ထုိင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ၿပီး အမဲလုိက္သည့္ KNU တပ္ဖြဲ႕တစ္ဦးကို ဖမ္းမိ

ထုိင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ၿပီး အမဲလုိက္သည့္ KNU တပ္ဖြဲ႕တစ္ဦးကို ဖမ္းမိ
မေ 24, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ဆန္ေယာ့အမ်ိဳးသားဥယ်ာဥ္အတြင္း အမဲလုိက္သည့္ KNU တပ္ဖြဲ႕ဝင္တစ္ဦးကို ေတာရိုင္း တိရစၦာန္၏အစိတ္အပိုင္းမ်ား၊ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိထားေၾကာင္းသိရသည္။

အမ်ိဳးသားဥယ်ာဥ္လံုၿခံဳေရးအဖြဲ႕၊ နယ္စပ္လံုၿခံဳေရးတပ္ဖြဲ႕မ်ားက နယ္စပ္သစ္ေတာဧရိယာအတြင္း စခန္းခ်ေနသည့္ KNU တပ္ဖြဲ႕ဝင္ (၃)ဦးကို ၂၀၁၉ ခုႏွစ္ ေမလ (၂၂)ရက္ေန႔ ေန႔လယ္ (၁)နာရီေက်ာ္က ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စခန္းခ်ေနရာမွာ ျမန္မာ - ထုိင္းနယ္စပ္မွ (၃)ကီလိုမီတာအကြာတြင္ရိွေၾကာင္း သိရသည္။
အမ်ိဳးသားဥယ်ာဥ္အတြင္း စခန္းခ်၍အမဲလုိက္သည့္ KNU တပ္ဖြဲ႕ဝင္ (၃)ဦးအနက္ (၁)ဦးကို ဖမ္းမိေသာ္လည္း က်န္(၂)ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ဖမ္းမိသည့္ KNU တပ္ဖြဲ႕ဝင္ႏွင့္အတူ က်ပ္တင္ထားသည့္ ဝက္ဝံအစိတ္အပိုင္း (၂၁)ခုႏွင့္ ေမ်ာက္အစိတ္အပိုင္း (၂၄)ခုတုိ႔ကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

စခန္းခ်ထားသည့္တဲအတြင္းမွ ရိုင္ဖယ္မ်ိဳးစံု (၃)လက္ႏွင့္ က်ည္မ်ားကိုလည္းေတြ႔ရၿပီး အဆိုပါ KNU တပ္ဖြဲ႕ဝင္မ်ားက ေမလ (၂၁)ရက္ေန႔က ထုိင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာၿပီး အမဲလုိက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ KNU တပ္ဖြဲ႕ဝင္ကို တရားမဝင္ ဝင္ေရာက္မႈအျပင္ လက္နက္မ်ားႏွင့္ဖမ္းဆီးရမိမႈ၊ တားျမစ္ထားသည့္ေနရာတြင္ အမဲလုိက္မႈႏွင့္ ေတာရိုင္းတိရစၦာန္အစိတ္အပိုင္းမ်ားကို လက္ဝယ္ေတြ႔ရိွမႈတို႔ျဖင့္ တရားစြဲဆိုထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး အမဲလိုက်သည့် KNU တပ်ဖွဲ့တစ်ဦးကို ဖမ်းမိ
********
ထိုင်းနိုင်ငံ၊ ဆန်ယော့အမျိုးသားဥယျာဉ်အတွင်း အမဲလိုက်သည့် KNU တပ်ဖွဲ့ဝင်တစ်ဦးကို တောရိုင်း တိရစ္ဆာန်၏အစိတ်အပိုင်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားကြောင်းသိရသည်။

အမျိုးသားဥယျာဉ်လုံခြုံရေးအဖွဲ့၊ နယ်စပ်လုံခြံုရေးတပ်ဖွဲ့များက နယ်စပ်သစ်တောဧရိယာအတွင်း စခန်းချနေသည့် KNU တပ်ဖွဲ့ဝင် (၃)ဦးကို ၂၀၁၉ ခုနှစ် မေလ (၂၂)ရက်နေ့ နေ့လယ် (၁)နာရီကျော်က တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းချနေရာမှာ မြန်မာ - ထိုင်းနယ်စပ်မှ (၃)ကီလိုမီတာအကွာတွင်ရှိကြောင်း သိရသည်။
အမျိုးသားဥယျာဉ်အတွင်း စခန်းချ၍အမဲလိုက်သည့် KNU တပ်ဖွဲ့ဝင် (၃)ဦးအနက် (၁)ဦးကို ဖမ်းမိသော်လည်း ကျန်(၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းမိသည့် KNU တပ်ဖွဲ့ဝင်နှင့်အတူ ကျပ်တင်ထားသည့် ဝက်ဝံအစိတ်အပိုင်း (၂၁)ခုနှင့် မျောက်အစိတ်အပိုင်း (၂၄)ခုတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

စခန်းချထားသည့်တဲအတွင်းမှ ရိုင်ဖယ်မျိုးစုံ (၃)လက်နှင့် ကျည်များကိုလည်းတွေ့ရပြီး အဆိုပါ KNU တပ်ဖွဲ့ဝင်များက မေလ (၂၁)ရက်နေ့က ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာပြီး အမဲလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် KNU တပ်ဖွဲ့ဝင်ကို တရားမဝင် ဝင်ရောက်မှုအပြင် လက်နက်များနှင့်ဖမ်းဆီးရမိမှု၊ တားမြစ်ထားသည့်နေရာတွင် အမဲလိုက်မှုနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို လက်ဝယ်တွေ့ရှိမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net