မိုင္းပ်ဥ္းတြင္ ေနအိမ္၌ဘထၳရီအားသြင္းရာမွ အပူလြန္ကဲၿပီး ေနအိမ္ (၄)လံုး မီးေလာင္ဆံုးရံႈး

မိုင္းပ်ဥ္းတြင္ ေနအိမ္၌ဘထၳရီအားသြင္းရာမွ အပူလြန္ကဲၿပီး ေနအိမ္ (၄)လံုး မီးေလာင္ဆံုးရံႈး
မေ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းပ်ဥ္းၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၂၃)ရက္ေန႔က ေနအိမ္တြင္ ဘထၳရီအားသြင္းထားခဲ့ရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္(၄)လံုး မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။
မိုင္းပ်ဥ္းၿမိဳ႕၊ ပိန္းဆန္းရပ္ကြက္၊ ဝမ္မိုင္ေက်းရြာတြင္ မီးေလာင္မႈျဖစ္ပြားေၾကာင္းသတင္းအရ ညေန (၄)နာရီအခ်ိန္တြင္ မိုင္းပ်ဥ္းၿမိဳ႕မရဲတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ဦးဟဲနာလီက ေတာင္ယာသြားေနစဥ္ အိမ္၌ ဘက္ထရီအားသြင္းထားခဲ့ရာမွ အပူလြန္ၿပီး ေျမစိုက္ထရံကာေနအိမ္မွာ မီးစတင္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
ယင္းေနာက္ ပတ္ဝန္းက်င္ေနအိမ္(၃)လံုးကိုပါ ကူးစက္ေလာင္ကၽြမ္းခဲ့ရာ စုစုေပါင္း ေနအိမ္ (၄)လံုး မီးေလာင္ဆံုးရံႈးၿပီး ညေန(၄)နာရီ (၁၅)မိနစ္အခ်ိန္တြင္ မီးျငိမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍ မီးစတင္ေလာင္ကၽြမ္းသည့္ေနအိမ္မွ ဦးဟဲနာလီအား မုိင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းပျဉ်းတွင် နေအိမ်၌ဘထ္ထရီအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် (၄)လုံး မီးလောင်ဆုံးရှုံး
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၃)ရက်နေ့က နေအိမ်တွင် ဘထ္ထရီအားသွင်းထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ညနေ (၄)နာရီအချိန်တွင် မိုင်းပျဉ်းမြို့မရဲတပ်ဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးဟဲနာလီက တောင်ယာသွားနေစဉ် အိမ်၌ ဘက်ထရီအားသွင်းထားခဲ့ရာမှ အပူလွန်ပြီး မြေစိုက်ထရံကာနေအိမ်မှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ယင်းနောက် ပတ်ဝန်းကျင်နေအိမ်(၃)လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း နေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးပြီး ညနေ(၄)နာရီ (၁၅)မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ ဦးဟဲနာလီအား မိုင်းပျဉ်းမြို့မရဲစခန်းတွင် (ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net