ဖခင္ကို တူမီးျဖင့္ ပစ္သတ္ၿပီး ထြက္ေျပးေနသည့္ သားျဖစ္သူကို တစ္ရက္အၾကာတြင္ ဖမ္းမိ

ဖခင္ကို တူမီးျဖင့္ ပစ္သတ္ၿပီး ထြက္ေျပးေနသည့္ သားျဖစ္သူကို တစ္ရက္အၾကာတြင္ ဖမ္းမိ
မေ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းဆတ္ၿမိဳ႕နယ္၊ မိုင္းခုတ္ၿမိဳ႕၊ နားေပၚေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၂၅)ရက္ေန႔က အသက္ (၆၉)ႏွစ္အရြယ္ ဖခင္အား သားျဖစ္သူက တူမီးေသနတ္ျဖင့္ ပစ္ခတ္ခဲ့မႈျဖစ္ပြားၿပီးေနာက္ အဆိုပါ လူငယ္အား ေမလ (၂၆)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မုိင္းခုတ္ၿမိဳ႕၊ မုိင္းနင္းေက်းရြာအုပ္စု၊ နားေပၚေက်းရြာတြင္ အသက္ (၂၉)ႏွစ္အရြယ္ ဒါရီႏွင့္ အသက္ (၆၉)ႏွစ္အရြယ္ ဖခင္ျဖစ္သူ ဦးရွဲခ်င္မီတို႔ စကားမ်ားရန္ျဖစ္ရာမွ သားျဖစ္သူက တူမီးေသနတ္ျဖင့္ (၁)ခ်က္ပစ္ခတ္လုိက္သျဖင့္ ဖခင္ျဖစ္သူမွာ ဝမ္းဗိုက္တြင္ရရိွသည့္ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈကို မိုင္းခုတ္နယ္ေျမရဲစခန္းတြင္မို  (ပ)၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားၿပီး တိမ္းေရွာင္ေနသည့္ ဒါရီအား ရဲတပ္ဖြဲ႕က ၂၀၁၉ခုႏွစ္ ေမလ(၂၆)ရက္ေန႔ နံနက္(၁၀)နာရီခြြဲ၀န္းက်င္တြင္ နားေပၚေက်းရြာ၌ ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - KSH


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ နားပေါ်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၅)ရက်နေ့က အသက် (၆၉)နှစ်အရွယ် ဖခင်အား သားဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားပြီးနောက် အဆိုပါ လူငယ်အား မေလ (၂၆)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု၊ နားပေါ်ကျေးရွာတွင် အသက် (၂၉)နှစ်အရွယ် ဒါရီနှင့် အသက် (၆၉)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးရှဲချင်မီတို့ စကားများရန်ဖြစ်ရာမှ သားဖြစ်သူက တူမီးသေနတ်ဖြင့် (၁)ချက်ပစ်ခတ်လိုက်သဖြင့် ဖခင်ဖြစ်သူမှာ ဝမ်းဗိုက်တွင်ရရှိသည့်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မိုင်းခုတ်နယ်မြေရဲစခန်းတွင်မို (ပ)၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တိမ်းရှောင်နေသည့် ဒါရီအား ရဲတပ်ဖွဲ့က ၂၀၁၉ခုနှစ် မေလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် နားပေါ်ကျေးရွာ၌ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - KSH

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net