ဇနီးျဖစ္သူကိုခိုးသြားသည့္စစ္သားကို အေရးယူေပးျခင္းမရိွပါက သတ္ေသမည္ဟု အမ်ိဳးသားတစ္ဦးက ထိုင္းအစိုးရအိမ္ေတာ္ေရွ႕တြင္ ၿခိမ္းေျခာက္ေတာင္းဆို

ဇနီးျဖစ္သူကိုခိုးသြားသည့္စစ္သားကို အေရးယူေပးျခင္းမရိွပါက သတ္ေသမည္ဟု အမ်ိဳးသားတစ္ဦးက ထိုင္းအစိုးရအိမ္ေတာ္ေရွ႕တြင္ ၿခိမ္းေျခာက္ေတာင္းဆို
မေ 22, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရိွ အစိုးရအိမ္ေတာ္ေရွ႕တြင္ အမ်ိဳးသားတစ္ဦးက ၎၏ဇနီးကိုခိုးသြားသည့္ စစ္သားကို ဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္ေခ်ာင္အိုခ်ာအေနျဖင့္ အေရးယူျခင္းမျပဳပါက သတ္ေသမည္ဟု ၿခိမ္းေျခာက္မႈျဖစ္ပြားခဲ့သည္။

ဇနီးျဖစ္သူ စစ္သားေနာက္လုိက္သြားသျဖင့္ အသက္ (၆၆)ႏွစ္အရြယ္အမ်ိဳးသားက ၂၀၁၉ ခုႏွစ္၊ ေမလ (၂၁)ရက္ေန႔တြင္ အစိုးရအိမ္ေတာ္ေရွ႕၌ ေရာက္လာၿပီး ဓါးတစ္ေခ်ာင္းျဖင့္ လည္ပင္းအား လွီးျဖတ္မည့္အေနအထားျဖင့္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

စမြတ္ပရာကန္တြင္ေနထုိင္သည့္ ဝိုရာေပါ့မွာ စစ္သားလုိက္သြားသည့္ ဇနီးျဖစ္သူက  ဘတ္ (၂၈၀၀၀၀)အေၾကြျဖင့္ခ်န္ထားခဲ့သျဖင့္ သက္ဆုိင္ရာတပ္သို႔ တုိင္ၾကားေသာ္လည္း အေရးယူမႈမရိွသျဖင့္ အစိုးရအိမ္ေတာ္ေရွ႕တြင္ ေတာင္းဆိုရျခင္းျဖစ္သည္ဟု သတင္းေထာက္မ်ားအား ေျပာၾကားသည္။

အစိုးရအိမ္ေတာ္ လံုၿခံဳေရးအဖြဲ႕က အဆိုပါအမ်ိဳးသားအား ေဖ်ာင္းျဖၿပီး ဓါးကိုသိမ္းဆည္းႏုိင္ခဲ့ကာ မေက်နပ္မႈမ်ားတုိင္ၾကားရာဌာနသို႔ ေခၚယူၿပီး ေမးျမန္းစံုစမ္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Khosod

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဇနီးဖြစ်သူကိုခိုးသွားသည့်စစ်သားကို အရေးယူပေးခြင်းမရှိပါက သတ်သေမည်ဟု အမျိုးသားတစ်ဦးက ထိုင်းအစိုးရအိမ်တော်ရှေ့တွင် ခြိမ်းခြောက်တောင်းဆို
************
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်ရှေ့တွင် အမျိုးသားတစ်ဦးက ၎င်း၏ဇနီးကိုခိုးသွားသည့် စစ်သားကို ဗိုလ်ချုပ်ကြီး ပရာယွတ်ချောင်အိုချာအနေဖြင့် အရေးယူခြင်းမပြုပါက သတ်သေမည်ဟု ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။

ဇနီးဖြစ်သူ စစ်သားနောက်လိုက်သွားသဖြင့် အသက် (၆၆)နှစ်အရွယ်အမျိုးသားက ၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် အစိုးရအိမ်တော်ရှေ့၌ ရောက်လာပြီး ဓါးတစ်ချောင်းဖြင့် လည်ပင်းအား လှီးဖြတ်မည့်အနေအထားဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စမွတ်ပရာကန်တွင်နေထိုင်သည့် ဝိုရာပေါ့မှာ စစ်သားလိုက်သွားသည့် ဇနီးဖြစ်သူက  ဘတ် (၂၈၀၀၀၀)အကြွေဖြင့်ချန်ထားခဲ့သဖြင့် သက်ဆိုင်ရာတပ်သို့ တိုင်ကြားသော်လည်း အရေးယူမှုမရှိသဖြင့် အစိုးရအိမ်တော်ရှေ့တွင် တောင်းဆိုရခြင်းဖြစ်သည်ဟု သတင်းထောက်များအား ပြောကြားသည်။

အစိုးရအိမ်တော် လုံခြုံရေးအဖွဲ့က အဆိုပါအမျိုးသားအား ဖျောင်းဖြပြီး ဓါးကိုသိမ်းဆည်းနိုင်ခဲ့ကာ မကျေနပ်မှုများတိုင်ကြားရာဌာနသို့ ခေါ်ယူပြီး မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Ref: Khosod

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net