တာချီလိတ်မြို့ ၀မ်ကောင်းမွန်ကျေးရွာသို့ ရေဂါလန် (၃၂၀၀)သွားရောက် လှူဒါန်းပေး

တာချီလိတ်မြို့ ၀မ်ကောင်းမွန်ကျေးရွာသို့ ရေဂါလန် (၃၂၀၀)သွားရောက် လှူဒါန်းပေး
မေ 27, 2019
By Tachileik News Agency


ရေလိုအပ်သည့်နေရာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မီးသတ်တပ်ဖွဲ့၏ ရေသယ်ယာဉ် အပြင် စည်ပင်သာယာရေးဌာနပိုင် ရေသယ်ယာဉ်တို့ဖြင့် ရေပို့ဆောင်ပေးနေသဖြင့် ရေလိုအပ်သည့် ကျေးရွာ၊ ရပ်ကွက်များအနေဖြင့် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်တွင် နွေရာသီ၌ ရေတွင်းများ ခမ်းခြောက်မှုနှင့် ရေထွက်များတွင် ရေနည်းပါးလာမှုတို့ကြောင့် ကျေးရွာအချို့၌ ရေပြတ်လပ်မှုများကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ရေလိုအပ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီထံ ဆက်သွယ်လာသည့် ကျေးရွာ၊ ရပ်ကွက်များသို့ ရေလှူဒါန်းမှုများ လုပ်ဆောင်နေရာ ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့ နံနက်က ဖန်မင်ကျေးရွာအုပ်စုအတွင်း၊ ဝမ်ကောင်းမွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ မီးသတ်တပ်ဖွဲ့က ဂါလန်ပါင်း (၃၂၀၀)ဖြင့် သွားရောက်လှူဒါန်းသည်။
ရေလိုအပ်သည့်နေရာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မီးသတ်တပ်ဖွဲ့၏ ရေသယ်ယာဉ် အပြင် စည်ပင်သာယာရေးဌာနပိုင် ရေသယ်ယာဉ်တို့ဖြင့် ရေပို့ဆောင်ပေးနေသဖြင့် ရေလိုအပ်သည့် ကျေးရွာ၊ ရပ်ကွက်များအနဖြေင့် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင်း သုံးစွဲရေအခက်အခဲနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ ဌာနပေါင်းစုံပါဝင်သည့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် အလှူရှင်များ ပူးပေါင်းကာ ရေလှူဒါန်းခြင်းကို မေလ(၂၆)ရက်နေ့ကလည်း လုပ်ဆောင်ခဲ့ပြီး ရေဂါလန်ပေါင်း (၇၂၀၀)ပေးဝေခဲ့ပြီးဖြစ်သည်။

တာချီလိတ်မြို့နယ်တွင် နွေရာသီ၌ ရေတွင်းများ ခမ်းခြောက်မှုနှင့် ရေထွက်များတွင် ရေနည်းပါးလာမှုတို့ကြောင့် ကျေးရွာအချို့၌ ရပြေတ်လပ်မှုများကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net