တပ္မေတာ္ကိုေထာက္ခံပြဲႏွင့္ ဖြဲ႕စည္းပံုမွ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး လားရိႈးတြင္ ဆႏၵထုတ္ေဖၚ

တပ္မေတာ္ကိုေထာက္ခံပြဲႏွင့္ ဖြဲ႕စည္းပံုမွ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး လားရိႈးတြင္ ဆႏၵထုတ္ေဖၚ
မေ 19, 2019
By 🌸
တပ္မေတာ္ကိုေထာက္ခံျခင္းႏွင့္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား ခန္႔ထားေရးဆုိင္ရာ ပုဒ္မ ၂၆၁ အား ျပင္ဆင္ေပးေရး လူထုဆႏၵထုတ္ေဖၚပြဲ ကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၉) ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ၾကသည္။

"အဓိကက ပုဒ္မ ၅၉ ကို မျပင္ဖို႔ရယ္၊ ပုဒ္မ ၂၆၁ ကိုျပင္ဖို႔နဲ႔ ပုဒ္မ ၃၆၁ ကုိ ကာကြယ္ေစာင့္ေရွာက္ဖို႔ အတြက္ ရည္ရြယ္ၿပီးေတာ့ လူထုေထာက္ခံပြဲ ျပဳလုပ္တာပါ။ ရွမ္းေျမာက္ ေဒသက ေဒသခံ ၁၅၀၀၀ ေလာက္ ပါဝင္ဖို႔ ဖိတ္ၾကားထားပါတယ္" ဟု လူထုေထာက္ခံပြဲျဖစ္ေျမာက္ေရးအဖြဲ႕မွ ဦးေအာင္လွက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဆႏၵထုတ္ေဖၚသူမ်ားက နံနက္ (၈)နာရီတြင္ ၿမိဳ႕ေတာ္ခန္းမ၌ စုေဝးၾကၿပီး တပ္မေတာ္အား ေထာက္ခံေၾကာင္း၊ ပုဒ္မ ၅၉၊ ပုဒ္မ ၃၆၁ တို႔ အားကာကြယ္ေစာင့္ေရွာက္ေရး၊ ပုဒ္မ ၂၆၁ ႏွင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒအား ဥပေဒႏွင့္ အညီျပင္ဆင္ေပးေရး၊ တိုင္းႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္အား တိုင္းရင္းသားမ်ားမွ စိတ္ႀကိဳက္ေရြးခ်ယ္တင္ေျမာက္ခြင့္ရရွိေရးႏွင့္ တပ္မေတာ္အား အစဥ္ဝန္းရံေပးေရး စသည့္စာသားမ်ားပါသည့္ ဗီႏုိင္းမ်ားကိုင္ေဆာင္ကာ သိန္းနီလမ္းမႀကီးအတုိင္း ျပည္ေထာင္စုအားကစားကြင္းသို႔ ခ်ီးတက္ၾကသည္။

ေထာက္ခံပြဲသို႔ လီဆူ၊ လားဟူ၊ မုန္းဝန္း-ဗမာ၊ ကိုးကန္႔၊ ရွမ္း၊  ကခ်င္ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔မ်ား၊ ၿမိဳ႕ေပါင္း (၁၈)ၿမိဳ႕၏ဆုိင္းဘုတ္မ်ားကိုင္ေဆာင္ထားသည့္ အစုအဖြဲ႕မ်ားျဖင့္ ခ်ီတက္ၾကျခင္းျဖစ္သည္။

လားရိႈးၿမိဳ႕တြင္ ေမလ ၁၁ ရက္ေန႔ကလည္း ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒတြင္ပါဝင္သည့္ ပုဒ္မ မ်ားထဲမွ ပုဒ္မ ေပါင္း ၁၆၈ ခုကို ျပင္ဆင္ေပးေရးအတြက္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာေပါင္း (၁၂) ခုမွ ေဒသခံမ်ားႏွင့္ သီေပါ၊ ေက်ာက္မဲၿမိဳ႕မ်ားမွ ေဒသခံအခ်ိဳ႕ပါဝင္သည့္ လူထုေထာက္ခံပြဲ ျပဳလုပ္ခဲ့သည္ကို ေတြ႔ရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တပ်မတော်ကိုထောက်ခံပွဲနှင့် ဖွဲ့စည်းပုံမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လားရှိုးတွင် ဆန္ဒထုတ်ဖေါ်
***********
တပ်မတော်ကိုထောက်ခံခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်ထားရေးဆိုင်ရာ် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖေါ်ပွဲ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၉) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြသည်။

"အဓိကက ပုဒ်မ ၅၉ ကို မပြင်ဖို့ရယ်၊ ပုဒ်မ ၂၆၁ ကိုပြင်ဖို့နဲ့ ပုဒ်မ ၃၆၁ ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ရည်ရွယ်ပြီးတော့ လူထုထောက်ခံပွဲ ပြုလုပ်တာပါ။ ရှမ်းမြောက် ဒေသက ဒေသခံ ၁၅၀၀၀ လောက် ပါဝင်ဖို့ ဖိတ်ကြားထားပါတယ်" ဟု လူထုထောက်ခံပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးအောင်လှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖေါ်သူများက နံနက် (၈)နာရီတွင် မြို့တော်ခန်းမ၌ စုဝေးကြပြီး တပ်မတော်အား ထောက်ခံကြောင်း၊ ပုဒ်မ ၅၉၊ ပုဒ်မ ၃၆၁ တို့ အားကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေနှင့် အညီပြင်ဆင်ပေးရေး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အား တိုင်းရင်းသားများမှ စိတ်ကြိုက်ရွေးချယ်တင်မြောက်ခွင့်ရရှိရေးနှင့် တပ်မတော်အား အစဉ်ဝန်းရံပေးရေး စသည့်စာသားများပါသည့် ဗီနိုင်းများကိုင်ဆောင်ကာ သိန်းနီလမ်းမကြီးအတိုင်း ပြည်ထောင်စုအားကစားကွင်းသို့ ချီးတက်ကြသည်။

ထောက်ခံပွဲသို့ လီဆူ၊ လားဟူ၊ မုန်းဝန်း-ဗမာ၊ ကိုးကန့်၊ ရှမ်း၊  ကချင် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မြို့ပေါင်း (၁၈)မြို့၏ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် အစုအဖွဲ့များဖြင့် ချီတက်ကြခြင်းဖြစ်သည်။

လားရှိုးမြို့တွင် မေလ ၁၁ ရက်နေ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါဝင်သည့် ပုဒ်မ များထဲမှ ပုဒ်မ ပေါင်း ၁၆၈ ခုကို ပြင်ဆင်ပေးရေးအတွက် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၂) ခုမှ ဒေသခံများနှင့် သီပေါ၊ ကျောက်မဲမြို့များမှ ဒေသခံအချို့ပါဝင်သည့် လူထုထောက်ခံပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net