လားရိႈးသႀကၤန္တြင္ ရပ္ကြက္မ႑ပ္ (၆)ခုႏွင့္ အက်ဥ္းဦးစီးမ႑ပ္တို႔ တည္ေဆာက္မည္

လားရိႈးသႀကၤန္တြင္ ရပ္ကြက္မ႑ပ္ (၆)ခုႏွင့္ အက်ဥ္းဦးစီးမ႑ပ္တို႔ တည္ေဆာက္မည္
ဧပြီ 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ သႀကၤန္ကာလအတြင္း ရပ္ကြက္စုေပါင္းမ႑ပ္ ( ၆ ) ခု ႏွင့္ အက်ဥ္းဦးစီးဌာနမ႑ပ္ အပါအ၀င္ စုစုေပါင္း သႀကၤန္မ႑ပ္ငယ္ (၇) ခုတည္ေဆာက္မည္ျဖစ္ၿပီး လွ်ပ္စစ္မီးႏွင့္ ေရလိုအပ္ခ်က္ကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။

"သႀကၤန္ကာလမွာ လိုအပ္မယ့္ လံုၿခံဳေရးနဲ႔ အေရးေပၚေဆးကုသမႈေတြအတြက္ပါ အစီအစဥ္ေတြရွိထားပါတယ္။ ရပ္ကြက္ မ႑ပ္ေတြအတြက္ ေရလိုအပ္ခ်က္ေတြ၊ လွ်ပ္စစ္မီးလိုအပ္ခ်က္ေတြကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက ပံ့ပိုးေပးသြားမွာျဖစ္ပါတယ္"ဟု လားရိႈးၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးအာကာလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ အမွတ္ ( ၁၊၂၊ ၃၊ ၆) ရပ္ကြက္မ်ား၏ စုေပါင္းမ႑ပ္ကို အမွတ္ (၂) ရပ္ကြက္တြင္လည္းေကာင္း၊ ရပ္ကြက္ ( ၄၊ ၅) စုေပါင္းမ႑ပ္အား ရပ္ကြက္ (၄)တြင္လည္းေကာင္း၊ ရပ္ကြက္ (၇)ရပ္ကြက္တြင္ ရပ္ကြက္မ႑ပ္၊ ရပ္ကြက္ (၁၀၊ ၁၁) ပူးေပါင္းမ႑ပ္အား ရပ္ကြက္ (၁၁)တြင္လည္းေကာင္း၊ ရပ္ကြက္ (၁၂) မ႑ပ္အား ေလယာဥ္ကြင္းမီးပြိဳင့္အနီး၊ အမွတ္ (၉) ရပ္ကြက္ မ႑ပ္အား ၄င္းရပ္ကြက္ရွိ ဗမာ့ခါးရိုးေက်ာင္းတိုက္အနီးႏွင့္ အက်ဥ္းဦးစီးဌာန (လားရိႈး) မွ မ႑ပ္အား လားရိႈး-သိန္းနီ လမ္းမႀကီးနံေဘးရွိ အက်ဥ္းဦးစီးဌာနေရွ႕တြင္ အသီးသီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆူညံအိတ္ေဇာတပ္ဆိုင္ကယ္မ်ား ထိန္းသိမ္းၾကပ္မတ္ျခင္းကို သႀကၤန္ကာလမတိုင္မီေဆာင္ရြက္မည္ျဖစ္ၿပီး သႀကၤန္ကာလအတြင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္း ၾကပ္မတ္စစ္ေဆးျခင္းကိုလည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရပ်ကွက်စုပေါင်းမဏ္ဍပ် ( ၆ ) ခု နှင့် အကျဉ်းဦးစီးဌာနမဏ္ဍပ် အပါအဝင် စုစုပေါင်း သင်္ကြန်မဏ္ဍပ်ငယ် (၇) ခုတည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်မီးနှင့် ရေလိုအပ်ချက်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလမှာ လိုအပ်မယ့် လုံခြုံရေးနဲ့ အရေးပေါ်ဆေးကုသမှုတွေအတွက်ပါ အစီအစဉ်တွေရှိထားပါတယ်။ ရပ်ကွက် မဏ္ဍပ်တွေအတွက် ရေလိုအပ်ချက်တွေ၊ လျှပ်စစ်မီးလိုအပ်ချက်တွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်"ဟု လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ အမှတ် ( ၁၊၂၊ ၃၊ ၆) ရပ်ကွက်များ၏ စုပေါင်းမဏ္ဍပ်ကို အမှတ် (၂) ရပ်ကွက်တွင်လည်းကောင်း၊ ရပ်ကွက် ( ၄၊ ၅) စုပေါင်းမဏ္ဍပ်အား ရပ်ကွက် (၄)တွင်လည်းကောင်း၊ ရပ်ကွက် (၇)ရပ်ကွက်တွင် ရပ်ကွက်မဏ္ဍပ်၊ ရပ်ကွက် (၁၀၊ ၁၁) ပူးပေါင်းမဏ္ဍပ်အား ရပ်ကွက် (၁၁)တွင်လည်းကောင်း၊ ရပ်ကွက် (၁၂) မဏ္ဍပ်အား လေယာဉ်ကွင်းမီးပွိုင့်အနီး၊ အမှတ် (၉) ရပ်ကွက် မဏ္ဍပ်အား ၄င်းရပ်ကွက်ရှိ ဗမာ့ခါးရိုးကျောင်းတိုက်အနီးနှင့် အကျဉ်းဦးစီးဌာန (လားရှိုး) မှ မဏ္ဍပ်အား လားရှိုး-သိန်းနီ လမ်းမကြီးနံဘေးရှိ အကျဉ်းဦးစီးဌာနရှေ့တွင် အသီးသီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆူညံအိတ်ဇောတပ်ဆိုင်ကယ်များ ထိန်းသိမ်းကြပ်မတ်ခြင်းကို သင်္ကြန်ကာလမတိုင်မီဆောင်ရွက်မည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကြပ်မတ်စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net