
ဧပွီ 24, 2019
By 🌸


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် မိုးသက်လေပြင်းနှင့် မိုးသီးဒဏ်ကြောင့် ပျက်စီးမှုများကို ညတွင်းချင်း ကြည့်ရှုစစ်ဆေးနေ
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ ညနေ (၅)နာရီခွဲမှစ၍ မိုးသက်လေပြင်းနှင့် မိုးသီးများကျသဖြင့် သစ်ပင်များပြိုလဲခြင်း၊ အဆောက်အဦများ ပြိုလဲပျက်စီးခြင်းတို့ ဖြစ်နေရာ မကာဟိုခမ်းရပ်ကွက် (ယာမြေ)မှ ထိခိုက်ပျက်စီးမှုများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ က ရပ်ကွက်တွင်းအခြေအနေအား ညတွင်းချင်း လိုက်လံကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။

မကာဟိုခမ်းရပ်ကွက်အတွင်း လူနေအိမ်အဆောက်အဦများထိခိုက်မှုအခြေအနေကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမူး ဦးစိုင်းခမ်းဟိန်း၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများပါဝင်သည့်အဖွဲ့က စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -မကာဟိုခမ်းရပ်ကွက်ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net