တာလေ - မိုင်းဖြတ်သွားလမ်းပေါ် တာလေအပိုင်း ကျွန်းတောအကွေ့တွင် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

တာလေ - မိုင်းဖြတ်သွားလမ်းပေါ် တာလေအပိုင်း ကျွန်းတောအကွေ့တွင် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်
မေ 21, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း၊ ပါခမ်းလုံရွာ တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ ကျွန်းတောအကွေ့တွင် တာချီလိတ်မှ လာသည့် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သိမ်းမှောက်သွားမှု ၂၀၁၉ခုနှစ် မေလ(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်သွားသော်လည်း ယာဉ်ပေါ်ပါသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

“အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ၊ ယာဉ်ပေါ်ပါသူ နှစ်ဦးတော့ ဘာမှမဖြစ်ဘူး၊ ဒီနေရာက အခုလိုမျိုး ခဏခဏဖြစ်တတ်တယ်၊ တာလေ ဘက်ကနေ မိုင်းဖြတ်ဘက် အသွားမှာ အခုလို အဖြစ်များတာ၊ လမ်းကလည်း အကွေ့မို့”ဟု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာတွင် သွားရောက် ကူညီပေးသည့် တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ အဆိုပါ ကျွန်းတောအကွေ့တွင် မိုင်းဖြတ် ဘက်မှ တာလေသို့ လာသည့် ယာဉ်များမှ မစိုးရိမ်ရသော်လည်း တာလေ မှ မိုင်းဖြတ်သို့ သွားသည့် ယာဉ်များအနေဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု မကြာခဏ ဖြစ်တတ်သည့်အတွက် သတိထားမောင်းနှင်ရန် လိုအပ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း၊ ပါခမ်းလုံရွာ တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ ကျွန်းတောအကွေ့တွင် တာချီလိတ်မှ လာသည့် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သိမ်းမှောက်သွားမှု ၂၀၁၉ခုနှစ် မေလ(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်သွားသော်လည်း ယာဉ်ပေါ်ပါသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

“အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ၊ ယာဉ်ပေါ်ပါသူ နှစ်ဦးတော့ ဘာမှမဖြစ်ဘူး၊ ဒီနေရာက အခုလိုမျိုး ခဏခဏဖြစ်တတ်တယ်၊ တာလေ ဘက်ကနေ မိုင်းဖြတ်ဘက် အသွားမှာ အခုလို အဖြစ်များတာ၊ လမ်းကလည်း အကွေ့မို့”ဟု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာတွင် သွားရောက် ကူညီပေးသည့် တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ အဆိုပါ ကျွန်းတောအကွေ့တွင် မိုင်းဖြတ် ဘက်မှ တာလေသို့ လာသည့် ယာဉ်များမှ မစိုးရိမ်ရသော်လည်း တာလေ မှ မိုင်းဖြတ်သို့ သွားသည့် ယာဉ်များအနဖြေင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု မကြာခဏ ဖြစ်တတ်သည့်အတွက် သတိထားမောင်းနှင်ရန် လိုအပ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net