တာေလၿမိဳ႕ေရွာင္လမ္းအတြက္ လယ္ေျမစြန္႔လႊတ္လိုက္ရသည့္ ေတာင္သူ (၉၄) ဦးအတြက္ ေျမယာေလ်ာ္ေၾကး က်ပ္သိန္း (၅၉၀၀)ေက်ာ္ေပးအပ္

တာေလၿမိဳ႕ေရွာင္လမ္းအတြက္ လယ္ေျမစြန္႔လႊတ္လိုက္ရသည့္ ေတာင္သူ (၉၄) ဦးအတြက္ ေျမယာေလ်ာ္ေၾကး က်ပ္သိန္း (၅၉၀၀)ေက်ာ္ေပးအပ္
ဧပြီ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕တြင္ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရန္အတြက္ လယ္ယာေျမမ်ားစြန္႔လႊတ္ေပးခဲ့သည့္ ေဒသခံေတာင္သူ (၉၄) ဦးကို ေျမယာေလ်ာ္ေၾကးေငြ က်ပ္သိန္း (၅၉၀၀) ေက်ာ္အား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၄) ရက္ေန႔တြင္ ေပးအပ္သည္။

ေျမယာေလ်ာ္ေၾကးေပးအပ္ျခင္းကို တာေလၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
"ကုန္စည္ကူးသန္းေရာင္းဝယ္မႈေတြလုပ္ရင္ ကားႀကီး၊ ကားငယ္ေတြနဲ႔ ျမန္ျမန္ဆန္ဆန္သြားလာႏိုင္ဖို႔အတြက္ လူေတြရႈပ္ေထြးတဲ့၊ ယာဥ္ေတြရႈပ္ေထြးတဲ့ ၿမိဳ႕ထဲကေနသြားလာမယ္ဆိုရင္ ခက္ခဲတာေပါ့။ သြားလာေနတဲ့ ေဒသခံေတြအတြက္လည္း အေႏွာက္အယွက္ျဖစ္မယ္။ သြားေနတဲ့ကုန္ကားေတြအတြက္လည္း ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြျဖစ္မယ္။ ကုန္စည္ကူးသန္းသြားလာႏိုင္တဲ့ လမ္းေၾကာင္းတစ္ခုေရြးတဲ့အခါမွာ ျပည္သူလူထုရဲ႕ စိုက္ပ်ိဳးေျမေတြ အနည္းဆံုးျဖစ္မယ့္ေနရာကို ေရြးခ်ယ္ရပါတယ္။ ေတာင္သူေတြဘက္ကလည္း မနစ္နာဖို႔၊ ႏိုင္ငံေတာ္ဘက္ကလည္း ေပးႏိုင္တဲ့ႏႈန္းထားတစ္ခုျဖစ္ဖို႔၊ ေဒသမွာလည္း ထိုက္သင့္တဲ့ေစ်းႏႈန္းျဖစ္ဖို႔ အဖြဲ႕ေတြက အႀကိမ္ႀကိမ္ကြင္းဆင္း၊ အႀကိမ္ႀကိမ္ညိႇႏိႈင္းၿပီးေတာ့မွ ေလ်ာ္ေၾကးကိစၥေတြ သက္မွတ္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ လုပ္ငန္းစတင္တဲ့အခ်ိန္ကစၿပီး ေလ်ာ္ေၾကးေပးတဲ့အခ်ိန္အထိ အခ်ိန္ကာလ တစ္ခုၾကာခဲ့တာပါ"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာေလၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရန္ ၂၀၁၅ ခုႏွစ္မွစတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး (၈) မိုင္ (၁) ဖာလံုေက်ာ္ကို လမ္းအက်ယ္ ေပ (၁၅၀) သတ္မွတ္ေဖာက္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ေျမယာစြန္႔လႊတ္ခဲ့သည့္ မိုင္းလင္း(အေနာက္) ေက်းရြာမွ ေတာင္သူ (၇၂) ဦးအတြက္ ေလ်ာ္ေၾကးေငြက်ပ္ (၄၅၅ ၆၂၉ ၀၀၀) ႏွင့္ နားေယာင္းေက်းရြာမွ ေတာင္သူ (၂၂) ဦးအတြက္ ေလ်ာ္ေၾကးေငြက်ပ္ (၁၄၀ ၁၆၂ ၀၀၀) စုစုေပါင္း ေတာင္သူ (၉၄) ဦးအတြက္ ေငြက်ပ္ (၅၉၅ ၇၉၁ ၀၀၀) ကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာလေမြို့ရှောင်လမ်းအတွက် လယ်မြေစွန့်လွှတ်လိုက်ရသည့် တောင်သူ (၉၄) ဦးအတွက် မြေယာလျော်ကြေး ကျပ်သိန်း (၅၉၀၀)ကျော်ပေးအပ်
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် လယ်ယာမြေများစွန့်လွှတ်ပေးခဲ့သည့် ဒေသခံတောင်သူ (၉၄) ဦးကို မြေယာလျော်ကြေးငွေ ကျပ်သိန်း (၅၉၀၀) ကျော်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် ပေးအပ်သည်။

