တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္သတင္းအရေနအိမ္တြင္ စိတ္ၾကြေဆးေရာင္းရန္ ထုပ္ပိုးေနသည့္အိမ္ရွင္အား ဖမ္းမိတာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္သတင္းအရေနအိမ္တြင္ စိတ္ၾကြေဆးေရာင္းရန္ ထုပ္ပိုးေနသည့္အိမ္ရွင္အား ဖမ္းမိ

တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္သတင္းအရေနအိမ္တြင္ စိတ္ၾကြေဆးေရာင္းရန္ ထုပ္ပိုးေနသည့္အိမ္ရွင္အား ဖမ္းမိတာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္သတင္းအရေနအိမ္တြင္ စိတ္ၾကြေဆးေရာင္းရန္ ထုပ္ပိုးေနသည့္အိမ္ရွင္အား ဖမ္းမိ
မေ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းေယာင္းၿမိဳ႕နယ္၊ ဟုိယန္းေက်းရြာတြင္ မူးယစ္သတင္းရေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၂၀)ျပားကို ေရာင္းခ်ရန္ ထုပ္ပိုးေနသည့္အိမ္ရွင္ အမ်ိဳးသမီးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ ခုႏွစ္ ေမလ (၂၃)ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္တြင္ ဝမ္တပ္ေက်းရြာအုပ္စု၊ ဟိုယန္းေက်းရြာရိွ မူးယစ္သတင္းရေနအိမ္ျဖစ္သည့္ နန္းခမ္း၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိျခင္း
 ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ေနအိမ္အား ၀င္ေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ နန္းခမ္းအား ေနအိမ္အေပၚထပ္တြင္ စိတ္ၾကြေဆးျပားမ်ားကို အေအးစုပ္ပိုက္မ်ားႏွင့္ ပလတ္စတစ္အိတ္ငယ္မ်ားအတြင္း ထည့္သြင္းေနသည္ကို ေတြ႔ရၿပီး စိတ္ၾကြေဆးျပား စုစုေပါင္း (၂၂၀)ျပားႏွင့္အတူ စိတ္ၾကြေဆးျပားအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြ ေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူဖမ္းမိသည့္ အသက္(၄၂)ႏွစ္အရြယ္ နန္းခမ္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟိုယန်းကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၂၂၀)ပြားကို ရောင်းချရန် ထုပ်ပိုးနေသည့်အိမ်ရှင် အမျိုးသမီးကို ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် ဝမ်တပ်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာရှိ မူးယစ်သတင်းရနေအိမ်ဖြစ်သည့် နန်းခမ်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာက မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် နေအိမ်အား ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် နန်းခမ်းအား နေအိမ်အပေါ်ထပ်တွင် စိတ်ကြွဆေးပြားများကို အအေးစုပ်ပိုက်များနှင့် ပလတ်စတစ်အိတ်ငယ်များအတွင်း ထည့်သွင်းနေသည်ကို တွေ့ရပြီး စိတ်ကြွဆေးပြား စုစုပေါင်း (၂၂၀)ပြားနှင့်အတူ စိတ်ကြွဆေးပြားအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူဖမ်းမိသည့် အသက်(၄၂)နှစ်အရွယ် နန်းခမ်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ) ၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net