံရာ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရဟတ်ယာဉ်ဖြင့် လူနာအားခေါ်ဆောင်ပြီး ဆန်ခလဘူရီဆေးရုံသို့ အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net