
မေ 24, 2019
By 🌸


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူလူထုကြားနာပွဲကျင်းပမည်
**********
အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီက ပြည်သူလူထုကြားနာပွဲကို ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ကျားခေါင်းခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀)မှစတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေ(မူကြမး)နှင့်ပတ်သက်၍ အကြံပြုချက်များပေးပို့လိုပါက [email protected] သို့ ၂၀၁၉ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net