ဖားကန္႔ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်၍ နစ္ျမဳပ္သြားသည့္ လူႏွင့္ေမာ္ေတာ္ယာဥ္ အေရအတြက္ တိုးလာေန

ဖားကန္႔ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်၍ နစ္ျမဳပ္သြားသည့္ လူႏွင့္ေမာ္ေတာ္ယာဥ္ အေရအတြက္ တိုးလာေန
ဧပြီ 23, 2019
By 🌸
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္တြင္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်သျဖင့္ ဖံုးသြားသူမ်ားအား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔က ရွာေဖြေနၿပီး ႏြံဖံုးသြားသည့္ လူႏွင့္ စက္ယႏၱရား၊ ေမာ္ေတာ္ယာဥ္စာရင္း ျပဳစုေနရာ အေရအတြက္ တိုးလာေနေၾကာင္း သိရသည္။

“ေနာက္ဆက္တြဲ က်န္ေသးတယ္။ သိရတဲဲ့စာရင္းအရ (၅၀) ေက်ာ္ျပီ။ လူရွာမေတြ႕ေသးဘူး။ စာရင္းက ခန္႔မွန္းပဲ သိရတာ”ဟု အခင္းျဖစ္ပြားရာတြင္ ေရာက္ရိွေနသည့္ ေဒသခံ ေဒၚမိုးမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ဗလခရြာထိပ္ရိွ ႏြံကန္မွာ ဧၿပီလ (၂၂)ရက္ေန႔ ည (၁၁)ခြဲဝန္းက်င္က ၿပိဳက်သျဖင့္ ျမန္မာသူရကုမၸဏီမွ ဝန္ထမ္း (၂၇) ဦးႏွင့္ ေရႊနဂါးကိုးေကာင္ကုမၸဏီမွ ဝန္ထမ္း ခန္႔မွန္း (၁၈)ဦးခန္႔ စုစုေပါင္း (၄၅)ဦးခန္႔ႏွင့္အတူ လုပ္ငန္းသံုးယာဥ္မ်ား နစ္ျမဳပ္သြားေၾကာင္း ကနဦးသတင္းမ်ားအရ သိရေသာ္လည္း လက္ရိွတြင္ အျခားကုမၸဏီမ်ားမွ လူဦးေရမ်ားပါ ေပ်ာက္ဆံုးစာရင္းတြင္ ထပ္တိုးေနေၾကာင္း သိရသည္။

လက္ရိွေကာက္ယူရရိွသည့္စာရင္းမ်ားအရ ပန္းျမတ္ႏိုးယြန္းကုမၸဏီ၊ ေက်ာက္စိမ္းပေဒသာကုမၸဏီ၊ ကံစိမ္းပြင့္ကုမၸဏီႏွင့္ မလိခဂ်မ္းစတုမ္းကုမၸဏီတုိ႔မွ လူ၊ ေမာ္ေတာ္ယာဥ္ႏွင့္ စက္ယႏၱရားမ်ားလည္း ေပ်ာက္ဆံုးစာရင္းတြင္ ထပ္တုိးလာေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု #မိုးမိုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းမှ နွံကန်ပြိုကျ၍ နစ်မြုပ်သွားသည့် လူနှင့်မော်တော်ယာဉ် အရေအတွက် တိုးလာနေ
**********
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းမှ နွံကန်ပြိုကျသဖြင့် ဖုံးသွားသူများအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က ရှာဖွေနေပြီး နွံဖုံးသွားသည့် လူနှင့် စက်ယန္တရား၊ မော်တော်ယာဉ်စာရင်း ပြုစုနေရာ အရေအတွက် တိုးလာနေကြောင်း သိရသည်။

“နောက်ဆက်တွဲ ကျန်သေးတယ်။ သိရတဲဲ့စာရင်းအရ (၅၀) ကျော်ပြီ။ လူရှာမတွေ့သေးဘူး။ စာရင်းက ခန့်မှန်းပဲ သိရတာ”ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသည့် ဒေသခံ ဒေါ်မိုးမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖားကန့်မြို့နယ်၊ ဗလခရွာထိပ်ရှိ နွံကန်မှာ ဧပြီလ (၂၂)ရက်နေ့ ည (၁၁)ခွဲဝန်းကျင်က ပြိုကျသဖြင့် မြန်မာသူရကုမ္ပဏီမှ ဝန်ထမ်း (၂၇) ဦးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဝန်ထမ်း ခန့်မှန်း (၁၈)ဦးခန့် စုစုပေါင်း (၄၅)ဦးခန့်နှင့်အတူ လုပ်ငန်းသုံးယာဉ်များ နစ်မြုပ်သွားကြောင်း ကနဦးသတင်းများအရ သိရသော်လည်း လက်ရှိတွင် အခြားကုမ္ပဏီများမှ လူဦးရေများပါ ပျောက်ဆုံးစာရင်းတွင် ထပ်တိုးနေကြောင်း သိရသည်။

လက်ရှိကောက်ယူရရှိသည့်စာရင်းများအရ ပန်းမြတ်နိုးယွန်းကုမ္ပဏီ၊ ကျောက်စိမ်းပဒေသာကုမ္ပဏီ၊ ကံစိမ်းပွင့်ကုမ္ပဏီနှင့် မလိခဂျမ်းစတုမ်းကုမ္ပဏီတို့မှ လူ၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများလည်း ပျောက်ဆုံးစာရင်းတွင် ထပ်တိုးလာကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ #မိုးမိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net