
မေ 28, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးဈေးဆိုင် တိုက်ခန်းကို ဝင်တိုက်မိ၍ တိုက်ခန်းလှေကားတွင် အိပ်နေသည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးသို့ ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့ နံနက် (၄)နာရီခွဲဝန်းကျင်က သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာ အာခါဈေးလမ်းဆုံမီးပွိုင့်ဘက်မှ ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် မတ်ခ်တူး အဖြူ၊ခဲရောင်မော်တော်ယာဉ်သည် လမ်းဘေးရှိ ဈေးဆိုင်တိုက်ခန်းကို ဝင်ရောက်တိုက်မိထားသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဈေးဆိုင်တိုက်ခန်းလှေကားတွင် အိပ်နေသည့် အသက်(၃၀)ဝန်းကျင် အိမ်ခြေမဲ့အမျိုးသားမှာ နေရာတွင် သေဆုံးသွားပြီး တိုက်ခန်းတံခါးမှာလည်း ပျက်စီးသွားကြောင်း သိရသည်။



ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် လမ်းဘေးတိုက်ခန်းကို ဝင်တိုက်မိပြီး အိမ်ခြေမဲ့တစ်ဦးသေဆုံးသွားသည့် ယာဉ်တိုက်မှုမှ ယာဉ်မောင်းထွက်ပြေးနေ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးစျေးဆိုင် တိုက်ခန်းကို ဝင်တိုက်မိ၍ တိုက်ခန်းလှေကားတွင် အိပ်နေသည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးသို့ ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့ နံနက် (၄)နာရီခွဲဝန်းကျင်က သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာ အာခါစျေးလမ်းဆုံမီးပွိုင့်ဘက်မှ ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် မတ်ခ်တူး အဖြူ၊ခဲရောင်မော်တော်ယာဉ်သည် လမ်းဘေးရှိ စျေးဆိုင်တိုက်ခန်းကို ဝင်ရောက်တိုက်မိထားသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် စျေးဆိုင်တိုက်ခန်းလှေကားတွင် အိပ်နေသည့် အသက်(၃၀)ဝန်းကျင် အိမ်ခြေမဲ့အမျိုးသားမှာ နေရာတွင် သေဆုံးသွားပြီး တိုက်ခန်းတံခါးမှာလည်း ပျက်စီးသွားကြောင်း သိရသည်။

မော်တော်ယာဉ်လိုင်စင်စိစစ်ထားပြီး ထွက်ပြေးနေသည့် ယာဉ်မောင်းကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးနေသည့် ယာဉ်မောင်းကို တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/ ၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net