တာခ်ီလိတ္တြင္ ႏိုင္ငံပိုင္သိမ္းဆည္းထားသည့္ အေဆာက္အဦးႏွင့္ ေျမယာမ်ားအား ေဒသဖြံ႕ၿဖိဳးေရးအတြက္ သံုးစြဲရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဌာနဆိုင္ရာမ်ားပူးေပါင္းစစ္ေဆး

တာခ်ီလိတ္တြင္ ႏိုင္ငံပိုင္သိမ္းဆည္းထားသည့္ အေဆာက္အဦးႏွင့္ ေျမယာမ်ားအား ေဒသဖြံ႕ၿဖိဳးေရးအတြက္ သံုးစြဲရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဌာနဆိုင္ရာမ်ားပူးေပါင္းစစ္ေဆး
ဧပြီ 24, 2019
By 🌸
ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ႏိုင္ငံပိုင္သိမ္းဆည္းထားသည့္ အေဆာက္အဦးမ်ားႏွင့္ ေျမယာမ်ားကို GTI ေက်ာင္းေဆာက္လုပ္ေရးအပါအဝင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ျပန္လည္သံုးစြဲရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၄) ရက္ေန႔တြင္ သြားေရာက္စစ္ေဆးၾကသည္။

" ဖန္မင္အုပ္စု ပါဝုန္းကေတာ့ GTI ေက်ာင္းဖြင့္ဖို႔ေျမေနရာေတာ့ အဓိကထားေျပာတာေပါ့။ လႊတ္ေတာ္မွာ တင္ျပဖို႔လည္း ေျပာတယ္။ ေဒသဖြံ႕ၿဖိဳးဖို႔နဲ႔ ဝန္ထမ္းေတြအခက္အခဲ ဘယ္လိုေဆာင္ရြက္ေပးရမလဲ လာၾကည့္တဲ့သေဘာပါ"ဟု ကြင္းဆင္းစစ္ေဆးရာတြင္ပါ၀င္သည့္ တာခ်ီလိတ္ၿမိဳ႕ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ GTI ေက်ာင္းတစ္ေက်ာင္းခ်ထားေပးရန္ရိွသျဖင့္ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တြင္ ေက်ာင္းအတြက္ ေျမေနရာရွာေဖြျခင္းကိုလည္းလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံပိုင္သိမ္းဆည္းထားသည့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ ပါဝုန္းေက်းရြာရိွ လယ္ေျမ (၁၉ ဒသမ ၀၃) ဧက၊ မိုင္းကိုးေက်းရြာအုပ္စု၊ မယ္လိတ္ပါေကာ္အေပၚရြာရိွ RC (၁) ထပ္တိုက္ (၁) လံုးႏွင့္ ရာဘာၿခံ (၁၄ ဒသမ ၅၆) ဧကတို႔ကို အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ တာခ်ီလိတ္ၿမိဳ႕နယ္ေၾကးတိုင္ႏွင့္ ေျမစာရင္ဦးစီးမွဴးႏွင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးမႈအပါအဝင္ အျခားအမႈမ်ားျဖင့္ ႏုိင္ငံပိုင္သိမ္းဆည္းထားသည့္ စုစုေပါင္း  အေဆာက္အဦး (၂၃) လံုးႏွင့္ ဥယ်ာဥ္ၿခံႏွင့္ လယ္ေျမဧက (၃၃ ဒသမ ၅၉) ဧကရိွေနၿပီး ျပန္လည္အသံုးျပဳႏုိင္ျခင္း မရိွေသးသျဖင့္ ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၂၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ သယံဇာတႏွင့္ သဘာဝပတ္၀န္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ ဌာနဆိုင္ရာမ်ားမွ တာဝန္ရိွသူမ်ားက ပထမအႀကိမ္ စစ္ေဆးခဲ့စဥ္က စစ္ေဆးရန္က်န္ခဲ့သည့္ေနရာမ်ားအား ယခုထပ္မံစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ႏိုင္ငံပိုင္အျဖစ္ ဆန္ဆိုင္း(က) ရပ္ကြက္တြင္ အေဆာက္အဦး (၁၀) လံုး၊ ဆန္ဆိုင္း(ခ) ရပ္ကြက္တြင္ အေဆာက္အဦး (၂) လံုး၊ ရန္ေအာင္ေျမရပ္ကြက္တြင္ အေဆာက္အဦး (၂) လံုး၊ ၀ိန္းေက်ာက္ရပ္ကြက္တြင္ အေဆာက္အဦး (၄) လံုး၊ ေတာ္ေကာ့ရပ္ကြက္တြင္ အေဆာက္အဦး (၁) လံုး၊ ပါဆတ္ရပ္ကြက္တြင္ အေဆာက္အဦး (၂) လံုး၊ ေဆခမ္းရပ္ကြက္တြင္ အေဆာက္အဦး (၁) လံုး၊ လြယ္ေတာ္ခမ္းအုပ္စု ပါခါးေက်းရြာတြင္ အေဆာက္အဦး (၁) လံုး၊ မိုင္းကိုးေက်းရြာအုပ္စုတြင္ အေဆာက္အဦး (၁) လံုးႏွင့္ ရာဘာၿခံ (၁၄ ဒသမ ၅၆) ဧက၊ ဖန္မင္အုပ္စုတြင္ လယ္ေျမ (၁၉ ဒသမ ၀၃) ဧကတို႔ကို သိမ္းဆည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းထားသည့္ ေျမယာႏွင့္ အေဆာက္အဦးမ်ားအနက္ ၾကက္ေျခနီရံုး (၁) ရံုးႏွင့္ ပညာေရးဝန္ႀကီးဌာနမွ ၀န္ထမ္းအိမ္ယာအျဖစ္ အေဆာက္အဦ (၁)ခုကိုသာအသံုးျပဳထားၿပီး အထူးစံုစမ္းစစ္ေဆးေရးဦးစီးဌာနမွ ထိန္းသိမ္းထားသည့္ အေဆာက္အဦး (၆) လံုး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ အေဆာက္အဦး (၁၅) လံုး၊ ပါခါရြာသူႀကီးမွ အေဆာက္အဦး (၁) လံုးတို႔ကို ထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် နိုင်ငံပိုင်သိမ်းဆည်းထားသည့် အဆောက်အဦးနှင့် မြေယာများအား ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများပူးပေါင်းစစ်ဆေး
**************
မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နိုင်ငံပိုင်သိမ်းဆည်းထားသည့် အဆောက်အဦးများနှင့် မြေယာများကို GTI ကျောင်းဆောက်လုပ်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် သွားရောက်စစ်ဆေးကြသည်။