မြေယာလျော်ကြေးပေးအပ်ခြင်းကို တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေလုပ်ရင် ကားကြီး၊ ကားငယ်တွေနဲ့ မြန်မြန်ဆန်ဆန်သွားလာနိုင်ဖို့အတွက် လူတွေရှုပ်ထွေးတဲ့၊ ယာဉ်တွေရှုပ်ထွေးတဲ့ မြို့ထဲကနေသွားလာမယ်ဆိုရင် ခက်ခဲတာပေါ့။ သွားလာနေတဲ့ ဒေသခံတွေအတွက်လည်း အနှောက်အယှက်ဖြစ်မယ်။ သွားနေတဲ့ကုန်ကားတွေအတွက်လည်း နှောင့်နှေးကြန့်ကြာမှုတွေဖြစ်မယ်။ ကုန်စည်ကူးသန်းသွားလာနိုင်တဲ့ လမ်းကြောင်းတစ်ခုရွေးတဲ့အခါမှာ ပြည်သူလူထုရဲ့ စိုက်ပျိုးမြေတွေ အနည်းဆုံးဖြစ်မယ့်နေရာကို ရွေးချယ်ရပါတယ်။ တောင်သူတွေဘက်ကလည်း မနစ်နာဖို့၊ နိုင်ငံတော်ဘက်ကလည်း ပေးနိုင်တဲ့နှုန်းထားတစ်ခုဖြစ်ဖို့၊ ဒေသမှာလည်း ထိုက်သင့်တဲ့ဈေးနှုန်းဖြစ်ဖို့ အဖွဲ့တွေက အကြိမ်ကြိမ်ကွင်းဆင်း၊ အကြိမ်ကြိမ်ညှိနှိုင်းပြီးတော့မှ လျော်ကြေးကိစ္စတွေ သက်မှတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းစတင်တဲ့အချိန်ကစပြီး လျော်ကြေးပေးတဲ့အချိန်အထိ အချိန်ကာလ တစ်ခုကြာခဲ့တာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့ရှောင်လမ်းဖောက်လုပ်ရန် ၂၀၁၅ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၈) မိုင် (၁) ဖာလုံကျော်ကို လမ်းအကျယ် ပေ (၁၅၀) သတ်မှတ်ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

မြေယာစွန့်လွှတ်ခဲ့သည့် မိုင်းလင်း(အနောက်) ကျေးရွာမှ တောင်သူ (၇၂) ဦးအတွက် လျော်ကြေးငွေကျပ် (၄၅၅ ၆၂၉ ၀၀၀) နှင့် နားယောင်းကျေးရွာမှ တောင်သူ (၂၂) ဦးအတွက် လျော်ကြေးငွေကျပ် (၁၄၀ ၁၆၂ ၀၀၀) စုစုပေါင်း တောင်သူ (၉၄) ဦးအတွက် ငွေကျပ် (၅၉၅ ၇၉၁ ၀၀၀) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net