က်ိဳင္းတံုတြင္ ဆိုင္ကယ္ေမွာက္ၿပီး ေသဆံုးသြားသည့္ ရဲဒုတပ္ၾကပ္အား အမႈဖြင့္အေရးယူ

က်ိဳင္းတံုတြင္ ဆိုင္ကယ္ေမွာက္ၿပီး ေသဆံုးသြားသည့္ ရဲဒုတပ္ၾကပ္အား အမႈဖြင့္အေရးယူ
မေ 18, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ဆုိင္ကယ္တိမ္းေမွာက္ၿပီး ေသဆံုးသြားသည့္ ရဲဒုတပ္ၾကပ္တစ္ဦးအား မိမိကိုယ္ကိုဒဏ္ရာရေသဆံုးေအာင္ ေမာ္ေတာ္ယာဥ္ မဆင္မျခင္ေမာင္းႏွင္မႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္း(ရွမ္း)ရြာ သီရိမဂၤလာေက်ာင္းေရွ႕အနီးတြင္ ဆိုင္ကယ္တိမ္းေမွာက္ၿပီး အမ်ိဳးသားတစ္ဦးေသဆံုးေနေၾကာင္း သတင္းရသျဖင့္ ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔ နံနက္ (၅)နာရီအခ်ိန္တြင္ သြားေရာက္စစ္ေဆးရာ ရဲဒုတပ္ၾကပ္ေအာင္ေက်ာ္ျမင့္မွာ ဦးေခါင္းတြင္ဒဏ္ရာျဖင့္ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္မွာ က်ိဳင္းတံုမွ တာခ်ီလိတ္ဘက္သို႔ ဦးတည္ေမာင္းႏွင္လာၿပီး လမ္းယာဘက္ေဘးတြင္ ဆိုင္ကယ္ထိုးက်တိမ္းေမွာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူအား က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔စစ္ၿပီးေနာက္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ က ျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံတွင် ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားသည့် ရဲဒုတပ်ကြပ်အား အမှုဖွင့်အရေးယူ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံးသွားသည့် ရဲဒုတပ်ကြပ်တစ်ဦးအား မိမိကိုယ်ကိုဒဏ်ရာရသေဆုံးအောင် မော်တော်ယာဉ် မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်း(ရှမ်း)ရွာ သီရိမင်္ဂလာကျောင်းရှေ့အနီးတွင် ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့ နံနက် (၅)နာရီအချိန်တွင် သွားရောက်စစ်ဆေးရာ ရဲဒုတပ်ကြပ်အောင်ကျော်မြင့်မှာ ဦးခေါင်းတွင်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မှာ ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ ဦးတည်မောင်းနှင်လာပြီး လမ်းယာဘက်ဘေးတွင် ဆိုင်ကယ်ထိုးကျတိမ်းမှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့စစ်ပြီးနောက် ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net