
မေ 27, 2019
By 🌸
ရှမ်းပြည်နယ် တောင်ကြီး၊ ရပ်စောက်၊ မွေတော်၊ ကင်းသာ၊ နမ့်စန်၊ တာချီလိတ်နှင့် မိုင်းဖြတ်တို့ရှိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတို့ရှိ ကျွန်း၊သစ်မာ စုစုပေါင်း (၃၄၃.၃၀၆၄)တန်အား ဈေးပြိုင်လေလံလျှောက်လွှာများကို၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နောက်ဆုံးထား၍ ဝယ်ယူနိုင်ကြောင်း သိရသည်။


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဒေသရှိ အမှတ်(၁၂၇) သစ်စက်( သစ်ပင်ထောင်)၊ ရပ်စောက်သစ်ဆိုင်၊ မွေတော်သစ်ဆိပ်၊ ကင်းသာသစ်ဆိပ်၊ နမ့်စန်သစ်ဆိပ်၊ တာချီလိတ်ပျိုးဥယျာဉ်နှင့် မိုင်းဖြတ်သစ်တောရုံးဝင်းတို့ရှိ ကျွန်း၊ သစ်မာများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဈေးပြိုင်လေလံရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက ဒုတိယအထွေထွေမန်နေဂျာရုံး၊ ရှမ်းပြည်နယ် (အရှေ့/တောင်ပိုင်း)ဖုန်း ဖုန်း ၀၈၁ ၂၁၂၁၅၆၀ နှင့် မန်နေဂျာ(ပြည်တွင်းရောင်း)ရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဖုန်း ၀၈၁ ၂၁၂၁၀၆၇ တို့သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ့သစ်လုပ်ငန်းက ရှမ်းပြည်နယ်အတွင်းမှ ကျွန်းနှင့်သစ်မာ တန်ချိန် (၃၄၀)ကျော် လေလံတင်
******************
ရှမ်းပြည်နယ် တောင်ကြီး၊ ရပ်စောက်၊ မွေတော်၊ ကင်းသာ၊ နမ့်စန်၊ တာချီလိတ်နှင့် မိုင်းဖြတ်တို့ရှိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတို့ရှိ ကျွန်း၊သစ်မာ စုစုပေါင်း (၃၄၃.၃၀၆၄)တန်အား စျေးပြိုင်လေလံလျှောက်လွှာများကို၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နောက်ဆုံးထား၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

လေလံလျှောက်လွှာများကို တောင်ကြီးမြို့ရှိ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မန်နေဂျာရုံးတွင်ဝယ်ယူတင်သွင်းနိုင်ပြီး အဆိုပါရုံးတွင် ဇွန်လ (၄)ရက်နေ့ နံနက်(၉)နာရီ၌ လေလံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဒေသရှိ အမှတ်(၁၂၇) သစ်စက်( သစ်ပင်ထောင်)၊ ရပ်စောက်သစ်ဆိုင်၊ မွေတော်သစ်ဆိပ်၊ ကင်းသာသစ်ဆိပ်၊ နမ့်စန်သစ်ဆိပ်၊ တာချီလိတ်ပျိုးဥယျာဉ်နှင့် မိုင်းဖြတ်သစ်တောရုံးဝင်းတို့ရှိ ကျွန်း၊ သစ်မာများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စျေးပြိုင်လေလံရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက ဒုတိယအထွေထွေမန်နေဂျာရုံး၊ ရှမ်းပြည်နယ် (အရှေ့/တောင်ပိုင်း)ဖုန်း ဖုန်း ၀၈၁ ၂၁၂၁၅၆၀ နှင့် မန်နေဂျာ(ပြည်တွင်းရောင်း)ရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဖုန်း ၀၈၁ ၂၁၂၁၀၆၇ တို့သို့ဆက််သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net