စားရိတ်ငြိမ်းတက်ရောက်ခွင့်ရမည့် ဟိုတယ်ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားလိုသူများ မေလ(၂၄)ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်
စားရိတ်ငြိမ်းတက်ရောက်ခွင့်ရမည့် ဟိုတယ်ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားလိုသူများ မေလ(၂၄)ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်
မေ 21, 2019
By Tachileik News Agency
ညောင်ရွှေမြို့တွင် ဖွင့်လှစ်မည့် ဟိုတယ်ဧည့်ဝန်ဆောင်မှုဆိုင်ရာ (၉)လသင်တန်းသို့ စားရိတ်ငြိမ်းတက်ရောက်ခွင့်ရရှိမည်ဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ သင်တန်းတက်ရောက်လိုသူများ ၂၀၁၉ ခုနှစ် မေလ (၂၄)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
စာတွေ့(၅)လနှင့် အလုပ်သင် (၄)လပါဝင်သည့်သင်တန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားလိုသူများအနေဖြင့် ဖုန်း 09 509 8434 နှင့် 095251656 တို့သို့ မေလ (၂၄)ရက်နေ့ထက် နောက်မကျစေဘဲ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ညောင်ရွှမြေို့တွင် ဖွင့်လှစ်မည့် ဟိုတယ်ဧည့်ဝန်ဆောင်မှုဆိုင်ရာ (၉)လသင်တန်းသို့ စားရိတ်ငြိမ်းတက်ရောက်ခွင့်ရရှိမည်ဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ သင်တန်းတက်ရောက်လိုသူများ ၂၀၁၉ ခုနှစ် မေလ (၂၄)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
“ဒီသင်တန်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း ဒေသတစ်ခုကို သင်တန်းသား (၁၀)ဦးစီတက်ခွင့်ရပါတယ်။ ဟိုတယ်လုပ်ငန်းခွင်ကမဟုတ်ရင်လည်း တက်လို့ရပါတယ်။ မနှစ်ကတော့ ဒီလိုသင်တန်းကို (၃)ယောက်သွားတက်ကြတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက်က သင်တန်းသား (၁၀)ဦး တက်ရောက်ခွင့်ပေးထားပါတယ်”ဟု မြန်မာနို်င်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ရွှတြေိဂံဇုန် ဥက္ကဌ ဦးရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြေခံပညာအဋ္ဌမတန်းနှင့်အထက် အသက်(၁၇)နှစ်မှ (၂၅)နှစ်အတွင်း ကျား၊မမရွေးလျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပါက နေထိုင်စားသောက် စားရိတ်ငြိမ်းစီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
စာတွေ့(၅)လနှင့် အလုပ်သင် (၄)လပါဝင်သည့်သင်တန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားလိုသူများအနဖြေင့် ဖုန်း 09 509 8434 နှင့် 095251656 တို့သို့ မေလ (၂၄)ရက်နေ့ထက် နောက်မကျစေဘဲ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့က ဦးဆောင်ပြီး နော်ဝေနိုင်ငံအခြေစိုက် Partnership for Change (PfC)နှင့် Myanmar Luxembourg Development Cooperation Agency (Luxdev) တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net