က်ိဳင္းတံုၿမိဳ႕တြင္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ားအေပၚ အေရးေပၚပစၥည္းမ်ားပါဝင္ေရးႏွင့္ ယာဥ္မေတာ္တဆမႈ ေလ်ာ့က်ေရး အသိပညာေပး

က်ိဳင္းတံုၿမိဳ႕တြင္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ားအေပၚ အေရးေပၚပစၥည္းမ်ားပါဝင္ေရးႏွင့္ ယာဥ္မေတာ္တဆမႈ ေလ်ာ့က်ေရး အသိပညာေပး
မေ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ား၌ အေရးေပၚပစၥည္းမ်ား ပါဝင္ေရးႏွင့္ ယာဥ္မေတာ္တဆမႈမ်ားေလ်ာ့နည္းေစေရး အသိပညာေပးလုပ္ငန္းကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၇)ရက္ေန႔ နံနက္က လုပ္ေဆာင္ေၾကာင္း သိရသည္။

အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ က်ဳိင္းတံုခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ကညန(လက)ႏွင့္ မထသတုိ႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က ယာဥ္/လမ္းအန ၱရာယ္ကင္းရွင္းေရးႏွင့္ ယာဥ္မေတာ္ဆမႈေလ်ာ့နည္းက်ဆင္းေစေရးအတြက္ ေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕က က်ိဳင္းတုံၿမိဳ႕ အေဝးေျပးယာဥ္ရပ္နားစခန္းတြင္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ားတြင္ အေရးေပၚထြက္ေပါက္၊ မီးသတ္ေဆးဗူးႏွင့္ မွန္ခြဲရန္တူ၊ပုဆိန္မ်ား အသံုးျပဳေစေရး၊ သတ္မွတ္လမ္းညႊန္အမွတ္အသားႏွင့္ အခ်က္ျပမ်ားသိရိွလုိက္နာေစေရးအတြက္ အသိပညာေပးျခင္း၊ ပူးေပါင္းစစ္ေဆးျခင္းႏွင့္ လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝေပးျခင္းတုိ႔ကို လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အဝေးပြေးခရီးသည်တင်ယာဉ်များ၌ အရေးပေါ်ပစ္စည်းများ ပါဝင်ရေးနှင့် ယာဉ်မတော်တဆမှုများလျော့နည်းစေရေး အသိပညာပေးလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့ နံနက်က လုပ်ဆောင်ကြောင်း သိရသည်။

အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များနှင့် ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကညန(လက)နှင့် မထသတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်ဆမှုလျော့နည်းကျဆင်းစေရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အဝေးပြေးခရီးသည်တင်ယာဉ်များတွင် အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဆေးဗူးနှင့် မှန်ခွဲရန်တူ၊ပုဆိန်များ အသုံးပြုစေရေး၊ သတ်မှတ်လမ်းညွှန်အမှတ်အသားနှင့် အချက်ပြများသိရှိလိုက်နာစေရေးအတွက် အသိပညာပေးခြင်း၊ ပူးပေါင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net