" ဖန်မင်အုပ်စု ပါဝုန်းကတော့ GTI ကျောင်းဖွင့်ဖို့မြေနေရာတော့ အဓိကထားပြောတာပေါ့။ လွှတ်တော်မှာ တင်ပြဖို့လည်း ပြောတယ်။ ဒေသဖွံ့ဖြိုးဖို့နဲ့ ဝန်ထမ်းတွေအခက်အခဲ ဘယ်လိုဆောင်ရွက်ပေးရမလဲ လာကြည့်တဲ့သဘောပါ"ဟု ကွင်းဆင်းစစ်ဆေးရာတွင်ပါဝင်သည့် တာချီလိတ်မြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် GTI ကျောင်းတစ်ကျောင်းချထားပေးရန်ရှိသဖြင့် ကျိုင်းတုံနှင့် တာချီလိတ်တွင် ကျောင်းအတွက် မြေနေရာရှာဖွေခြင်းကိုလည်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သိမ်းဆည်းထားသည့် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ လယ်မြေ (၁၉ ဒသမ ၀၃) ဧက၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်အပေါ်ရွာရှိ RC (၁) ထပ်တိုက် (၁) လုံးနှင့် ရာဘာခြံ (၁၄ ဒသမ ၅၆) ဧကတို့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ တာချီလိတ်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးမှုအပါအဝင် အခြားအမှုများဖြင့် နိုင်ငံပိုင်သိမ်းဆည်းထားသည့် စုစုပေါင်း  အဆောက်အဦး (၂၃) လုံးနှင့် ဥယျာဉ်ခြံနှင့် လယ်မြေဧက (၃၃ ဒသမ ၅၉) ဧကရှိနေပြီး ပြန်လည်အသုံးပြုနိုင်ခြင်း မရှိသေးသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပထမအကြိမ် စစ်ဆေးခဲ့စဉ်က စစ်ဆေးရန်ကျန်ခဲ့သည့်နေရာများအား ယခုထပ်မံစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံပိုင်အဖြစ် ဆန်ဆိုင်း(က) ရပ်ကွက်တွင် အဆောက်အဦး (၁၀) လုံး၊ ဆန်ဆိုင်း(ခ) ရပ်ကွက်တွင် အဆောက်အဦး (၂) လုံး၊ ရန်အောင်မြေရပ်ကွက်တွင် အဆောက်အဦး (၂) လုံး၊ ဝိန်းကျောက်ရပ်ကွက်တွင် အဆောက်အဦး (၄) လုံး၊ တော်ကော့ရပ်ကွက်တွင် အဆောက်အဦး (၁) လုံး၊ ပါဆတ်ရပ်ကွက်တွင် အဆောက်အဦး (၂) လုံး၊ ဆေခမ်းရပ်ကွက်တွင် အဆောက်အဦး (၁) လုံး၊ လွယ်တော်ခမ်းအုပ်စု ပါခါးကျေးရွာတွင် အဆောက်အဦး (၁) လုံး၊ မိုင်းကိုးကျေးရွာအုပ်စုတွင် အဆောက်အဦး (၁) လုံးနှင့် ရာဘာခြံ (၁၄ ဒသမ ၅၆) ဧက၊ ဖန်မင်အုပ်စုတွင် လယ်မြေ (၁၉ ဒသမ ၀၃) ဧကတို့ကို သိမ်းဆည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းထားသည့် မြေယာနှင့် အဆောက်အဦးများအနက် ကြက်ခြေနီရုံး (၁) ရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ယာအဖြစ် အဆောက်အဦ (၁)ခုကိုသာအသုံးပြုထားပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် အဆောက်အဦး (၆) လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အဆောက်အဦး (၁၅) လုံး၊ ပါခါရွာသူကြီးမှ အဆောက်အဦး (၁) လုံးတို့ကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net