ပင္လယ္လိပ္မ်ား ဥခ်ရာ ေနရာတြင္ ေလယာဥ္ကြင္းေဆာက္လိုက္ေသာ္လည္း ပင္လယ္လိပ္မက ေလယာဥ္ေျပးလမ္းတြင္ ဥလာခ်

ပင္လယ္လိပ္မ်ား ဥခ်ရာ ေနရာတြင္ ေလယာဥ္ကြင္းေဆာက္လိုက္ေသာ္လည္း ပင္လယ္လိပ္မက ေလယာဥ္ေျပးလမ္းတြင္ ဥလာခ်
ဧပြီ 17, 2019
By Tachileik News Agency

ေမာ္လ္ဒိုက္တြင္ အစိမ္းေရာင္ပင္လယ္လိပ္မ်ား ဥခ်ရာေနရာ၌ ေလယာဥ္ကြင္းတည္ေဆာက္လုိက္ရာ ပင္လယ္လိပ္မ တစ္ေကာင္က ေလယာဥ္ေျပးလမ္းတြင္ ဥလာခ်သျဖင့္ ဖမ္းဆီးၿပီး ပင္လယ္တြင္း ျပန္လႊတ္ေပးခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ပင္လယ္လိပ္မ်ိဳးမွာ ကမၻာတြင္ မ်ိဳးတံုးေပ်ာက္ကြယ္မည့္အေျခအေနနွင့္ ရင္ဆုိင္ေနရသည့္ မ်ိဳးစိတ္တြင္ ပါဝင္ၿပီး လြန္ခဲ့သည့္ဆယ္စုႏွစ္အတြင္း အေကာင္ေရထက္ဝက္ခန္႔အထိ ေလ်ာ့နည္းက်ဆင္းလာေၾကာင္း သိရသည္။

အစိမ္းေရာင္ပင္လယ္လိပ္မ်ိဳးစိတ္သည္ ၎တို႔အေကာင္ေပါက္ခဲ့ရာ ေနရာတြင္ျပန္၍ ဥခ်ေလ့ရိွရာ ဥ ဥရန္ ပင္လယ္တြင္းမွ ျပန္တက္လာသည့္လိပ္မ အေကာင္ေပါက္ခဲ့ရာေနရာမွာ ေလယာဥ္ကြင္းျဖစ္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပင္လယ္လိပ္မ်ား ဥခ်ရာေနရာတြင္ တည္ေဆာက္ထားသည့္ အဆိုပါေလယာဥ္ကြင္းမွာ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လက UAE ၏အေထာက္အပံ့ျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပင္လယ္လိပ္မ်ားသည္ အေကာင္ေပါက္၍ ပင္လယ္ထဲဆင္းသြားခ်ိန္မွစ၍ ကမ္းေျခသို႔ ျပန္လာေလ့မရိွေတာ့ဘဲ ဥ ဥခ်ိန္တြင္သာ ကမ္းေျခသို႔ျပန္တက္လာေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မော်လ်ဒိုက်တွင် အစိမ်းရောင်ပင်လယ်လိပ်များ ဥချရာနေရာ၌ လေယာဉ်ကွင်းတည်ဆောက်လိုက်ရာ ပင်လယ်လိပ်မ တစ်ကောင်က လေယာဉ်ပြေးလမ်းတွင် ဥလာချသဖြင့် ဖမ်းဆီးပြီး ပင်လယ်တွင်း ပြန်လွှတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ပင်လယ်လိပ်မျိုးမှာ ကမ္ဘာတွင် မျိုးတုံးပျောက်ကွယ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်တွင် ပါဝင်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အကောင်ရေထက်ဝက်ခန့်အထိ လျော့နည်းကျဆင်းလာကြောင်း သိရသည်။

အစိမ်းရောင်ပင်လယ်လိပ်မျိုးစိတ်သည်၎င်းတို့အကောင်ပေါက်ခဲ့ရာ နေရာတွင်ပြန်၍ ဥချလေ့ရှိရာ ဥ ဥရန် ပင်လယ်တွင်းမှ ပြန်တက်လာသည့်လိပ်မ အကောင်ပေါက်ခဲ့ရာနေရာမှာ လေယာဉ်ကွင်းဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်လိပ်များ ဥချရာနေရာတွင် တည်ဆောက်ထားသည့် အဆိုပါလေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လက UAE၏အထောက်အပံ့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်လိပ်များသည် အကောင်ပေါက်၍ ပင်လယ်ထဲဆင်းသွားချိန်မှစ၍ ကမ်းခြေသို့ ပြန်လာလေ့မရှိတော့ဘဲ ဥ ဥချိန်တွင်သာ ကမ်းခြေသို့ပြန်တက်လာလေ့ရှိကြောင်း သိရသည်။

Tachileik News Agency

Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net