ဖားကန္႔ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်၍ နစ္ျမဳပ္သြားသည့္ လူႏွင့္ယာဥ္မ်ားကို တူးေဖၚဆြဲထုတ္ေန

ဖားကန္႔ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်၍ နစ္ျမဳပ္သြားသည့္ လူႏွင့္ယာဥ္မ်ားကို တူးေဖၚဆြဲထုတ္ေန
ဧပြီ 23, 2019
By 🌸

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္တြင္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ၿပိဳက်သျဖင့္ ဖံုးသြားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ လူမ်ားအား စက္မ်ားျဖင့္ တူးေဖၚဆြဲထုတ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲမွစ၍ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ေဒသခံတစ္ဦးျဖစ္သည့္ ေဒၚမိုးမိုးထံမွ သိရသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ဗလခရြာထိပ္ရိွ ႏြံကန္မွာ ဧၿပီလ (၂၂)ရက္ေန႔ ည (၁၁)ခြဲဝန္းက်င္က ၿပိဳက်သျဖင့္ ျမန္မာသူရကုမၸဏီမွ ဝန္ထမ္း (၂၇) ဦးႏွင့္ ေရႊနဂါးကိုးေကာင္ကုမၸဏီမွ ဝန္ထမ္း ခန္႔မွန္း (၁၈)ဦးခန္႔ စုစုေပါင္း (၄၅)ဦးခန္႔ႏွင့္အတူ လုပ္ငန္းသံုးယာဥ္မ်ား နစ္ျမဳပ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု #မိုးမိုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းမှ နွံကန်ပြိုကျ၍ နစ်မြုပ်သွားသည့် လူနှင့်ယာဉ်များကို တူးဖေါ်ဆွဲထုတ်နေ
**********
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းမှ နွံကန်ပြိုကျသဖြင့် ဖုံးသွားသည့် မော်တော်ယာဉ်နှင့် လူများအား စက်များဖြင့် တူးဖေါ်ဆွဲထုတ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲမှစ၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဗလခရွာထိပ်ရှိ နွံကန်မှာ ဧပြီလ (၂၂)ရက်နေ့ ည (၁၁)ခွဲဝန်းကျင်က ပြိုကျသဖြင့် မြန်မာသူရကုမ္ပဏီမှ ဝန်ထမ်း (၂၇) ဦးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဝန်ထမ်း ခန့်မှန်း (၁၈)ဦးခန့် စုစုပေါင်း (၄၅)ဦးခန့်နှင့်အတူ လုပ်ငန်းသုံးယာဉ်များ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ #မိုးမိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net