တာချီလိတ်မြို့တွင် စက်မှုဇုန်စီမံကိန်း သိမ်းဆည်းမြေဧကများ မူလပိုင်ရှင်များထံ ပြန်လည်စွန့်လွတ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းကောက်ခြင်း စတင်လုပ်ဆောင်နေ
တာချီလိတ်မြို့တွင် စက်မှုဇုန်စီမံကိန်း သိမ်းဆည်းမြေဧကများ မူလပိုင်ရှင်များထံ ပြန်လည်စွန့်လွတ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းကောက်ခြင်း စတင်လုပ်ဆောင်နေ
မေ 25, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေဧက (၆၀၀) ကျော်အနက် စီမံကိန်းအကောင်အထည် မဖော်ဆောင်နိုင်သည့် (၃၁၇) ဧကကို မူလတောင်သူများထံ ပြန်လည်စွန့်လွတ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများဆောင်ရွက်နေပြီဖြစ်သည်။
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖြင့် မြေပြင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေဧက (၆၀၀) ကျော်အနက် စီမံကိန်းအကောင်အထည် မဖော်ဆောင်နိုင်သည့် (၃၁၇) ဧကကို မူလတောင်သူများထံ ပြန်လည်စွန့်လွတ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများဆောင်ရွက်နပြေီဖြစ်သည်။
"ပွိုင့်ဖတ်နေတယ်။ အခုပြန်စွန့်မယ့် (၃၁၇) ကို အရင်ဆုံးတိုင်းမှာပေါ့။ ပြီးမှ အသေးစိတ်ပြန်တိုင်းမှာ။ လက်ရှိလုပ်နေတဲ့သူတွေက မူလပိုင်ရှင်ဟုတ်၊ မဟုတ် ပြီးမှပြန်စစ်ရမှာပေါ့'ဟု စက်မှုဇုန် (၃၁၇.ဝ၈) ဧကအားပြန်လည်တိုင်းတာရေးအဖွဲ့ခေါင်းဆောင်၊ တာချီလိတ်မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်နိုင်သည့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လွတ်တော်ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် (၈) ဦးဖြင့် စက်မှုဇုန် (၃၁၇.ဝ၈) ဧကအားပြန်လည်တိုင်းတာရေးအဖွဲ့ကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများထဲမှ အကောင်အထည်မဖော်နိုင်ဘဲ ကျန်ရှိနေသည့် လယ်ယာမြေများကို မူလပိုင်ရှင်များထံပြန်လည်လွှဲအပ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်နေ့က တောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖြင့် မြပြေင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းကို လုပ်ဆောင်နခြေင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net