တာခ်ီလိတ္တြင္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို ဌာနအခ်င္းခ်င္း ပူးေပါင္းခ်ိတ္ဆက္ ေဆာင္ရြက္မႈ တိုးျမႇင့္လုပ္ေဆာင္ရန္ညိႇႏိႈင္းေဆြးေႏြး

တာခ်ီလိတ္တြင္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို ဌာနအခ်င္းခ်င္း ပူးေပါင္းခ်ိတ္ဆက္ ေဆာင္ရြက္မႈ တိုးျမႇင့္လုပ္ေဆာင္ရန္ညိႇႏိႈင္းေဆြးေႏြး
ဧပြီ 23, 2019
By 🌸
ျမန္မာႏုိင္ငံ၏ လူကုန္ကူးမႈတားဆီးနွိမ္ႏွင္းႏုိင္သည့္အေျခအေနမွာ ေဒသတြင္းနိမ့္က်ေနဆဲျဖစ္သျဖင့္ ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕မ်ား ပိုမိုပူးေပါင္းေဆာင္ရြက္ႏိုင္ေရးအတြက္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၃) ရက္ေန႔က သက္ဆုိင္ရာဌာနမ်ား ညိႇႏိႈင္းေဆြးေႏြးၾကသည္။

"လူကုန္ကူးမႈ တားဆီးကာကြယ္ေရးေပါ့။ ခရိုင္ရယ္၊ ၿမိဳ႕နယ္ရယ္၊ ရပ္ေက်းရယ္။ ခရိုင္က ဌာနဆိုင္ရာ (၁၇) ဦးနဲ႔ ဖြဲ႕ထားတာေပါ့။ ၿမိဳ႕နယ္က်ေတာ့ (၁၆) ဦးေပါ့။ ရပ္ေက်းက်ေတာ့ (၁၀) ဦးနဲ႔ဖြဲ႕ထားတာေပါ့။ လုပ္ငန္းညိႇႏိႈင္းအစည္းအေဝးေပါ့။ သူတို႔တာ၀န္ ဝတၱရားရယ္၊ အဖြဲ႕ေတြပူးေပါင္းလုပ္ဖို႔ေပါ့။ လုပ္ၾကပါတယ္။ လဝကဆို တရုတ္လူမ်ိဳးေတြပါလာရင္ လဝကအက္နဲ႔အေရးယူေပးတာတို႔၊ မွတ္ပံုတင္မရိွရင္ မွတ္ပံုတင္ လုပ္ေပးတာတို႔ေပါ့။ က်န္းမာေရးကလည္း ကေလးေတြနဲ႔ပတ္သက္ၿပီး က်န္းမာေရးေဆးစစ္ေပးတာတို႔၊ သူတို႔ရဲ႕သက္ေသခံခ်က္ေတြေပါ့။ မွတ္ပံုတင္မရိွေပမဲ့ အသက္ဘယ္ေလာက္ရိွတယ္ဆိုတဲ့့ ေထာက္ခံခ်က္ေပါ့။ ပူးေပါင္းေဆာင္ရြက္ေနေပမဲ့ ဒီလုပ္ငန္းကိုပိုၿပီးစိတ္ဝင္စားလာေအာင္ေပါ့”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသအလုိက္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို တိုးျမႇင့္လုပ္ေဆာင္ရန္ နိုင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားခ်က္အရ လုပ္ငန္းမ်ားပူးေပါင္းေဆာင္ရြက္မႈ ပိုမိုတိုးျမႇင့္ရန္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏိုင္ငံ (၁၉၈) ႏိုင္ငံကို အဆင့္ေတြသတ္မွတ္ထားေတာ့ ဟိုးေအာက္ဆံုးအဆင့္ျဖစ္ေနတာေပါ့။ သူတို႔ျပဌာန္းထားတဲ့ အနိမ့္ဆံုးစံအေနအထားကို မလုပ္ႏိုင္ဘူး။ လူကုန္ကူးမႈတိုက္ဖ်က္ေရးနဲ႔ပတ္သက္ၿပီး ႀကိဳးစားေဆာင္ရြက္မႈမရိွဘူးဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဟိုးေအာက္ဆံုးေရာက္ေနတယ္ဆိုေတာ့ သမၼတရံုးက ညႊန္ၾကားတဲ့ညႊန္ၾကားခ်က္နဲ႔ ပူးေပါင္းၿပီး ပိုလုပ္ဖို႔ေပါ့"ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက ေျပာသည္။

