တာခ်ီလိတ္ၿမိဳ႕ စိန္ဂ်ဴးဒ္ဘုရားေက်ာင္းတြင္ သင္တန္းသား ကေလးငယ္ (၂၀၀)ေက်ာ္ကို လူကုန္မႈဆိုင္ရာအသိပညာေပး

တာခ်ီလိတ္ၿမိဳ႕ စိန္ဂ်ဴးဒ္ဘုရားေက်ာင္းတြင္ သင္တန္းသား ကေလးငယ္ (၂၀၀)ေက်ာ္ကို လူကုန္မႈဆိုင္ရာအသိပညာေပး
ဧပြီ 16, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ စိန္ဂ်ဴးဒ္ဘုရားေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၆)ရက္ေန႔ ေန႔လည္ပိုင္းက လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ လူကုန္ကူးမႈဆုိင္ရာအသိပညာေပးေဟာေျပပြဲ က်င္းပျပဳလုပ္ခဲ့သည္။

စိန္ဂ်ဴးဒ္ဘုရားေက်ာင္း သႀကၤန္ကာလအတြင္း သာသနာျပဳကေလးသူငယ္မ်ား၏ ေနြရာသီသင္တန္းတက္ေနသည့္ ကေလးစုစုေပါင္း (၂၆၀)ဦးရိွေနရာ ၎တို႔အား ကေလးသူငယ္အခြင့္အေရးမ်ားႏွင့္ လူကုန္ကူးမႈဆုိင္ရာ အသိပညာေပးျခင္းမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


၂၀၁၉ ခုႏွစ္ မတ္လအတြင္း တုိင္းေဒသႀကီးႏွင့္ ျပည္နယ္(၈)ခုမွ လူကုန္ကူးခံရမႈ (၂၂)မႈကို ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့ရာတြင္ ရွမ္းျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးမ်ားမွ အမ်ားဆံုးျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

Tachileik News Agency
ဓါတ္ပံု - လူကုန္တား
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့  စိန်ဂျူးဒ်ဘုရားကျောင်းတွင် သင်တန်းသား ကလေးငယ် (၂၀၀)ကျော်ကို လူကုန်မှုဆိုင်ရာအသိပညာပေး
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ စိန်ဂျူးဒ်ဘုရားကျောင်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၁၆)ရက်နေ့ နေ့လည်ပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြေပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စိန်ဂျူးဒ်ဘုရားကျောင်း သြင်္ကန်ကာလအတွင်း သာသနာပြုကလေးသူငယ်များ၏ နွေရာသီသင်တန်းတက်နေသည့် ကလေးစုစုပေါင်း (၂၆၀)ဦးရှိနေရာ ၎င်းတို့အား ကလေးသူငယ်အခွင့်အရေးများနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုမှ လူကုန်ကူးခံရမှု (၂၂)မှုကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာတွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးများမှ အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net