ကယားျပည္နယ္ ေဒါကလိုးခူေက်းရြာ အနီးလယ္ေတာတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အမည္မသိ အမ်ိဳးသားအေလာင္းေတြ႔ရိွ

ကယားျပည္နယ္ ေဒါကလိုးခူေက်းရြာ အနီးလယ္ေတာတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အမည္မသိ အမ်ိဳးသားအေလာင္းေတြ႔ရိွ
မေ 26, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ေဒါကလိုးခူေက်းရြာအနီး လယ္ေတာထဲ႐ွိ ဝက္သစ္ခ်ပင္ေပၚတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းကို ေမလ (၂၆) ရက္ေန႔ ညေန (၆) နာရီခြဲဝန္းက်င္က ေတြ႔ရသျဖင့္ စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

 ခ်ိကယ္ေက်း႐ြာအုပ္စု၊ ေဒါကလိုးခူေက်း႐ြာ၏ ေတာင္ဘက္ (၂)မိုင္ခန္႔အကြာ လယ္ေတာထဲ႐ွိ ဝက္သစ္ခ်ပင္တြင္ လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း သတင္းအရ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးေနသူတြင္ ေအာက္ခံေဘာင္းဘီတစ္ထည္သာ ဝတ္ဆင္ထားသည္ကိုေတြ႔ရၿပီး ဝဲဘက္လက္ဖ်ံတြင္ အိမ္ေျမႇာင္အတက္အဆင္းပံု အလယ္တြင္ လွိုင္ စာလံုးပါ ေဆးမင္ေၾကာင္ပါရွိၿပီး ယာလက္ဖ်ံတြင္ အိမ္ေျမာင္ အတက္အဆင္းပံု အလယ္တြင္ 1 စာလုံးပါ  ေဆးမွင္ေၾကာင္ေရးထိုးပါရွိ၍ လည္ပင္းတြင္လည္း စတီးဆဲြ ႀကိဳးပါရွိေၾကာင္း သိရသည္။

ေသဆံုးရျခင္းအေၾကာင္းရင္းကို စစ္ေဆးေနဆဲျဖစ္ၿပီး ေသဆုံးသူ၏ အမည္ႏွင့္ ေနရပ္လိပ္စာကိုလည္း စံုစမ္းေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ဒေါကလိုးခူကျေးရွာအနီး လယ်တောထဲရှိ ဝက်သစ်ချပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည့် အမျိုးသားအလောင်းကို မေလ (၂၆) ရက်နေ့ ညနေ (၆) နာရီခွဲဝန်းကျင်က တွေ့ရသဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၏ တောင်ဘက် (၂)မိုင်ခန့်အကွာ လယ်တောထဲရှိ ဝက်သစ်ချပင်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ လွိုင်ကော်မြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးနေသူတွင် အောက်ခံဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားသည်ကိုတွေ့ရပြီး ဝဲဘက်လက်ဖျံတွင် အိမ်မြှောင်အတက်အဆင်းပုံ အလယ်တွင် လှိုင် စာလုံးပါ ဆေးမင်ကြောင်ပါရှိပြီး ယာလက်ဖျံတွင် အိမ်မြောင် အတက်အဆင်းပုံ အလယ်တွင် 1 စာလုံးပါ ဆေးမှင်ကြောင်ရေးထိုးပါရှိ၍ လည်ပင်းတွင်လည်း စတီးဆွဲ ကြိုးပါရှိကြောင်း သိရသည်။

သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net