မႏၱေလးအျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ MNA ေလယာဥ္တစ္စီး ေရွ႕ဘီးခ်မရဘဲ ကြင္းဆင္းခဲ့ရၿပီး ထိခုိက္ဒဏ္ရာရသူ မရိွ

မႏၱေလးအျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ MNA ေလယာဥ္တစ္စီး ေရွ႕ဘီးခ်မရဘဲ ကြင္းဆင္းခဲ့ရၿပီး ထိခုိက္ဒဏ္ရာရသူ မရိွ
မေ 12, 2019
By Tachileik News Agency

မႏၱေလးအျပည္ျပည္ဆုိင္ရာေလဆိပ္သို႔ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၂)ရက္ေန႔ နံနက္ (၉)နာရီ (၅)မိနစ္အခ်ိန္တြင္ ရန္ကုန္မွ ပ်ံသန္းလာသည့္ MNA ေလေၾကာင္းလုိင္းမွ ခရီးစဥ္အမွတ္ UB 103 သည္ ကြင္းဆင္းခ်ိန္တြင္ ေရွ႕ဘီးခ်မရဘဲ ဆင္းသက္ခဲ့ရေၾကာင္း သိရသည္။

ရန္ကုန္မွ မႏၱေလးသို႔ပ်ံသန္းလာသည့္ MNA ေလေၾကာင္းခရီးစဥ္အမွတ္ UB-103 တြင္ ေလယာဥ္မႉး ျမတ္မိုးေအာင္ပါ(၇)ဦး၊ ေလယာဥ္လုံၿခဳံေရး လရဖ မွဒုရဲအုပ္ ဧရာဝင္း ပါ(၂)ဦး၊ ခရီးသည္ ျမန္မာ(၇၂)ဦး၊ ႏိုင္ငံျခားသား(၈)ဦး၊ စုစုေပါင္း(၈၀)ဦးအား လိုက္ပါလာျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

အဆိုပါ မေတာ္တဆမႈေၾကာင့္ ေလယာဥ္ခရီးစဥ္အခ်ိဳ႕ အခ်ိန္ေႏွာင့္ေႏွးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Aung Thura ၊ Phyo Wai Kyaw



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၉ ခုနှစ်၊ မေလ (၁၂)ရက်နေ့ နံနက် (၉)နာရီ (၅)မိနစ်အချိန်တွင် ရန်ကုန်မှ ပျံသန်းလာသည့် MNA လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် UB 103 သည် ကွင်းဆင်းချိန်တွင် ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ရန်ကုန်မှ မန္တလေးသို့ပျံသန်းလာသည့် MNA လေကြောင်းခရီးစဉ်အမှတ် UB-103 တွင် လေယာဉ်မှူး မြတ်မိုးအောင်ပါ(၇)ဦး၊ လေယာဉ်လုံခြုံရေး လရဖ မှဒုရဲအုပ် ဧရာဝင်း ပါ(၂)ဦး၊ ခရီးသည် မြန်မာ(၇၂)ဦး၊ နိုင်ငံခြားသား(၈)ဦး၊ စုစုပေါင်း(၈၀)ဦးအား လိုက်ပါလာခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုကြောင့် လေယာဉ်ခရီးစဉ်အချို့ အချိန်နှောင့်နှေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Aung Thura၊ Phyo Wai Kyaw

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net