အစည္းအေဝးသို႔ ခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ဒုတိယဥကၠဌ ခရိုင္ရဲတပ္ဖြဲ႕မွဴးဒုတိယရဲမွဴးႀကီးေပၚထြန္းႏွင့္ ခရိုင္၊ ၿမိဳ႕နယ္၊ ရပ္/ေက်း အေျချပဳေစာင့္ၾကည့္ေရးအဖြဲ႕ဝင္မ်ား အမ်ိဳးသား (၃၅) ဦးႏွင့္ အမ်ိဳးသမီး (၁၅) ဦး စုစုေပါင္း (၅၀) ဦးတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန်ညှိနှိုင်းဆွေးနွေး
*************
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးနှိမ်နှင်းနိုင်သည့်အခြေအနေမှာ ဒေသတွင်းနိမ့်ကျနေဆဲဖြစ်သဖြင့် မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့က သက်ဆိုင်ရာဌာနများ ညှိနှိုင်းဆွေးနွေးကြသည်။

"လူကုန်ကူးမှု တားဆီးကာကွယ်ရေးပေါ့။ ခရိုင်ရယ်၊ မြို့နယ်ရယ်၊ ရပ်ကျေးရယ်။ ခရိုင်က ဌာနဆိုင်ရာ (၁၇) ဦးနဲ့ ဖွဲ့ထားတာပေါ့။ မြို့နယ်ကျတော့ (၁၆) ဦးပေါ့။ ရပ်ကျေးကျတော့ (၁၀) ဦးနဲ့ဖွဲ့ထားတာပေါ့။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပေါ့။ သူတို့တာဝန် ဝတ္တရားရယ်၊ အဖွဲ့တွေပူးပေါင်းလုပ်ဖို့ပေါ့။ လုပ်ကြပါတယ်။ လဝကဆို တရုတ်လူမျိုးတွေပါလာရင် လဝကအက်နဲ့အရေးယူပေးတာတို့၊ မှတ်ပုံတင်မရှိရင် မှတ်ပုံတင် လုပ်ပေးတာတို့ပေါ့။ ကျန်းမာရေးကလည်း ကလေးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဆေးစစ်ပေးတာတို့၊ သူတို့ရဲ့သက်သေခံချက်တွေပေါ့။ မှတ်ပုံတင်မရှိပေမဲ့ အသက်ဘယ်လောက်ရှိတယ်ဆိုတဲ့့ ထောက်ခံချက်ပေါ့။ ပူးပေါင်းဆောင်ရွက်နေပေမဲ့ ဒီလုပ်ငန်းကိုပိုပြီးစိတ်ဝင်စားလာအောင်ပေါ့”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသအလိုက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံ (၁၉၈) နိုင်ငံကို အဆင့်တွေသတ်မှတ်ထားတော့ ဟိုးအောက်ဆုံးအဆင့်ဖြစ်နေတာပေါ့။ သူတို့ပြဌာန်းထားတဲ့ အနိမ့်ဆုံးစံအနေအထားကို မလုပ်နိုင်ဘူး။ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကြိုးစားဆောင်ရွက်မှုမရှိဘူးဆိုတဲ့စွပ်စွဲချက်နဲ့ ဟိုးအောက်ဆုံးရောက်နေတယ်ဆိုတော့ သမ္မတရုံးက ညွှန်ကြားတဲ့ညွှန်ကြားချက်နဲ့ ပူးပေါင်းပြီး ပိုလုပ်ဖို့ပေါ့"ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက ပြောသည်။

အစည်းအဝေးသို့ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးပေါ်ထွန်းနှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အခြေပြုစောင့်ကြည့်ရေးအဖွဲ့ဝင်များ အမျိုးသား (၃၅) ဦးနှင့် အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net